ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ဟု သုတေသီများ ပြောကြား

အင်္ဂလန်နိုင်ငံ နောတင်ဟန် တက္ကသိုလ်က ဆေးပညာ သုတေသီတွေဟာ ကြက်သွန်ဖြူရဲ့ ဆေးဝါးအာနိသင် အကျိုးသက်ရောက်မှုတွေ အချိန်(၃)နှစ်လောက်ကြာအောင် သုတေသနလုပ်ပြီး လေ့လာခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှု အရတော့ လက်ရှိအချိန်ထိ ကြိုတင်ကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့ ကင်ဆာရောဂါကို ကြက်သွန်ဖြူစားသုံးဖြင့် ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။

ကြက်သွန်ဖြူဟာ ကင်ဆာ ရောဂါဖြစ်ပွားနိုင်ချေကို (၈၀)ရာခိုင်နှုန်းခန့် လျှော့ပေးနိုင်သလို နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေအပြင် အ၀လွန် ရောဂါကိုလည်း ကာကွယ်နိုင်စမ်းရှိကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Nottingham Post

ဆေးသုတီအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ပီတာရို့စ်က ကြက်သွန်ဖြူမှာ ဆာလဖြူရစ်ဓာတ်ကို ထုတ်လုပ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများစွာ ပါဝင်တာကြောင့် ဆေးဖက်ဝင်ပြီး ကင်ဆာရောဂါကို ကြိုတင်ကာကွယ် နိုင်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကြက်သွန်ဖြူဟာ သူ့ကို အသုံးပြုပုံနဲ့ စားသုံးတဲ့ပုံစံပေါ်မူတည်ပြီးလည်း အကျိုးအာနိသင် အမျိုးမျိုး ပြောင်းလဲနိုင်တယ်လို့လည်း ဒေါက်တာ ပီတာက ပြောခဲ့ပါတယ်။ ဘယ်လို အကျိုး အာနိသင်ပဲ ပြောင်းပြောင်း ဆေးဖက်ဝင်တာကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။

READ
ကယ်လိုရီအမြန်လောင်ကျွမ်းစေမည့် ဖျော်ရည်များ
Style Craze

လွန်ခဲ့တဲ့ နှစ်ပေါင်း(၈,၀၀၀)လောက်စပြီး သမိုင်းတစ်လျှောက် ကြက်သွန်ဖြူကို မတူညီတဲ့ ရောဂါဝေဒနာ အမျိုး မျိုးအတွက် ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဒီလိုဖော်စပ်ရာမှာလည်း နေလှန်း အခြောက်ခံတာ၊ အဆီ ထုတ်တာစသဖြင့် ဖော်စပ်တဲ့နည်းလမ်းတွေ မတူညီခဲ့ပါဘူး။ ဒေါက်တာပီတာနဲ့ အဖွဲ့ဟာ ကြက်သွန်ဖြူရဲ့ အသုံး ပြုမှုပေါ်မှာ မူတည်ပြီး အာနိသင် ပြောင်းလဲပုံကို သုတေသန လုပ်ခဲ့တာဖြစ်ပါတယ်။

Healthline

ဒေါက်တာ ပီတာတို့ အဖွဲ့ဟာ ကြက်သွန်ဖြူကို ကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေးအဖြစ် စားသုံးနိုင် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပေမယ့်လည်း သုတေသနလုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်ကို မဖော်ထုတ်နိုင် သေးပါဘူး။ ကြက် သွန်ဖြူဟာ အလွှာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာကြောင့် တစ်လွှာချင်းစီအလိုက်ကို  လေ့ လာနေဆဲဖြစ် ကြောင်းနဲ့ ဘယ်လိုပုံစံမျိုး စားရင်ဆေးဖက်အ၀င်ဆုံး ဖြစ်မလဲဆိုတာကိုတော့ မသိရှိရ သေး ကြောင်း ဒေါက်တာ ပီတာက ဖွင့်ဟခဲ့ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း သဘာဝကပေးတဲ့ အကောင်းဆုံး လက်ဆောင် ကြက်သွန်ဖြူ ပုံမှန်စားသုံးပြီး ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

READ
အိမ်ထောင်ရှင်တွေထက် ပိုအသက်ရှည်နိုင်ကြတယ်ဆိုတဲ့ တစ်ကိုယ်တည်းအပျိုကြီးများ

Source : DailyMail

SHARE