ဘယ် Game of Thrones ဇာတ်ဆောင်က ၀င်ငွေအများဆုံးလို့ ထင်လဲ….

HBO ရဲ့ အောင်မြင်တဲ့ ရှိုးတစ်ခုဖြစ်တဲ့ Game of Thrones က ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် အခုထိ အဲ့ဒီ့အကြောင်းတွေ ပြောနေဆိုနေကြတုန်းပါပဲ။ နောက်ဆုံး season ကို အားမရ၊ စိတ်တိုင်းမကျတဲ့ ပရိတ်သတ်တွေကလည်း အမြောက်အမြား ကျန်ရစ်နေခဲ့ပြီး ပြန်လည် ရိုက်ကူးဖို့အတွက်တောင်းဆိုမှုတွေပါရှိခဲ့ပါတယ်။

View this post on Instagram

If the Night King won…

A post shared by Peter Dinklage (@peterdinklage) on

အခုထိ ပြောလို့မပြီးတဲ့ထဲမှာ ရှိုးရဲ့ ၀င်ငွေရလဒ်အကြောင်းလည်း ပါဝင်နေပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ Game of Thrones ဇာတ်ဆောင်တွေ အနုပညာကြေး ဘယ်လောက်ရလဲဆိုတာကို ရှာဖွေထားတာလည်း ရှိပါတယ်။ လေ့လာကြည့်ပါဦး…။

Nathalie Emmanuel (Missandei) — $1 million

https://www.instagram.com/p/BxKLHJzpLnb/

Missandei အဖြစ် သရုပ်ဆောင်တဲ့ Nathalie Emmanual ဟာ season 3 မှာမှ စတင်ပါဝင်လာတာဖြစ်ပါတယ်။ ချက်ချင်ဆိုသလိုပဲ ပရိတ်သတ်ရဲ့ မေတ္တာကို ရရှိခဲ့တယ်။ သူမဟာ season ၅ ခု အထိပါဝင်ခဲ့ပြီး season အားလုံးအတွက် အနုပညာကြေး ၁ သန်းလောက် ရရှိခဲ့တယ်။ ဒါဟာ ဇာတ်ရံတစ်ယောက်အတွက်တော့ အလွန်သင့်တင့်တဲ့ အနုပညာကြေးဖြစ်ပါတယ်။

 

Alfie Allen (Theon Greyjoy) — $2 million

https://www.instagram.com/p/BumIs2SHun7/

Theon Greyjoy ဟာ ပထမဆုံး season ကနေစပြီး ပါဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး season 8 မှာတော့ ဇာတ်ကောင်းရဲ့ အနေအထာက တော်တော်လေးပြောင်းလဲသွားတယ်။ ဒီဇာတ်ကောင်ကို တာဝန်ယူတဲ့ မင်းသား Alfie Allen ဟာ နောက်ဆုံး season မှာ တစ်ပိုင်းကို ဒေါ်လာ ၁ သောင်းနီပါးရရှိလာပြီး ရှိုးတစ်ခုလုံးစာအတွက် အမေရိကန်ဒေါ်လာ ၂ သန်း နီးပါလောက် အနုပညာကြေးရရှိခဲ့တယ်လို့ သိရပါတယ်။

 

Conleth Hill (Varys) — $2 million

Varys ဟာလည်း ရှိုးရဲ့ season 1 ကတည်းက ပါဝင်ခဲ့တဲ့ နောက်ထပ် ဇာတ်ကောင်တစ်ယောက်ဖြစ်တယ်။ ဗြိတိန်မင်းသာ Conleth Hill ဟာလည်း season 7-8 အရောက်မှာ တစ်ပိုင်းကို ဒေါ်လာ တစ်သောင်းရရှိခဲ့ပါတယ်။ Conleth Hill လည်း ရှိုးတစ်ခုလုံးအတွက် အနုပညာကြေး အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင် ရရှိခဲ့ပါတယ်။

 

Gwendoline Christie (Brienne of Tarth) — $3 million

https://www.instagram.com/p/BwPwIB2AzN4/

Brienne of Tarth အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Gwendoline Christie ဟာ season 2 မှာမှ စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်မင်းသမီးဖြစ်တဲ့ Gwendoline Christie ဟာ season အားလုံးပေါင်း အမေရိကန်ဒေါ်လာ ၃ သန်း ၀န်းကျင်ရရှိခဲ့ပါတယ်။

Iain Glen (Jorah Mormont) — $3 million

Jorah Mormont အဖြစ်သရုပ်ဆောင်တဲ့ Iain Glen ဟာ အမြဲတမ်း ဇာတ်ရံနေရာက ပါဝင်သရုပ်ဆောင်တတ်တဲ့ စကော့တလန် မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Iain Geln ဟာဆိုလုံး အမေရိကန်ဒေါ်လာ ၃ သန်း ၀န်းကျင်လောက်ရရှိခဲ့ပါတယ်။

