ယောကျာ်းတွေ သစ္စာဖောက်ပြီးခြံခုန်ရတဲ့ ယေဘုယျအကြောင်းအရင်းများ

shutterstock/By Antonio Guillem

အမျိုးသားတစ်ယောက်ဟာ ဇနီးနဲ့ ကလေးရှိနေတာတောင် ဘာကြောင့်ဖောက်ပြန်ရတာလဲလို့ တော်တော်များများက အံ့သြတတ်သလို မေးခွန်းတွေလည်း ထုတ်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ဖောက်ပြန်တဲ့ ယောက်ျားတော်တော်များများရဲ့ တူညီတဲ့အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ သင်သိချင်နေတဲ့ မေးခွန်းရဲ့အဖြေကလည်း ဒီထဲက တစ်ခုအပါအဝင်ဖြစ်နိုင်ပါတယ်။ ဖတ်ကြည့်ရအောင်နော်။

(၁) လိင်ကိစ္စကြောင့်

shutterstock/A
By andrey_l

အမျိုးသားတွေဟာ ဇနီးဖြစ်သူနဲ့ အာသာပြေတဲ့အထိ လိင်မှုကိစ္စ မလုပ်ရတဲ့အခါတွေမှာ ဖောက်ပြန်တတ်ကြပါတယ်။ သင့်ကို သူစွဲဆောင်နိုင်နေဆဲပဲဆိုတာမျိုး သူခံစားချင်ပါတယ်။ တစ်ခါတလေ သင်ဟာ အိမ်အလုပ်တွေ၊ ကလေးထိန်းရပြုရနဲ့ ပင်ပန်းပြီး သူ့ကိုလိင်မှုကိစ္စ မလုပ်ပေးတာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒီလိုအချိန်တွေများလာတဲ့ အခါမှာတော့ အမျိုးသားတွေဟာ အာသာဖြေဖို့အတွက် ဖောက်ပြန်ကြတာဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုမြှင့်တင်တာဖြစ်တယ်

ယောက်ျားတွေရဲ့သဘာဝကိုက သားကောင်မဟုတ်ပဲ မုဆိုးပါ။ သူတို့မှာ မိန်းကလေးတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အစွမ်းအစရှိသေးလဲ၊ ဘယ်လောက်အထိ လက်စောင်းထက်သေးလဲဆိုတာကို အမြဲတမ်းသိချင်ကြပါတယ်။ ဒါကြောင့်မို့လို့ပဲ သူတို့ လိုချင်တဲ့မိန်းကလေးကို ရအောင်လိုက်တယ်။ အဲဒီမိန်းကလေးကို ရနိုင်သွားရင် သူတို့ကိုသူတို့ ဂုဏ်ယူမဆုံးဖြစ်တတ်ကြပြီး ယုံကြည်မှုပိုရှိသွားကြပါတယ်။ ဒါကြောင့်ပဲ အမျိုးသားတွေ ဖောက်ပြန်ကြရတာဖြစ်ပါတယ်။

READ
ပီဇာစားနေစဉ် ဖားသေတစ်ကောင်ပါလို့ ဒေါသပေါက်ကွဲခဲ့တဲ့ အမျိုးသမီး

(၃) လက်စားချေတာ

သင့်ဖက်ကမဖောက်ပြန်ဖူးရင်တောင် သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုတစ်ခုခုကို ဖောက်ဖျက်မိတာ၊ ဒါမှမဟုတ် သူ့ကို နာကျင်စေလိုက်လို့ ပြန်ကလဲ့စားချေတဲ့အနေနဲ့ ဖောက်ပြန်တာပါ။ တစ်ခါတလေ ဘာမှမဟုတ်ပဲ လိမ်လိုက်မိတဲ့ အသေးအမွှားလေးကအစ ပြဿနာတွေကြီးသွားတတ်ပါတယ်။ သူနဲ့စိတ်ဆိုးနေတဲ့အချိန် တစ်ခြားယောက်ျားတစ်ယောက်ယောက်ကို သင်အရေးပေးမိသွားတာမျိုးကြောင့်ဆိုရင် ကလေးဆန်လိုက်တာလို့ သင်မြင်ကောင်းမြင်မယ်၊ ဒါပေမယ့် အမျိုးသားတွေဖောက်ပြန်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဒါလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ တစ်ခါတလေ တောင်းပန်စကားပြောရုံလောက်နဲ့ မကျေအေးနိုင်ကြတာကြောင့် လက်စားချေလိုက်တာဖြစ်ပါတယ်။

(၄) အပယ်ခံလို ခံစားရလို့

ဒါကတော့ သင့်အမှားမဟုတ်ပါဘူး။ သင်ဟာ ဘယ်လောက်ပဲ သူ့ကိုချစ်တယ်ပြောပြော၊ ဘယ်လောက်ပဲ သူ့အတွက်ကြိုးစားကြိုးစား သူလိုချင်တာ အဲဒါမျိုးမဟုတ်ပါဘူး။ သင့်အလုပ်တွေအရမ်းရှုပ်နေလို့ သူ့ကို အချိန်မပေးနိုင်တာတွေ များသွားတဲ့အခါ သူ့ကိုယ်သူ အပယ်ခံတစ်ယောက်လို ခံစားလာရပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ခံချင်လာပါတယ်။ အဲဒီ့အချိန်မှာသာ စနိုက်ကျော်မနဲ့တွေ့ရင်တော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတွေ့တော့တာပါပဲ။

READ
သားကို(၈)နှစ်အရွယ်ထိ နို့ချိုတိုက်ကျွေးဖို့ကြိုးစားတဲ့အမျိုးသမီးကို ဆရာဝန်တွေတားမြစ်

(၅) လွတ်လွတ်လပ်လပ်သမားမို့လို့

shutterstock/By Dean Drobot

သင်နဲ့စချစ်တုန်းက သင့်ကို တကယ်အချစ်စစ်အချစ်မှန်နဲ့ ချစ်တာပါ။ ဒါပေမယ့် သူအခု တခြားတစ်ယောက်ကို ပြောင်းချစ်ချင်နေပါပြီ။ ဘာအကြောင်းပြချက်မှ ရှိမှာလည်း မဟုတ်ပါဘူး။ သူ့ရဲ့ပင်ကိုဗီဇကိုက လွတ်လွတ်လပ်လပ်သမားမို့လို့ တစ်ယောက်တည်း၊ တစ်ခုတည်းအပေါ်မှာ မှီတွယ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖောက်ပြန်ရတာပါ။

Em Em(Shwemom)

SHARE