မကွယ်လွန်ခင် နာရီပိုင်းအလိုမှာ Ex ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ နာမည်ကြီး Game Streamer

Twitter- @Byron

Bryon Bernstein ဆိုတာ gamer လောကမှာ တော်တော်လေးနာမည်ကြီးနေတဲ့ online streamer တစ်ယောက်ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်မှာပဲ သေဆုံးသွားခဲ့ပါပြီ။ ဇူလိုင်လ ၂ ရက်နေ့တုန်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါပြီ။

သေဆုံးသွားခဲ့တဲ့ပုံကတော့ Bryon ရဲ့ အခန်းဖော်ဖြစ်သူ သူငယ်ချင်းက Twitter မှာ ပြောခဲ့တာပါ။

Twitter- @Byron
Twitter- @Byron

Bryon ဟာ လူသိများကျော်ကြားထဲ့ Twitch streamer တစ်ဦးဖြစ်ပြီး streaming လုပ်နေတုန်းမှာပဲ သူ့ရဲ့စိတ်အခြေအနေတွေနဲ့ပတ်သက်ပြီး အမြဲတမ်းရင်ဖွင့် ပြောပြနေသူတစ်ဦးပါ။ စိတ်ဓာတ်ကျတဲ့ရောဂါ၊ စိတ်အတက်အကျဖြစ်စေတဲ့ bipolar ရောဂါတွေကို ပြင်းပြင်းထန်ထန်ခံစားနေရတာဖြစ်ပါတယ်။

သူမသေဆုံးခင် နာရီပိုင်းတုန်းက Twitter မှာ Bryon ဟာ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လက်ထပ်ခွင့်တောင်းတဲ့ ပိုစ့်လေးကိုတင်ခဲ့ပါသေးတယ်။

Bryon ဟာ စိတ်ဓာတ်ကျနေတဲ့ကြားထဲကမှ ရည်းစားဟောင်း Becca နဲ့လည်း လမ်းခွဲခဲ့တာပါ။ ဒီပိုစ့်တင်ပြီး နာရီပိုင်းမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ ချစ်သူဟောင်း Becca ကတော့ တော်တော်လေးကို ကြွေဲနေရပါတယ်တဲ့။

Penny

SHARE