လတ်တလော လူပြောသူပြောများနေတဲ့ ဒေါ်လာ (၂၅၀၀)တန် Marq စမတ်နာရီ

Garmin ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာ ကုမ္ပဏီတစ်ခုပါ။ (၁၉၈၉)ခုနှစ်မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကုမ္ပဏီသက်တမ်းဟာ နှစ်ပေါင်း(၃၀)ရှိလို့ နေပါပြီ။ ကုမ္ပဏီရဲ့ နှစ် (၃၀)ပြည့် အထူးအမှတ်တရအဖြစ် Garmin ကုမ္ပဏီဟာ မတ်လ(၁၃)ရက်နေ့က သူတို့ရဲ့ နောက်ဆုံးပေါ် ထုတ် ကုန်ပစ္စည်းအသစ် တစ်မျိုးကို ပရိသတ်တွေကြားထဲ ချပြခဲ့ပါတယ်။ အဲ့ဒါကတော့ Marq အမျိုးအစား စမတ်နာရီတွေပါ။

Garmin

Marq စမတ်နာရီတွေဟာ Garmin က လူကြားထဲကို ချပြီးနောက် လက်တလောမှာတော့ တစ်ကမ္ဘာလုံးက စ မတ်နာရီချစ်သူတွေကြားမှာ အတော်လေးကို ရေပန်းစားနေပြီး ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်လို့နေပါတယ်။ အဓိက လူပြောသူပြောများနေတဲ့ အချက်ကတော့ Marq စမတ်နာရီတွေရဲ့ ဈေးနှုန်းပါ။ ပုံမှန်အားဖြင့် နာရီတစ်လုံးကို ဒေါ်လာ (၅၀၀)အောက်သာရှိတဲ့ စမတ်နာရီဈေးကွက်မှာ Marq စမတ်နာရီတွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ(၁၅၀၀) (မြန်မာကျပ် ၂၂ သိန်းဝန်းကျင်ခန့်) ကနေ (၂၅၀၀) (မြန်မာကျပ် ၃၈ သိန်းခန့်)အထိ ရှိနေလို့ ဖြစ်ပါတယ်။ Garmin ဟာ လက်ရှိ စမတ်နာရီဈေးကွက်မှာ တန်ဖိုးမြင့် စမတ်နာရီတွေကို ထုတ်လုပ်နေတဲ့ Tag Heuer နဲ့ Louis Vuitton တို့ကို အဓိကယှဉ်ပြိုင်သွားရမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

READ
Samsung Galaxy S7နဲ့ iPhone 6Sကို ရေနွေးဖြင့်ပြုတ်ပြီးစမ်းသပ်ကြည့်ခြင်း

Marq နာရီတွေကို အမျိုးအစား(၅)မျိုးခွဲပြီး ထုတ်လုပ်သွားမှာပါ။ ဒေါ်လာ (၁,၅၀၀)တန် Marq Athlete ကတော့ ဈေးအပေါဆုံးဖြစ်ပြီး Marq Expedition ကို ဒေါ်လာ(၁,၇၅၀) ၊ Marq Captain ကို ဒေါ်လာ(၁,၈၅၀)၊ Marq Aviator ကို ဒေါ်လာ (၁,၉၅၀)၊ ဈေးအကြီးဆုံး Marq Driver ကိုတော့ ဒေါ်လာ (၂,၅၀၀) နဲ့ ရောင်းချ သွားမှာလည်း ဖြစ်ပါတယ်။ Marq စမတ်နာရီတွေကို (၂၀၁၉)နှစ်လယ်ပိုင်းလောက်မှာ ဈေးကွက်ထဲမှာ ဖြန့်ချီဖို့ စီစဉ် နေတယ်လို့လည်း Garmin ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

MARQ Athlete
Garmin
MARQ Expedition
Garmin
MARQ Captain
Garmin
MARQ Aviator
Garmin
MARQ Driver
Garmin

Garmin ကုမ္ပဏီက သူတို့ရဲ့ Marq စမတ်နာရီတွေရဲ့ ဒီဇီုင်းနဲ့ ပတ်သတ်လို့ “နာရီတိုင်းကို အထူးပေါ့ပါးတဲ့ တိုက်တေနီ ယန်သတ္တုနဲ့ ဖန်တီးထားပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအနေအထားမျိုးမှာမဆို အကြမ်းခံပြီး စွမ်းဆောင်ရည် ဟာ အကောင်းရှိနေမှာပါ။ နာရီရဲ့ မျက်နှာပြင်မှန်တွေကိုလည်း အပူပြင်းနဲ့ ဖိအားပေးပြီး ပုံသွင်းထားတဲ့ နီလာ ကျောက်တွေနဲ့ ဖန်တီးထားတာကြောင့် အထူးအကြမ်းခံပြီး ပုံမှန်ဖန်သားပြင်ထက် နှစ်ဆပို မာကျောမှုရှိပါတယ်  ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

READ
လာမယ့် ၁၀ နှစ်အတွင်း စက်ရုပ်လုပ်သား ၄ သန်းကျော် ပေါ်ပေါက်လာနိုင်ချေရှိနေ

ဘက်ထရီသက်တမ်းကတော့ smart watch mode မှာ (၁၂)ရက်၊ GPS mode မှာ (၂၈)နာရီနဲ့ UltarTrac Mode မှာ (၄၈)နာရီ ကြာရှည်ခံပါတယ်။ နာရီလက်ပတ်ကြိုးတွေဟာ QuickFit လက်ပတ်ကြိုးတွေ ဖြစ်တာ ကြောင့် ကိုယ်နှစ်သက်ရာအရောင်ကို လဲလှယ်ပြီး ပတ်နိုင်မှာပါ။ Marq စမတ်နာရီတွေမှာ နှလုံးခှုန်နှုန်း တိုင်းတာ၊ ကိုယ်လက်လှုပ် ရှားမှုကို မှတ်တမ်းတင်တာစတဲ့ စမတ်နာရီတိုင်းမှာ ပါဝင်နေကျ လုပ်ဆောင်ချက် တွေပါဝင် မှာဖြစ်သလို နာရီအမျိုးအစားပေါ် မူတည်ပြီးလည်း Marq စမတ်နာရီတွေမှာပဲ ပါဝင်မယ့် သီးသန့် လုပ်ဆောင်ချက်တွေက ကွဲပြားသွားမှာလည်း ဖြစ်ပါတယ်။

Ref : Techcrunch , TheVerge , Forbes

SHARE