အပြုံးတစ်ချက်ကြောင့် တရုတ်ပြည်မှာ ဝက်ဝက်ကွဲနာမည်ကြီးနေတဲ့ (၈)နှစ်သားလေး

အသက်(၈)နှစ် အရွယ်သာရှိသေးတဲ့ Gavin Thomas ဟာ အမေရိကန်သားလေးဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ ပရိတ်သတ် အခိုင်အမာ ရရှိထားသူလေး ဖြစ်ပါတယ်။

သာမာန် မူလတန်းကျောင်းသားလေးတစ်ယောက်က အခုလို နာမည်ကြီးလာခဲ့တာဟာ Gavin ရဲ့ ထူးခြားတဲ့ မျက်နှာအမူအရာကြောင့်ပါပဲ။ Gavin ဟာ လွန်ခဲ့တဲ့ (၄)လလောက်တုန်းက တရုတ်နိုင်ငံရဲ့ လူသုံးများတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာ သူ့နာမည်နဲ့ account ဖွင့်ခဲ့တာတောင် လပိုင်းအတွင်း Follower ပေါင်း (၁.၈) မီလီယံတောင်ဖြစ်သွားခဲ့ပါတယ်။

လူမှုကွန်ယက်တွေမှာ ခေတ်စားနေတဲ့ Memes လောကထဲ Gavin ဟာ နာမည်ကြီးနေခဲ့တာပါ။ သူ့ရဲ့မချိပြုံးပြုံးနေတဲ့ မျက်နှာအနေအထားကြောင့် လူကြိုက်များနေခဲ့ပါတယ်။

Weibo

Gavin ရဲ့ Meme လောကထဲက နာမည်ကတော့ The Fake Smile Boy လို့ ပေးထားပြီး WeChat နဲ့ Weibo တို့မှာ အများဆုံးနာမည်ကြီးနေခဲ့တာပါ။

READ
လိင်တူစုံမက်သူတွေကို ဧပြီလကစပြီး သေဒဏ်ပေးမယ်ဆိုတဲ့ဥပဒေကို ဘရူနိုင်းဖျက်သိမ်း

Weibo account ဖွင့်ပြီးတဲ့အချိန်မှာတော့ Gavin ဟာ Beijing သို့ လည်ပတ်ခွင့်ကို စပွန်ဆာများရရှိခဲ့ပြီး သူ့ meme ပရိတ်သတ်များနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံခဲ့ပါတယ်။ Beijing ရဲ့ Forbidden City မှာ ဧကရာဇ်အကျီင်္ဝတ်ဆင်ကာ ရိုက်ထားတဲ့ ဓာတ်ပုံကို Weibo မှာ တင်ခဲ့တဲ့အခါမှာလည်း “ဧကရာဇ်လိုဝတ်ထားလည်း စိတ်ထဲမှာတော့ တကယ်မပျော်နေပါဘူး” လို့ ခေါင်းစဉ်တပ်ကာ meme အဖြစ် ဖန်တီးခဲ့ပါသေးတယ်။

Weibo

Taobao မှာလည်း ပစ္စည်းအရောင်းဆိုင်တစ်ခုကို Online Shopping အနေနဲ့ဖွင့်ထားခဲ့ပါတယ်။ ပထမဦးဆုံးပစ္စည်းကတော့ Gavin ရဲ့ မျက်နှာပြုံးလေးပါဝင်တဲ့ ဖုန်းကာဗာလေးပါ။

TNW
Weibo

ပထမအကြိမ်တရုတ်ပြည်ခရီးစဉ်မှာ ဖုန်းကာဗာထုတ်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ Gavin စာ တရုတ်နိုင်ငံရဲ့ Tencent ဆိုတဲ့ နည်းပညာဆိုင်ရာကုမ္ပဏီနဲ့ ကြော်ငြာဗီဒီယိုတစ်ခုရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

READ
ကိုယ့်ကိုကိုယ် အန်ထွက်တဲ့ထိအဖြစ်ခံပြီး သတ္တ၀ါတွေအတွက် ဆုတောင်းပေးတဲ့ သီလရှင်ကြီး

https://www.facebook.com/GavinThomasFB/posts/834353553571562

Weibo

Gavin ရဲ့ ရည်မှန်းချက်ကတော့ ကြီးလာတဲ့အခါ YouTuber တစ်ဦးဖြစ်ချင်ပါတယ်တဲ့။ အခုဖော်ပြပေးထားတာကတော့ Gavin ကို ပထမဦးဆုံး လူသိများစေခဲ့တဲ့ ဗီဒီယိုဖိုင်လေးပါ။

Source: CNN

Penny

SHARE