ရည်းစားကောင်မလေးက မိန်းမအစစ်မဟုတ်မှန်းသိသွားလို့ ရက်ရက်စက်စက်သတ်ခဲ့သူ

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်း မစ္စပီပီ ပြည်နယ်ရှိ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဂတ်ပို့တ် (Gulfport) မြို့တွင် လူဆိုးဂိုဏ်းဝင်လူမိုက်တစ်ဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ဂျိုရှု ဗောလန် (Joshua Vallum) ဟာသူရဲ့ ရည်းစားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မာစီးဒီး ၀ီလီယမ်ဆင်  (Mercedes Williamson) ကို ကျင်စက်နဲ့တို့ခဲ့ပြီး ဓားနဲ ထိုးခဲ့တဲ့အပြင် နောက်ဆုံးမှာတူနဲ့ထုခဲ့ပြီး အသေသတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး ယခုအချိန်မှာ စီရင်ချက်ချမှတ်ခဲ့ပါတယ်။

ရည်းစားဖြစ်သူကို သတ်ခဲ့ရခြင်းအကြောင်းရင်းကတော့ ဗောလန်ရဲ့ ရည်းစားဖြစ်သူဟာ မိန်းကလေးအစစ်မဟုတ်ဘဲ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေလို့ သတ်ပစ်ခဲ့တာဖြစ်တယ် လို့ ဗောလန်က မစ္စပီပီရှိ တရားရုံမှာ အပြစ်ဝန်ခံခဲ့ပါတယ်။ဗောလန်ဟာ အမေရိကမှာ အကြီးဆုံး စပိန်စကားပြောလူဆိုးဂိုဏ်းဖြစ်တဲ့ Latin Kings street ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပြီး ၀ီလီယမ်ဆင် နဲ့ ၂၀၁၄ ခုနှစ်ကတည်းက တွေ့ပြီးချစ်ကြိုက်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။

READ
ကြောက်စရာကိတ်မုန့်များဖန်တီးသူ အမျိုးသမီး

ဝီလီယမ်ဆင်ဟာ မိန်းကလေး အစစ်တစ်ယောက်မဟုတ်ပဲ လိင်ပြောင်းယောင်္ကျားလေးတစ်ယောက်မှန်း ဗောလန်သိသွားခဲ့တဲ့ အခါမှာ တခြားဂိုဏ်းဝင်တွေက ဒဏ်ခတ်မှာဆိုးတဲ့ အတွက် ၀ီလီယမ်ဆင်ကို သတ်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဆုံးဖြတ်ပြီးနောက် ဗောလန်ဟာ ၀ီလီယမ်ဆင် ကို မစ္စပီပီမှာရှိတဲ့ သူရဲ့ အိမ်ကို ခေါ်ပြီး ပထမ ကျင်စက်နဲ့တို့ကာ၊ဓားနဲ့ထိုးခဲ့ပြီး နောက်ဆုံးမှာတော့ ၀ီလီယမ်ဆင်ရဲ့ ခေါင်းကို တူ နဲ့ ထုနှက်ကာ သတ်ပစ်ခဲ့တယ် လို့သိရပါတယ်။

အမျိုးသားဆိုင်ရာလိင်ပြောင်းတူများအခွင့်အရေး စင်တာ (National Centre for Transgender Equality (NCTE))မှ ပြောရေးဆိုခွင့်ရှိသူ ဂျင်းတိုဘင် (Jean Tobin)ကတော့ ” လိင်ပြောင်းသူများကို နိုပ်စက်တဲ့ ဖြစ်ရပ်များဟာ တစ်နိုင်ငံ လုံး အလျင်အမြန်ပေါက်ဖွားလာနေပါတယ်။လိင်ပြောင်းသူများကို ဦးတည်တိုက်ခိုက်တဲ့ အမှုခင်းများ ဖြစ်ပွားခြင်းကို အမျိုးသား လုံခြုံရေးပြဿနာ လောက်နီးနီးအရေးတကြီးကိုင်တွယ်သင့်ပါတယ်။” လို့ပြောဆိုခဲ့ပါတယ်။

READ
ဓာတ်မတည့်တဲ့ ပင်လယ်စာ စားမိပြီး သေဆုံးသွားတဲ့ အမျိုးသမီး

ဒီပြစ်မှုဟာ အမေရိကန် ဗဟိုအစိုးရဥပဒေသက်တမ်းတစ်လျှောက်မှာ လိင်ပိုင်းဆိုင်ရာကြောင့် ပြစ်မှုကျုးလွန်ခဲ့တဲ့ ပထမဆုံးပြစ်မှုတစ်ခုဖြစ်ပြီး ဂျိုရှု ဗောလန်ကို ထောင်ဒဏ် ၄၉ နှစ် ချမှတ်ခဲ့တယ် လို့သိရပါတယ်။၂၀၁၅ ခုနှစ်လေ့လာချက်အရ အမေရိကန်နိုင်ငံမှာ လိင်ပြောင်းသူ ၁၀ အနက် ၁ ယောက် ဟာ လိင်ပြောင်းထားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ခြင်းခံခဲ့ရတယ် လို့သိရပါတယ်။

Slash (Shwemom)

Ref : The Sun

SHARE