မေထုန်ရာသီဖွား ကောင်မလေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထား

မေ(၂၁)မှ ဇွန်(၂၀)ရက်နေ့ အတွင်း မွေးဖွားသူတွေကို တော့ မေထုန်ရာသီဖွား လို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားကောင်မလေးတွေလက်ခံထားတဲ့ အချစ် နဲ့သူတို့ရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးချင် ပါ တယ်။သူတို့ဟာ ကန်ရာသီဖွားကောင်မလေး တွေလိုပဲ လူကိုညှို့ယူဖမ်းစား တဲ့နေရာမှာ ဆရာမကြီးတေါပါ။ဆွဲဆောင်မှုအား အရမ်းကောင်း လွန်းသလို စိတ်ထဲက အရှိကို အရှိအတိုင်း ချပြတတ်တဲ့ ပွင့်လင်းလွန်းအားကြီး သူတွေ ပါ။ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင် နိုင်သလားဆိုတာကတော့ ပြောနေစ ရာတောင် မလိုလောက် တော့ပါဘူး။ပုံမှန်ထက်ကို ပိုပြီးတော့ လိင်ပိုင်းဆိုင် ရာဆွဲဆောင်မှုအားကောင်းကြသူတွေပါ။

Gemini အမျိုးသမီးတွေနဲ့ Relationships

ဟာသကို ကြိုက်တဲ့ သူတွေပါ။ဒါကြောင့်သူတို့ အချစ်ကို လိုချင်တာပဲ ဖြစ်ဖြစ် သူတို့ဆီက စိတ်ဝင်စားမှုကို လိုချင်ရင်ပဲ ဖြစ်ဖြစ် သင်လုပ်ရမှာက တစ်ခုပဲ ရှိပါတယ်။ဟာသတွေပြောပြီး သူမရယ်လာအောင် လုပ်ပါ။အဲ့ဒီလို မလုပ်နိုင်ပဲ သင်ဟာ ပျင်းစရာကောင်းတယ်လို့ ထင်မိပြီဆိုတဲ့ တစ်နေ့ကျရင်တော့ သေချာေ ပါက် သင့်ကို စွန့်ခွာသွားပါလိမ့်မယ်။ဒီရာသီဖွားကောင်မလေးကို ချစ်သူတော် မယ်ဆိုရင်တော့ သေချာပါတယ်။သင်ဟာ ရိုလာကိုစတာစီးနေသလိုခံစား ရပါလိမ့်မယ်။သူမကြောင့်ပဲ သင့်စိတ်တွေဟာ အမျိုးမျိုး ပုံစံမျိုးစုံ ပြောင်းလဲ နေရပါလိမ့်မယ်။ခုနေယောဂလေ့ကျင့်ခန်း၊ခဏနေ တောင်တက် မယ်ဆိုပြီး သူမရဲ့ အကြိုက်တွေက တစ်နေ့တစ်မျိုး မရိုးအောင် ပြောင်းနေမှာဆိုတော့ နောက်ကနေ လိုက်ဖြည့်ဖို့ အတော်လေးကို ကြိုးစားနိုင်မှ ဖြစ်မှာပါ။စိတ် ဓါတ်တက်ကြွနေတတ်သူပါ။

READ
ကန်ရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း

တကယ်လို့ ကိုယ်က Gemini ရာသီဖွားတစ်ယောက်ကို Crush မိနေပြီ ဆိုရင်တော့ သူနဲ့ Level တူအောင်၊သူ့အကြိုက်ဖြစ်အောင် နေတတ်ဖို့ အတွက်ကတော့ ကောင်းကောင်းနားထောင်ပေးတတ်သူတစ်ယောက် ဖြစ်ဖို့ လိုပါတယ်။အရေးကြီးဆုံးအချက်ကတော့ ဒီရာသီဖွားကောင်မလေး တွေကို ချစ်တော့မယ်၊ချစ်မိနေပြီဆိုရင်တော့ သင်ဟာ ဟာသဥာဏ်ရှိဖို့ သေချာ ပေါက် ကြိုးစားပါ။

Ref;sunsigns

SHARE