လူ့ဦးနှောက်ဗီဇတွေကို မျောက်တွေထဲ ထည့်ပြီး စူပါမျောက်တွေ ဖန်တီးနေတဲ့ တရုတ်နိုင်ငံ

မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့တဲ့ လေ့လာချက်တစ်ရပ်မှာ တရုတ်သိပ္ပံပညာရှင်တွေဟာ မျိုးဗီဇပြုပြင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး မျောက်တွေကို ဥာဏ်ရည်ဥာဏ်သွေး ပိုထက်မြက်လာအောင် ပြုလုပ်နေပြီလို့ သိရပါတယ်။ ကြောက်စရာကောင်းတဲ့ ဒီစမ်းသပ်ချက်က လူ့ဦးနှောက်ဗီဇတွေကို မျောက်တွေထဲ အစားထိုးထည့်သွင်းနေခဲ့တာ ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေဟာ လူ့ဗီဇအမျိုးအစား MCPH1 ကို ဖောက်ထုတ်ပြီး မျောက်တွေရဲ့ ဦးနှောက်ထဲ ထည့်သွင်းခဲ့တာပါ။ ရရှိလာတဲ့ မျောက်မျိုးစိတ်သစ်တွေဟာ ဆိုရင် မှတ်ဥာဏ်စွမ်းရည်တွေ တိုးတက်လာပြီး တုံ့ပြန်မှုအား ပိုကောင်းလာတာကို စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။ တရုတ်သုတေသနပညာရှင်တွေ ကြားထဲမှာတော့ အခုလို လုပ်တာဟာ လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို နားလည်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ ကူမင်း သတ္တဗေဒ တက္ကသိုလ်က ဗီဇပညာရှင် ဘင်စုကတော့ မျောက်တွေကို စံနမူနာအနေနဲ့ထားပြီး လူသားတွေရဲ့ သိမှုဆိုင်ရာ ဆင့်ကဲဖြစ်စဉ်ကို နားလည်စေလိုတဲ့အတွက် ပြုလုပ်ခဲ့တာပါလို့ ဆိုပါတယ်။

pexels

ဒီသုတေသနနဲ့ပတ်သက်လို့ အနောက်ပိုင်းသိပ္ပံပညာရှင်ပေါင်းများစွာတို့ကတော့ သုတေသနဟာ အချည်းနှီး အကျိုးမရှိတဲ့လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။ သတ္တ၀ါတွေကို မျိုးဗီဇပြင်လိုက်တဲ့ ပညာရှင်တွေမှာ ကိုယ်ကျင့်တရားမရှိတော့ဘူးလားဆိုပြီး ပြန်မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ ကော်လိုရာဒိုတက္ကသိုလ်က ဂျိမ်းစ်စီကီလာနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ လူတွေနဲ့ တူလွန်းတဲ့ မျောက်တွေအပေါ်မှာ လူဦးနှောက်ဗီဇတွေ ထည့်ပေးတာဟာ အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ကြောင်းဆိုပါတယ်။

READ
မိရိုးဖလာဓလေ့အရ လိင်အင်္ဂါဖြတ်ခံရလို့ ပြင်းထန်စွာ ငိုကြွေးနေတဲ့(1)နှစ်ခွဲအရွယ်သမီးငယ်လေး
pexels

လူဝံတွေ ၊ မျောက်ဝံတွေဟာ လူတွေရဲ့ အနီးစပ်ဆုံးသတ္တ၀ါတွေဖြစ်တဲ့အပြင် မတော်တဆ ဗီဇပြုပြင်ရေးမှာ အားလုံးအောင်မြင်သွားခဲ့ရင် အခြားတိရစ္ဆာန်မျိုးနွယ်စုတွေထက် လူသားတွေကို အန္တရာယ်ပြန်ပြုမယ့် သတ္တ၀ါမျိုးစိတ်တွေ ဖြစ်လာကြမှာကို စိုးရိမ်ကြောင်းလည်း ပြောပြထားပါတယ်။ ဒါကြောင့် လူ့ဦးနှောက်ဗီဇကို အခြားလူသားမဟုတ်တဲ့ သတ္တ၀ါထဲ စမ်းသပ်တာဟာ လက်မခံနိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်ကြောင်းလည်း ဂျိမ်းစ်က ထောက်ပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: interestingengineering, asiaone

SHARE