လက်ဝှေ့ပွဲကို အကပွဲလုပ်ပစ်လိုက်တဲ့ ပျော်တတ်တဲ့ ဂိမ်မာတွေ

ပျော်စရာဆိုတာဟာ ကိုယ့်ဟာကိုယ် ဖန်တီးယူရတဲ့ အရာဆိုလည်းမမှားပါဘူး။ တစ်ခါတလေမှာတော့ ကိုယ့်ပျော်ရွှင်မယ့် အရာတွေကိုလုပ်နေရင်း ကြာလာတော့လည်း ငြီးငွေ့လာတတ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့လုံး မရိုးနိုင် မအီနိုင်အောင် ဂိမ်းဆော့တဲ့ ဂိမ်မားနှစ်ယောက် ရှာတွေ့ခဲ့ပါတယ်။

သူတို့ ကစားနေတာကို ကြည့်နေလို့လည်း ဒေါသမထွက် တတ်ကြသလို တခြားဟာကို အာရုံထားဖို့ဆို အဝေးကြီးပဲလို့ ပြောရမှာပါ။ သူတို့ပုံကြည့်ရတာလည်း ပုံမှန်အနေအထား မဟုတ်ဘဲ တစ်ခုခု သုံးစွဲထားတဲ့ ပုံစံမျိုးပါ။ အခုလည်း သူတို့နှစ်ယောက်ရဲ့ ဆော့နေကြ ဂိမ်းကို တစ်မျိုးပြောင်ပြီး အခွီ အဖောက်ဖြစ်အောင် လုပ်ခဲ့ကြတယ်။

သူတို့နှစ်ယောက်က နောက်ဆုံးထွက်တဲ့ လက်ဝှေ့ဂိမ်း Fight Night ကို ဆော့ဖို့ ပြင်နေကြတာကို အစမှာတွေ့ရမှာပါ။ မြင်ရတဲ့ အတိုင်းပဲ လက်ဝှေ့သမားနှစ်ယောက် ယှဉ်ပြိုင်ထိုးသတ်ဖို့လည်း အသင့်ဖြစ်နေပြီး။ အဲ့ဒီအချိန်က နောက်သူငယ်ချင်း တစ်ယောက်က Yolanda Be Cool နဲ့ DCUPS ရဲ့ “We No Speak Americano” ကို ဖွင့်လိုက်တဲ့အခါလည်း ကျရော လက်ဝှေ့သမားနှစ်ယောက်က စတင် အသေအကြေ ကကြပြီး ဟဲဗီးဝတ်ပွဲကနေ အကပွဲအဖြစ်ပြောင်းသွားခဲ့တာကို ရယ်ရွှင်ဖွယ်တွေ့ရမှာပါ။

READ
အိမ်ထောင်သည် အမျိုးသားတွေ မီးဖိုချောင်ဝင်မိသောအခါ ...

 

ကကွက်တွေကလည်း သီချင်း စည်းချက်နဲ့ ကွက်တိပဲ။ ဘယ်သူမှ ဒီလို ဂိမ်းမျိုးကို အခုလို ဟာသဆန်ဆန် လုပ်လို့ရမယ်လို့ မတွေ့မိခဲ့ကြပါဘူး။ ဒါကို ဗီဒီယိုရိုက်ယူပြီး တွစ်တာပေါ်တင်လိုက်တဲ့ အခါမှာလည်း ကြည့်ရှုသူ ရှစ်သန်ကျော်လောက် ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်က တခြားသော ဂိမ်မာတွေကလည်း သဘောတွေကျပြီး အကြိမ်ကြိမ် ပြန်ရှဲခဲ့ကြတယ်။ သူတို့ ဘယ်လိုတောင် လုပ်လိုက်လဲဆိုတာသိရဖို့ ဗီဒီယိုလေးကိုကြည့်လိုက်ပါဦး။

Source: Storypick

READ
အကိုက်အခဲပျောက်ဆေးတွေကြောင့် လိင်တူချစ်သူဖြစ်လာကြောင်းဆိုလာတဲ့အမျိုးသား
Matthew (ShweMOM)
SHARE