လိင်တူလက်ထပ်ပွဲဓာတ်ပုံတွေ တင်ခဲ့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ကျောင်းဆရာမလေး

ကတ်သလစ်ဘုရားကျောင်းက ကျောင်းဆရာမလေးတစ်ဦးဟာ သူမရဲ့ လိင်တူလက်ထပ်မင်္ဂလာပွဲက ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက Jocelyn Morffi ဆိုတဲ့ အမျိုးသမီးဟာ စိန့်ပီတာနဲ့စိန့်ပေါလ် ကတ်သလစ်ကျောင်းမှာ ကျောင်းဆရာမလုပ်လာတာ (၇)နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

Associated Press file photo

Jocelyn ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေနဲ့ သူမရဲ့ သတို့သမီးနဲ့ တွဲကနေခဲ့တဲ့ ဗီဒီယိုတွေကို Facebook ပေါ် တင်ခဲ့ပြီးနောက် မင်္ဂလာပွဲပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်စာ ကျလာခဲ့တာပဲဖြစ်ပါတယ်။ “ဒီတစ်ပတ်ထဲမှာ ကျွန်မဘဝရဲ့ အချစ်ရဆုံးသူနဲ့ လက်ထပ်ခဲ့ပါတယ်။ ရလဒ်ကတော့ အလုပ်ထုတ်ခံလိုက်ရတာပါပဲ။ လက်တွဲဖော်ကို ရွေးချယ်တဲ့ပုံအရ သူတို့မျက်စိထဲမှာ ကျွန်မက ကတ်သလစ်ဘာသာဝင်ကောင်းတစ်ယောက် မဟုတ်ဖူးလို့ ထင်ပုံပါပဲ” လို့ Jocelyn က ရေးတင်ခဲ့ပါတယ်။

Jocelyn Morffi’s Facebook

Jocelyn အပေါ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေကလည်း သဘောမတူကြဘဲ မိဘအယောက် (၂၀)ခန့်က ကျောင်းကို ဖြေရှင်းချက်ပေးဖို့ ဆန္ဒပြနေကြပါတယ်။ Jocelyn ဟာ ဆရာမကောင်းတစ်ဦးဖြစ်ပြီး ကလေးတွေအပေါ်မှာ ဘယ်လိုဆက်ဆံလိုဆိုတာသာ အရေးကြီးကာ လိင်တူချစ်ကြိုက်သူ ဟုတ်မဟုတ်က အရေးမကြီးကြောင်း မိဘတစ်ဦးက ပြောခဲ့ပါတယ်။

READ
အရုပ်ကောက်ဂိမ်း ယွမ်(၄)သောင်းဖိုးကစားပြီး အရုပ်(၇)ထောင်ကျော် စုနိုင်ခဲ့တဲ့အမျိုးသမီး
Jocelyn Morffi’s Facebook

ကျောင်းကတော့ ဖြေရှင်းချက်တစ်စုံတစ်ရာ မထုတ်သေးပေမယ့် မိုင်ယာမီကတ်သလစ်နယ်မြေရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကတ်သလစ်ကျောင်းက ဆရာမတစ်ဦးအနေနဲ့ ကလေးတွေကို ဘာသာရေးယုံကြည်မှုတွေကို လေးနက်လာအောင် လုပ်ပေးဖို့ တာဝန်ရှိပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာပါက အခြားရွေးချယ်စရာမရှိကြောင်း ပြောခဲ့ပါတယ်။

Jocelyn Morffi’s Facebook

ဖလော်ရီဒါမှာ (၂၀၁၅)ခုနှစ်ကတည်းက လိင်တူလက်ထပ်မှုကို ခွင့်ပြုပေးခဲ့တာဖြစ်ပေမယ့် ကတ်သလစ်ကျောင်းလက်အောက်က လူတွေကတော့ လိင်တူလက်ထပ်ခွင့် မရှိသေးပါဘူး။ ဖလော်ရီဒါရဲ့ LGBT အဖွဲ့အစည်း ဒါရိုက်တာကတော့ ယနေ့ခေတ် ဖလော်ရီဒါမှာ အခုလိုဖြစ်ရပ် ဖြစ်ခြင်းကို မယုံကြည်နိုင်ကြောင်း ပြောခဲ့ပါတယ်။ ကျောင်းသားမိဘတွေကတော့ Jocelyn ကို အလုပ်ထုတ်ခဲ့တဲ့ ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြလျက်ရှိကြပါတယ်။

White (Shwemom)

Ref: UNILAD

SHARE