Homestay မှာ တိုးတက်တာဆိုလို့ အစားပို စားနိုင်တာပဲရှိတယ်ဆိုတဲ့ Gaten Matarazzo

Instagram- @gatenm123

Gaten Matarazzo ဆိုတဲ့ နာမည်ကို မရင်းနှီးရင်သာနေမယ် Stranger Things ပရိတ်သတ်တွေဆိုရင်တော့ သူ့ကို Dustin လို့သိကြမှာပါ။ Dustin တစ်ယောက် ရုပ်ရှင်ထဲမှာတင်မဟုတ်ဘဲ အပြင်မှာလည်း လူတိုင်းကိုပျော်အောင်လုပ်ပေးပြီး ရွှတ်ရွှတ်နောက်နောက်တဲ့ နေတတ်တဲ့ ကလေးတစ်ယောက်ပါ။

 

View this post on Instagram

 

A post shared by Gaten Matarazzo (@gatenm123)

အခုလည်း People က သူ့ကို homestay ကာလအတွင်း ဘာတွေလုပ်နေသလဲ၊ ဘာတွေတိုးတက်မှုရှိလဲလို့မေးလာတာကို ပြန်ဖြေလိုက်ပုံလေးကြောင့် fan တွေကြားထဲ သဘောကျစရာလေးဖြစ်နေခဲ့ပါတယ်။ 

Gaten Matarazzo ဟာ homestay ကာလအတွင်း မိသားစုနဲ့ပဲ အတူတူအချိန်ဖြုန်းဖြစ်နေတာ များပါတယ်တဲ့။ နောက် အမေနဲ့ အစ်မဖြစ်သူတို့က မုန့်တွေလုပ်ရင်း သူကမြည်းကြည့်ရင်းနဲ့ အစားသိပ်မကြိုက်တဲ့ သူတောင်မှပဲ အစားတွေ အများကြီး စားဖြစ်နေပါသတဲ့လေ။

 

View this post on Instagram

 

A post shared by Gaten Matarazzo (@gatenm123)

Homestay မှာ Gaten Matarazzo အနေနဲ့ ဝါသနာအသစ်တစ်ခုကိုရှာတွေ့ခဲ့တယ်လို့လည်းပြောလာခဲ့ပါတယ်။ အဲဒါကတော့ စားတာပါတဲ့။ တိုးတက်လာတာဆိုလို့ စားတာပဲရှိသတဲ့။ ဒီလို အိမ်မှာပဲ နေနေတော့မှ အစားအသောက်ကို အရသာခံပြီး စားတတ်လာတာကတော့ အမြတ်ပါပဲလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ စားတာသာကြိုက်တာ ဟင်းချက်ရတာ၊ စားဖို့ပြင်ရတာတွေကိုတော့ လုံးဝကို မကြိုက်ပါဘူးလို့လည်း ပြောခဲ့ပါတယ်။ ပေါင်မုန့်ကို ယိုသုတ်စားတာတောင် သူ့မှာ အလုပ်ရှုပ်တယ်လို့ ခံစားနေရပါပြီတဲ့။

 

View this post on Instagram

 

A post shared by Gaten Matarazzo (@gatenm123)

penny

SHARE