GOT ရိုက်နေတုန်း (၂)ကြိမ်တိုင်တိုင် သေမလို ဖြစ်ခဲ့ဖူးတဲ့ Emilia Clarke

Emilia Clarke ကတော့ Game of Thrones  စီးရီးတွေထဲ က မင်းသမီး ချောလေးပါ။။ အဲ့ဒီ ဇာတ်ကား ထဲမှာ Daenerys Targaryen ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။Emilia Clarke ကတော့ Game of Thrones စီးရီးရိုက် နေတုန်း မှာ  အသက်သေဆုံးလုနီးပါး အခြေအနေနဲ့ (၂)ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရ တယ်လို့ ဆိုပါတယ်။။Game Of Thrones ရိုက်ကူး နေတုန်း မှာ ဦးနှောက်သွေးကြောဖောင်း ရောဂါကြောင့် သေဆုံး လုနီးပါးအထိ ဖြစ်ခဲ့တာပါ။ အသက် (၃၂)နှစ်ရှိနေပြီဖြစ်တဲ့ Emilia Clarke ကတော့ ဒီအကြောင်းကို The New Yorker  နဲ့ အင်တာဗျူး မှာ ပြော ခဲ့တာပါ။

pinterest
pinterest

 ဦးနှောက်သွေးကြော ဖောင်းရာကနေ သွေးကြောပေါက်ပြီး ဦးနှောက်သွေးကြောပြတ် တာ၊သွေးယိုစိမ့်တာတွေ အထိ ဖြစ်နိုင်ကာ တစ်ခါတည်း အသက်ပျောက် သွားနိုင် တဲ့ အထိ အရမ်းကို အန္တရာယ် များပါတယ်။ သူမဟာပထမဆုံး ဦးနှောက်သွေးကြောဖောင်းတဲ့ အခြေအနေကိုတော့ (၂၀၁၁) မှာ ကြုံတွေ့ခံစားခဲ့ရ တာပါ။” ကျမငယ်ငယ်တည်းက မက်ခဲ့ရတဲ့ အိမ်မက်တွေ တကယ်ဖြစ်လာတဲ့ အချိန်မှာပဲ ကျမရဲ့ အသက် သေဆုံး လုနီးပါးဖြစ်ခဲ့ရတယ်။ကျမဒီအကြောင်းကို ပရိသတ်တွေကို ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ဒါပေမယ့် အခုကတော့ ပြောဖို့ အချိန်တန်ပြီ..” လို့ ပြောခဲ့ပါတ ယ်။ပထမဆုံး Season ရိုက်ကူးရေးပြီးရုံပဲ ရှိသေးတဲ့ အချိန်မှာပဲ သူမရဲ့ Trainer နဲ့ အတူ လေ့ကျင့်ခန်းလုပ်နေတုန်း ဦးနှောက်သွေးကြောဖောင်းတဲ့ ပြဿနာကို စတင် ခံစား ခဲ့ရတာပါ။သူမရဲ့ အသက်အတွက် စိုးရိမ်ကြောက်လန့်စိတ်တွေ ဖြစ်ခဲ့ကြောင်း၊ဒါက အဆုံးသတ်မဟုတ်ဖြစ်မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အကြိမ်များစွာ ပြန်ပြောရင်း အားမွေးတောင့်ခံခဲ့ရပါတယ်။

READ
ဆောင်ဂျွန်ကီနဲ့ပတ်ဘိုဂန်တို့လို အောင်မြင်လာမယ့် အသက်(၂၀)အရွယ်ကောင်လေး
pinterest
pinterest