 

Isaac Hempstead Wright (Bran Stark) — $4 million

Bran Stark အဖြစ်နဲ့ ရှိုးမှာ စတင်ပါဝင်တုန်းက Isaac Hempstead ဟာ ၁၀ နှစ်သားပဲ ရှိပါသေးတယ်။ အခုဆို သူက အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး Game of Thrones မှာလည်း အနုပညာကြေး အမေရိကန်ဒေါ်လာ ၄ သန်းလောက် ရရှိခဲ့ပါတယ်။ ဒေတာတစ်ချို့ရဲ့ ဖော်ပြမှုအရ မင်းသားဟာ season 7 နဲ့ 8 အရောက်မှာ တစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁၇၅,၀၀၀ ရရှိနေပြီလို့ သိရတယ်။

READ
ရုပ်ရှင်ချစ်သူတွေက သတ်မှတ်ပေးထားတဲ့ အကောင်းဆုံး Animation ရုပ်ရှင်ကားများ

 

Sophie Turner (Sansa Stark) — $6 million

https://www.instagram.com/p/Bx2c5EAHB09/

Sansa Stark ဟာ အဓိက ဇာတ်ကောင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အကြိုက်ဆုံးထဲက တစ်ယောက်ဖြစ်တယ်။ စစချင်းကတည်း Sohpie Turner ဟာ တစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁၇၅,၀၀၀ လောက်ရရှိနေခဲ့ပြီး နောက်ဆုံး season အရောက်မှာတော့ တစ်ပိုင်းကို ဒေါ်လာ ၂၁၀,၀၀၀ ရရှိခဲ့တယ်လို့ သိရတယ်။

 

Maisie Williams (Arya Stark) — $6 million

https://www.instagram.com/p/BwpqI4uANHX/

Masie Williams ဟာဆိုလည်း ရိုက်ကွင်းပေါ်ကို ဆယ်ကျော်သက်ကတည်းက ရောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး season 8 မှာ သူမရဲ့ အနုပညာကြေးက တစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရရှိနေတာကနေ ဒေါ်လာ ၂၁၀,၀၀၀ အထိ တိုးမြှင့်ရရှိခဲ့တယ်။ Masie က သူမအနေနဲ့ Laptop ၀ယ်ဖို့အတွက် ပိုက်ဆံရအောင် သရုပ်ဆောင်လုပ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာလည်း Sophie Turner နည်းတူ အားလုံးပေါင်း ဒေါ်လာ ၆ သန်း ရရှိခဲ့ပါတယ်။

 

Natalie Dormer (Margaery Tyrell) — $6 million

https://www.instagram.com/p/BxeZk9eiQvc/

Margery Tyrell ဇာတ်ရုပ်ကတော့ ဇာတ်ပို့ဖြစ်ပါတယ်။ ပရိတ်သတ်နှစ်ခြိုက်မှုလည်း အပြည့်အ၀ရရှိခဲ့သလို ၀င်ငွေလည်း အမြောက်အမြားရရှိခဲ့တယ်။ သူမဟာ season 2 မှာ စတင်ပါဝင်လာခဲ့ပြီး season 6 မှာ မသေခင်အထိ စိတ်ဝင်စားဖို့ ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့တယ်။ Natalie Dormer ဟာလည်း အနုပညာကြေး အမေရိကန်ဒေါ်လာ ၆ သန်း ၀န်းကျင်ရရှိခဲ့ပါတယ်။

ဒီ GOT show ကို ဖန်တီး စီစဉ်သူတွေက အနုပညာကြေးကို အုပ်စုသုံးခုခွဲပြီး ပေးတယ်လို့ သိရတယ်။ မင်းသား၊ မင်းသမီး အတန်းကို A, B, C ဆိုပြီး ခွဲခြားပြီး ပေးတယ်လို့ Brightside ရဲ့ ဖော်ပြမှုအရ သိရတယ်။

 

Rory McCann (Sandor Clegane) — $6 million

https://www.instagram.com/p/ByNAdszJwBw/

Sandor Clegan ခေါ် The Hound ဟာ season 1 မှာ စတင်ပါဝင်ခဲ့သူပါ။ ဇာတ်ကောင်ဟာ အပြောင်းအလဲများစွာ ဖြတ်ကျော်ခဲ့ရပါတယ်။ အစီအစဉ်တင်ဆက်သူတွေက စကော့တလန် မင်းသား Rory McCann က အုပ်စု B ထဲထည့်သွင်းထားပြီး အနုပညာကြေး အမေရိကန်ဒေါ်လာ ၆ သန်းဝန်းကျင်ပေးခဲ့ပါတယ်။

 

