လိင်တူချစ်ကြိုက်စိတ်ကို ကုပေးနိုင်တယ်ဆိုတဲ့ နာမည်ကျော်ဆရာဝန်ရဲ့ အံ့အားသင့်ဖွယ် သရုပ်မှန်

ဖလော်ရီဒါမှာ လိင်တူစိတ်ဝင်စားမှုတွေကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ဦးရှိပါတယ်။

Twitter

Norman Goldwasser ဟာ မိုင်ယာမီကမ်းခြေမှာ တည်ရှိတဲ့ Horizon Psychological Services ရဲ့ ဆေးဖက်ဆိုင်ရာဒါရိုက်တာအဖွဲ့ဝင်တစ်ဦးပါ။ သူ့ရဲ့ အင်တာဗျူးတွေတော်တော်များများမှာ သူဟာ လိင်တူစိတ်ဝင်စားနေတဲ့ လူတချို့ကို ပုံမှန်မဟုတ်တဲ့ ဟော်မုန်းဓာတ်တွေကို လျှော့ချပေးကာ သာမန်စိတ်ထားပြန်ဖြစ်စေဖို့အတွက် ကူညီပေးတာတွေ အထမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

Truth Wins Out
Truth Wins Out

ဒါပေမဲ့ အသက် (၄၆) နှစ်ရှိနေပြီဖြစ်တဲ့ Norman ဟာ အပြင်ပန်းမှာသာ လိင်တူချစ်ကြိုက်မှုတွေကို အားမပေးသလိုနဲ့ သူ့ရဲ့ စိတ်အတွင်းပိုင်းမှာတော့ သူကိုယ်တိုင် လိင်တူစွဲလမ်းနှစ်ခြိုက်သူတစ်ဦးဖြစ်လို့နေပါတယ်။ သူ ကုသပေးခဲ့တဲ့ လူနာတစ်ဦးဟာ လိင်တူချစ်သူရှာဖွေတဲ့ ဝဘ်ဆိုဒ်တွေဖြစ်တဲ့ Manhunt နဲ့ Gay Bear Nation စသည်တို့မှာ Norman ရဲ့ ဓာတ်ပုံနဲ့ hotandhairy ဆိုတဲ့ account ကို အမှတ်မထင်မြင်တွေ့သွားခဲ့ပါတယ်။

READ
ပျိုမေတို့အတွက် Disney မလေးတွေလိုလှပနေစေမယ့် ဘီကီနီ ရေကူးဝတ်စုံလေးများ
Truth Wins Out

ဒါနဲ့ပဲ ဒီလူနာဟာ ဖြစ်ရပ်မှန်ဖော်ထုတ်ရေး အလွတ်တမ်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Truth Wins Out ကို သတင်းပေးပို့ခဲ့ပါတယ်။ Truth Wins Out တည်ထောင်သူ Wayne Besen ဟာ Norman သုံးတဲ့ website တွေမှာ “Brandon” နာမည်နဲ့ အကောင့်အတုပြုလုပ်ကာ အပြင်မှာတွေ့ဖို့ အချိန်းအချက်ပြုလုပ်ခဲ့ပါတယ်။ ချိန်းဆိုထားတဲ့ Fort Lauderdale မိုတယ်အခန်းထဲ ရောက်လို့ သူ့ကို ထောင်ဖမ်းမှန်း Norman သိလိုက်တဲ့အချိန်မှာတော့ စတင်ငြင်းဆိုခဲ့ပါတော့တယ်။

Website တွေပေါ်မှာရှိနေတဲ့ အဲဒီ account ဟာ သူမဟုတ်ကြောင်း အတင်းကိုငြင်းသော်လည်း Manhunt website ပေါ်မှာ Chat ထာားခဲ့တဲ့ screenshot တွေကို ပြလိုက်တဲ့အချိန်တော့မှ ဒီအကြောင်းကို ဘယ်သူကိုမှပေးမသိဖို့ တောင်းပန်တိုးလျှိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း Truth Wins Out ဆိုတဲ့အတိုင်း ပိုင်ရှင် Wayne ကတော့ လိင်တူကုတဲ့ဆရာဝန်က လိင်တူစွဲလမ်းသူဖြစ်နေတာကို လူသိအောင် အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။

READ
တံခါးပေါက်ကနေ ပိုက်ဆံစာအိတ်တွေထည့်ပေးခဲ့တဲ့ ဆန်တာကလော့စ်

Source: Daily Mail

Penny

SHARE