ရိုက်ကူးရေးတွေ ပြန်မစခင်မှာ ကိုဗစ်ပိုး ရှိ၊ မရှိ သေချာဆေးစစ်ခဲ့တဲ့ Gal Gadot

[email protected]_gadot

အခုအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်ထဲမှာ နေနေကြရသလို စီးပွားရေးလုပ်ငန်းတွေလည်း အခြေအနေတော်တော်ဆိုးနေခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့  COVID 19 ကပ်ရောဂါဟာ စဖြစ်ခါစအချိန်ထက် တော်တော်လေး အားပျော့သွားခဲ့ပြီဖြစ်တာကြောင့် နိုင်ငံတကာမှာ အရာအားလုံးကို ပုံမှန်ပြန်ပြီး လည်ပတ်နိုင်အောင် ကြိုးစားနေကြသလို COVID 19 ကပ်ရောဂါကြောင့် ပျက်သွားခဲ့တဲ့ ရှုတင်တွေလည်း ပြန်လည် စတင်ရိုက်ကူးနေခဲ့ပြီ ဖြစ်ပါတယ်။

အခုလည်း Holly Wood ရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Gal Gadot ဟာ ရုပ်ရှင်ရိုက်ကွင်း မစတင်ခင်အချိန် သူ့ဆီမှာ COVID 19 ရောဂါရှိမရှိ စမ်းသပ်ခဲ့တဲ့ ပုံရိပ်တစ်ချို့ကို သူမရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပို့တင်ခဲ့ကြောင်း Screen Rant သတင်းဌာနရဲ့ ဖော်ပြခဲ့ပါတယ်။ ” cannot wait for this —- to end ” ဆိုတဲ့ စာသားနဲ့ Gal ရဲ့ တီရှပ်ဟာ ပရိသတ်တွေကြား အထူးရေပန်းစားနေတယ်လို့လည်း သိရပါတယ်။

https://www.facebook.com/GalGadot/posts/10158720930108926

လက်ရှိအချိန်မှာ Gal Gadot စတင်ရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ Red Notice လို့ အမည်ရတဲ့ ဟာသ-အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပြီး Netflix က ရိုက်ကူးနေတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသားတွေကတော့ နာမည်ကြီး မင်းသားကြီးဖြစ်တဲ့ The Rock နဲ့ Dead Pool မင်းသား Ryan Reynolds ပဲ ဖြစ်ပါတယ်။ Red Notice ဇာတ်ကားဟာ အလယ်ပိုင်းလောက်ထိ ရိုက်ကူနေပြီးတဲ့အချိန်မှာ COVID 19 ကပ်ရောဂါကြီး ထဖြစ်လာခဲ့တာကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လမှာ ရှုတင်ဖျက်ခဲ့ရတာ ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေ အကုန်လုံးကို ရပ်ဆိုင်းလိုက်ရတာပဲ ဖြစ်ပါတယ်။

READ
စင်္ကာပူပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆဲလ်ဖီပုံတွေရိုက်နေတဲ့ Chris Hemsworth

 

“ဒီအချိန်က လူတိုင်းဂရုစိုက်ရမယ့် အချိန်တစ်ခုပါပဲ။ ဒါ့ကြောင့် ကျွန်မကိုယ်တိုင်လည်း ရိုက်ကူးရေးမစခင်မှာ အခြားလူတွေ စိတ်ထဲ သန့်သွားအောင် COVID 19 ရောဂါ ရှိမရှိ စစ်ဆေးခဲ့တာပါ။ ရလဒ်အဖြေကတော့ မျှော်လင့်ထားတဲ့အတိုင်း ကမန်မမှာ ရောဂါမရှိပါဘူး။ ကျွန်မနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ The Rock မှာလည်း COVID 19 ရောဂါပိုးရှိခဲ့တဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူ့အနေနဲ့လည်း အမြန်ဆုံးရောဂါကြီး သက်သာသွားဖို့ ကျွန်မအနေနဲ့ ဆုတောင်းပေးပါတယ်။ လူတိုင်းလည်း အားတင်းထားကြပါ။ ဒီကပ်ရောဂါကြီး ပြီးမပြီးဆိုတာ ကျွန်မတို့လူသားတွေ အပေါ်မှာပဲ မူတည်ပါတယ်”လို့ Gal Gadot က ပြောကြားခဲ့ပါတယ်။

 

View this post on Instagram

 

#wearamask

A post shared by Gal Gadot (@gal_gadot) on

Pyi Hein Kyaw

SHARE