သူမကိုယ်သူမ စိတ်အား တင်းထားရင်း နဲ့ပဲ Game of Thrones ဇာတ်ကားထဲမှာ ပြောရမယ့် ဇာတ်ဝင်ခန်းစာသားေ တွကို ကျက်ခဲ့ရတယ်လို့ ဆိုပါတယ်။အဲ့ ဒီ တုန်းက Emilia အသက်ဟာ (၂၄)ပဲရှိပါသေးတယ်။MRI သွားရိုက်ရင်းနဲ့ ဦးနှောက်ထဲသွေးယိုစီး မှုကြောင့် ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ လေသင်တုန်းဖြတ်(subarachnoid haemorrhage )ကိုလည်း တွေ့ရှိခဲ့ပါတယ်။ဒီလိုရောဂါ ဟာ ဆိုရင် အသက်ပါ တစ်ခါတည်းသေဆုံးသွားနိုင်တဲ့ အထိ အန္တရယ်များပါတယ်။Emilia က” ကျမအတွက်တော့ အဆိုးရွားဆုံး အချိန်တွေပါပဲ။ဒီလိုတွေ မဖြစ်အောင် တစ်ခုခု လုပ်ပစ်လိုက်ချင်တဲ့ စိတ်တွေ ဖြစ်ခဲ့တယ်။ဆရာဝန် တွေ ကိုလည်း ကျမ ကို သေခွင့်သာပေးလိုက်ပါတော့လို့တောင် တောင်းဆိုမိတဲ့အထိပဲ။ ကျမဘ၀ မှာ မက်ခဲ့ရတဲ့ အိမ်မက်တွေ၊ကျမရဲ့ အ လုပ်..ဒါတွေက communication အပေါ်မှာ မူတည်နေတာလေ. .ဒါေ တွ မရှိရင် ကျမတော့ သွားပြီလေ..” ဆေးရုံကနေ တစ်ခုကို အဆင်ပြေအောင် ကုနေတဲ့ အချိန်မှာပဲ ဦးခေါင်းရဲ့ တခြား တစ်ဖက်မှာ ပိုသေးတဲ့ နောက်ထပ် သွေးကြောဖောင်းတာတစ်ခုကို တွေ့ခဲ့ပါတယ်။ရိုက်ကူးရေးတွေ ပြန်မစခင် မှာပဲ Game Of Thrones ပထမဆုံး Season ရဲ့ press tour အတွက် အားတင်းကြံ့ကြံ့ခံခဲ့ရပါတယ် ။အချိန်မရွေးသေသွားနိုင်တယ် ဆိုတဲ့ ခံစား ချက်မျိုးကို မှတ်မိနေသေးကြောင်း၊အင်တာဗျူးတွေကို ဖြေနိုင်ဖို့ အတွက် မော်ဖင်း (နာကျင်မှုသက်သာရန် အသုံးပြုတဲ့ ဘိန်းမှထုတ်တဲ့ ဆေး)ကို သုံးခဲ့ရတယ်လို့ သူမခံစားခဲ့ရတဲ့ အကြောင်းတွေကို ရင်ဖွင်ခဲ့ပါတယ်။

READ
သာသနာ့ ဘောင်ကို အတူတူဝင်သွားတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့စုံတွဲ
pinterest
pinterest

Season Two ရိုက်ကူးရေးတွေကို အားတင်းပြီး လုပ်ခဲ့ရကြောင်း၊Season three ကိုလည်း အဲ့ဒီလို အားတင်းရင်းနဲ့ပဲ  ရိုက်ကူးခဲ့ရတယ်လို့ ဆိုပါတယ်။နယူးယော့့ခ်မှာ ဦးနှောက်ကို ဓါတ်မှန်ရိုက်ခဲ့တုန်းကဆိုရင် ဦးနှောက်သွေးကြောဖောင်းတာက အရွယ် အစား နှစ်ဆ ဖြစ်လာလို့ ဆရာဝန်တွေက ခွဲချင်ခဲ့ပါတယ်။ရိုးရှင်းတဲ့ အသေးစားခွဲ စိတ် မှုလေး ပါလို့ ဆရာဝန် တွေက ပြောပေမယ့်လည်း နိုးလာတော့ မချိမဆန့်ဝေဒနာခံ စားခဲ့ရပါတယ်။ခွဲစိတ်မှု မအောင်မြင်ခဲ့တဲ့ အတွက် နောက် တစ်ကြိမ်ထပ်ပြီး ခွဲစိတ်ခဲ့ပါတယ်။ဆေးရုံမှာ လနဲ့ချီနေခဲ့ရကြောင်းနဲ့ တခါတလေကျရင် မျှော်လင့်ချက်တွေပျောက်ဆုံး၊ စိုးရိမ်ကြောင့်ကြစိတ်တွေ ၀င်ခဲ့တယ်လို့ သိရပါတယ်။ ဆေးကုသမှုတွေ ခံယူပြီးနောက် မှာတော့ Emilia ဟာ Comic-Con  ပွဲကို တက်ရောက်ခဲ့ပါတယ်။အဲ့ဒီမှာလည်း ပြင်းထန်တဲ့ ခေါင်းကိုက် ဝေဒနာကို ထပ်ပြီး ခံစား ခဲ့ရပါတယ်။လက်ရှိ သူမရဲ့ ကျန်းမာရေးအခြေအနေဟာ ပြန်ကောင်းလာချိန်မှာတော့ သူမခံစားရတဲ့ အတွေ့အကြုံတွေကို ထုတ်ပြောဖြစ် ခဲ့တာပါ။တစ်ဖက်မှာလည်း SameYou ဆိုတဲ့ ဦးနှောက်ဆိုင်ရာရောဂါနဲ့ လေသင်တုန်းဖြတ်ရောဂါ ခံစားနေရသူတွေအ တွက် ကူညီပေးတဲ့ အသင်းအဖွဲ့ကို ထူထောင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်လို့  Emilia Clarke ကပြောခဲ့ပါတယ်။Game of Thrones  ရဲ့ Season 8 နောက်ဆုံးစီးရီးကတော့ ဧပြီ (၂၄) မှာ ထွက်ရှိလာတော့မှာပါ။

pinterest
pinterest

Source Dailymail

SHARE