ခေါင်းမာလွန်းတဲ့ Elon Musk လို လူမျိုးကတောင် အလျှော့ပေးခဲ့ရတဲ့ ဗီဒီယိုဂိမ်း Developer

[email protected] elonrmuskk [email protected]

လက်ရှိအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးစတ်ယောက်အဖြစ် ပူပူနွေးနွေး သတ်မှတ်ခံထားရတဲ့ Elon Musk ကိုတော့ လူတိုင်းသိရှိကြပြီး ဖြစ်မှာပါ။ Elon Mask ဟာ အာကာသနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Spac X ရဲ့ CEO တစ်ယောက် ဖြစ်တဲ့အပြင် ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ရဲ့ တည်ထောင်သူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကမ္ဘာကျော် သူဌေးကြီးတစ်ယောက်ကနေပြီးတော့ သာမန်လူတစ်ယောက်ကို ဆိုရှယ်မီဒီယာပေါ်မှာ attention တစ်ခုပေးနိုင်ဖို့ဆိုတာ တော်တော်လေးကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် Elon Musk ရဲ့ attention ကိုတော့ ရအောင်ယူနိုင်ခဲ့တဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။ အဲဒီလူကတော့ Lyubomir Vladimirov လို့ အမည်ရတဲ့ ဗီဒီယိုဂိမ်း Developer တစ်ယောက်ပဲ ဖြစ်ပါတယ်။

 

Lyubomir ဟာ Space X နဲ့ Tesla တို့ရဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေ၊ Space X က အာကာသယာဉ်ဒီဇိုင်းတွေနဲ့ Telsa က လျှပ်စစ်ကားဒီဇိုင်းတွေကို သုံးပြီး ဗီဒီယိုဂိမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး Space X နဲ့ Telsa တို့ရဲ့ ဒီဇိုင်းတွေကို အသုံးပြုပြီး အာကသဂိမ်းတစ်ခုကို ဖန်တီးခဲ့တာကြောင့် Lyubomir ဟာ ပြီးခဲ့တဲ့ ၂၂ ပတ်ကတည်းက သူ့ရဲ့ Twitter ပေါ်မှာ Elon Musk ကို သူ့အနေနဲ့ တောင်းဆိုချင်တာ တစ်ခုရှိကြောင်း၊ သူရေးဆွဲထားတဲ့ အာကာသဂိမ်းထဲမှာ Space X နဲ့ Telsa တို့က ဒီဇိုင်းတွေ၊ အမှတ်တံဆိပ်တွေကို မှီငြမ်းထားတာကြောင့် Elon Musk အနေနဲ့ ခွင့်ပြုမပြုကို ပြောပေးစေချင်ကြောင်း၊ Elon Musk ဖက်က တုံ့ပြန်မှု မရသေးသရွေ့ သူ့အနေနဲ့ (၁)နှစ်တိတိ တောင်းဆိုမှာဖြစ်ပြီး နေ့တိုင်းပို့စ်တင်မှာဖြစ်ကြောင်း Lyubomir က ပို့စ်တင်ခဲ့ပါတယ်။

READ
ဈေးညှိုတာအဆင်မပြေလို့ မျက်နှာကို စုတ်ပြတ်သွားအောင် ကိုက်ဖြတ်ခဲ့တဲ့ ထိုင်းအပျော်မယ်

Elon Musk ဟာ လူထူးလူဆန်း ၊ ပေါင်းရသင်းရခက်တဲ့ ပုဂ္ဂိုလ်လို့ နာမည်ကြီးသူဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တစ်ခြားလူတွေရဲ့ ပို့စ်ကို comment ၀င်ရေးတာမျိုး ၊ share တာမျိုး လုပ်တာ မရှိသလောက် ရှားပါတယ်။ Space X နဲ့ Tesla တို့ရဲ့ မူပိုင်ခွင့်၊ ပုံရိပ်အသုံးပြုခွင့်တို့ကို အရမ်းကို အလေးထားသူတစ်ဦးဖြစ်ပြီး သာမာန် လူမသိသူမသိ ဗီဒီယိုဂိမ်း Developer တစ်ဦးကို အခမဲ့ အသုံးပြုခွင့်ပေးဖို့ဆိုတာ မဖြစ်နိုင်လွန်းတဲ့ အရာတစ်ခုပါ။

 

တကယ်လက်တွေ့မှာလည်း Lyubomir ဟာ လွန်ခဲ့တဲ့ ၂၂ ပတ်လောက်ကတည်းက နေ့စဉ်ရက်ဆက် ပို့စ်တင်ပြီး Elon Musk ကို တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၁၅၄ ရက်မြောက်နေ့မှာတော့ Elon Musk ဖက်ကနေ Lyubomir အနေနဲ့ Space X နဲ့ Telsa ရဲ့ အမှတ်တံဆိပ်တွေသာမက နာမည်တွေပါ ထည့်သွင်းနိုင်ကြောင်း၊ သူတို့ဖက်ကနေ လုံးဝတရားမဆွဲမှာ မဟုတ်ကြောင်း ပို့စ်တစ်ခုကို Elon Musk ကိုယ်တိုင် သူ့ရဲ့ Twitter ကနေ ပို့်တင်ခဲ့ပါတယ်။ Lyubomir ဘက်ကလည်း နားလည်မှုရှိစွာနဲ့ ဒီလိုမျိုး ခွင့်ပြုပေးတဲ့အတွက်ကြောင့် ဒီဂိမ်းကရတဲ့ အမြတ် ၈၀ ရာခိုင်နှုန်းကို Space X ဆီသို့ ပေးအပ်သွားမှာဖြစ်ကြောင်း ပြန်လည်ရေးသားခဲ့ပါတယ်။

READ
စင်ကာပူမှာလည်း ပြေးနေပြန်တဲ့ ကင်ဂျုံအန်ရဲ့ မာရသွန်ဘော်ဒီဂတ်များ

 

Pyi Hein Kyaw

SHARE