Lena Headey (Cersei Lannister) — $9 million

https://www.instagram.com/p/Bubg4RKhaQZ/

Lena Headey က Game of Thrones ရဲ့ အဓိကဇာတ်ဆောင် ၅ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး သူမကတော့ အုပ်စု A စာရင်းဝင် မင်းသမီးဖြစ်ပါတယ်။ ဇာတ်လမ်းတွေထဲမှာလည်း အဓိက ဗီလိန်ုဖြစ်တဲ့ Cersei Lannister နေရာ သရုပ်ဆောင်ခဲ့တာဖြစ်တယ်။ သူမဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက တစ်ပိုင်းကို ဒေါ်လာ ၁ သိန်းခွဲရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ပိုင်းကို ဒေါ်လာ ၃ သိန်းအထိ တိုးမြှင့်ရရှိခဲ့တယ်။ နောက်ဆုံး season 8 မှာတော့ တစ်ပိုင်းကို ဒေါ်လာ ၁.၂ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

Kit Harington (Jon Snow) — $12 million

https://www.instagram.com/p/ByNEt-nC3KE/

Jon Snow ကတော့ အဓိက ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး သန်းပေါင်းများစွာသော ပရိသတ်တွေရရှိထားသူပါ။ ၂၀၁၃ ခုနှစ်မတိုင်ခင်ကတော့ Kit Harrington ရဲ့ ဇာတ်ကောင်ဟာ သိပ်ပြီး ပေါ်ပြူလာမဖြစ်ဘဲ season 5 လောက်ရောက်မှ အောင်မြင်လာတာဖြစ်တယ်။ အဲ့ဒီ့အချိန်မှာတော့ တစ်ပိုင်းကို ဒေါ်လာ ၃ သိန်းလောက်ရရှိနေပြီဖြစ်တယ်။ Season 7 မှာတော့ တစ်ပိုင်းကို ဒေါ်လာ ၅ သိန်းရှိခဲ့ပြီး နောက်ဆုံး season မှာတော့ တစ်ပိုင်းကို ၁.၂ သန်းရရှိခဲ့ပါတယ်။ အနုပညာကြေး စုစုပေါင်း ၁၂ သန်း အထိ ရရှိခဲ့ပါတယ်။

READ
ဆံပင်စတိုင်သစ်လေးနဲ့ အရမ်းကို လှနေတဲ့ ယွန်းဝတီလွင်မိုး

 

Emilia Clarke (Daenerys Targaryen) — $13 million

Daenerys အဖြစ် သရုပ်ဆောင်တဲ့ Emilia Clake ရဲ့ အနုပညာလမ်းကြောင်းအစက GOT လို့ ပြောရမှာပါ။ သူမဟာလည်း Kit Harrington လိုပဲ season 7 လောက်မှာမှ တစ်ပိုင်းကို ဒေါ်လာ ၅ သိန်း ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး season မှာတော့ တစ်ခြား အဓိက ဇာတ်ဆောင်တွေ နည်းတူ တစ်ပိုင်းကို ဒေါ်လာ ၁ သန်းကျော်ရရှိခဲ့တာဖြစ်တယ်။ အနုပညာကြေး စုစုပေါင်း ၁၃ သန်း ရရှိခဲ့ပါတယ်။ T

 

Peter Dinklage (Tyrion Lannister) — $15 million

Tyrion Lannister အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Peter Dinklage ဟာ GOT မစခင်ကတည်းက နာမည်ရပြီးသား မင်းသားတစ်ယောက်ဖြစ်ပါတယ်။ တခြား အုပ်စု A စာရင်းဝင် မင်းသားတွေ ရတဲ့အတိုင်း အနုပညာကြေးကို ရရှခဲ့ပြီး နောက်ဆုံးပိုင်းမှာ တစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁.၂ သန်းရရှိခဲ့တယ်။ စုစုပေါင်း ၁၅ သန်း ရရှိခဲ့တယ်။

 

Nikolaj Coster-Waldau (Jaime Lannister) — $16 million

Jaime Lannister ဟာ season 1 အစကတည်းက ပရိသတ် အားပေးမှုကို ရရှိခဲ့တဲ့ အဓိက ဇာတ်ကောင်ဖြစ်တယ်။ ဒိန်းမတ်မင်းသား Nikolaj Coster-Waldau က တစ်လျှောက်လုံးပါဝင်ခဲ့ပြီး နောက်ဆုံးပိုင်းမှာတော့ တစ်ပိုင်းကို အမေရိကန်ဒေါ်လာ ၁.၂ သန်းရရှိခဲ့ပါတယ်။ အနုပညာကြေး စုစုပေါင်း ၁၆ သန်း ရရှိခဲ့ပြီး GOT ရဲ့ အချမ်းသားဆုံး မင်းသားတစ်ယောက်လို့တောင် ပြောနိုင်ပါတယ်။

Matthew (ShweMOM)

 

SHARE