ကမ္ဘာိ့ထိပ်တန်း အလှကုန်တံဆိပ်တစ်ခုရဲ့ ကိုယ်စားပြုအနုပညာရှင်ဖြစ်လာခဲ့တဲ့ Gemma Chan

[email protected]_CHAN

Gemma Chan ကတော့ Crazy Rich Asians နဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ အာရှရဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါတယ်။ ဗြိတိန်-တရုတ် မင်းသမီးတစ်ဦးဖြစ်ပြီးတော့ အနုပညာမှာတင်မကဘဲ စီးပွားရေးမှာရော၊ လူမှုရေးလုပ်ငန်းစဉ်နဲ့ အလှအပရေးရာတွေမှာရော အားလုံး ပြီးပြည့်စုံနေတဲ့ Gemma Chan တစ်ယောက် အခုဆိုရင် ကမ္ဘာကျော်အလှကုန်တံဆိပ်ရဲ့ မျက်နှာရှင်အဖြစ် ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်ဆိုပြီး We Are Resonate မှာ ဖတ်လိုက်ရပါတယ်။

 

View this post on Instagram

 

A post shared by Gemma Chan (@gemma_chan)

အလှကုန်တံဆိပ်ကတော့ L’oreal ပါတဲ့။ L’oreal ဟာ ပြင်သစ်အလှကုန် brand တစ်ခုဖြစ်ပြီးတော့ ကမ္ဘာတစ်ဝှမ်းက လူတန်းစားမရွေး၊ အသက်အရွေယ်မရွေး အမျိုးသမီးတွေကြားထဲမှာ တော်တော်လေး ရေပန်းစားတဲ့ brand တစ်ခုဖြစ်ပါတယ်။

READ
trailerနဲ့တင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်ကို ပရိသတ်ကို ချပြလိုက်တဲ့ "ဟစ်တိုင်"

Gemma Chan ကိုတော့ L’oreal ကနေပြီး သူတို့ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Revitalift Derm Intensives 3.5% Pure Glycolic Cleanser ကို အဓိကထားပြိး ကြေငြာခိုင်းခဲ့တာပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Gemma Chan (@gemma_chan)

အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Gemma Chan ကတော့ သူမအနေနဲ့ L’oreal မိသားစုထဲကို ဝင်ရမှာ သိပ်ကို ဂုဏ်ယူပြီးတော့ ဝမ်းမြောက်မိပါတယ်တဲ့။ L’oreal ကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ဦး တည်ထောင်ထားတဲ့ စည်းပွားရေးလုပ်ငန်းဖြစ်တာကြောင့် brand အနေနဲ့ ရွေးချယ်လိုက်တဲ့ ambassador တွေကလည်း ဘက်စုံမှာ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးတွေချည်းပဲဖြစ်ပါတယ်။ ဥပမာဆိုရရင် Viola Davis တို့၊ Eva Longoria တို့ Celine Dion တို့ပေါ့။

READ
သာသနာ့ ဘောင်ကို အတူတူဝင်သွားတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့စုံတွဲ

 

 

View this post on Instagram

 

A post shared by Gemma Chan (@gemma_chan)

penny

SHARE