အသက်(၄) နှစ်နဲ့ IQ (၁၄၀) ရမှတ်ရှိနေတဲ့ ဗြိတိန်ရဲ့ ဥာဏ်ကြီးရှင်မလေး

အသက်(၄) နှစ်အရွယ်ပဲ ရှိသေးတဲ့ ဥာဏ်ရည်ထူးချွန်သူ ပါရမီရှင်ကောင်မလေးတစ်ဦးဟာ ဗြိတိန်ရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး မန်ဆာအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ မယုံနိုင်စရာကောင်းလောက်အောင် ကလေးမလေး အလန်နာဂျော့ဂ်ျဟာ IQ အမှတ်(၁၄၀) ရှိနေတာ ဖြစ်ပါတယ်။

အလန်နာဟာ ဂဏန်းနံပတ်တွေကို ချစ်တတ်တဲ့စိတ်ကြောင့် ဗြိတိန်မန်ဆာအဖွဲ့မှာ ပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါလိမ့်မယ်။ မန်ဆာဟာ အလန်နာတို့အသက်အရွယ်ပိုင်း အုပ်စုထဲက (၂) ရာခိုင်နှုန်းလောက်သာရှိတဲ့ ဥာဏ်ရည်အထက်မြက်ဆုံးလူတွေကို ရွေးချယ်ထားတဲ့ အထူးအဖွဲ့တစ်ခုဖြစ်ပါတယ်။ မန်ဆာအသင်းဝင်ဖြစ်ဖို့ဟာ အင်မတန် ခက်ခဲပါတယ်။ ကမ္ဘာ့ဥာဏ်အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ လူတွေကိုပဲ ရွေးချယ်ထားတဲ့ အဖွဲ့ပါ။

SWNS:SOUTH WEST NEWS SERVICE

ပြီးခဲ့တဲ့ လတုန်းကတော့ သူမကို ထိပ်တန်းပညာရေးစိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ပီတာ ကွန်ဒွန်က အလန်နာဟာ ဥာဏ်ရည်ဥာဏ်သွေးထူးခြားလွန်းတဲ့ ပါရမီရှင်လေးတစ်ယောက်လို့ အကဲဖြတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အလန်နာဟာ ပြီးခဲ့တဲ့လကပဲ မန်ဆာရဲ့ တရားဝင် အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါပြီ။ သူမရဲ့ မိခင်ဖြစ်သူ အသက်(၃၇) နှစ်နာဒင်းကတော့ ထူးချွန်တဲ့သားသမီးကို မွေးမြူရတာ နည်းနည်းတော့ ရင်ထိတ်တယ်လို့ ဆိုပါတယ်။

READ
လက်ကိုအပူလောင်သွားရာကနေ မီလျံနာဖြစ်မယ့် စိတ်ကူးရခဲ့သူ

အလန်နာဟာ မိဘတွေ မသင်ပေးရပဲ ကိုယ်တိုင် စာဖတ်တတ်ခဲ့တဲ့ ကလေးတစ်ယောက်ပါလို့ နာဒင်းက ပြောပြပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ကလေးကို အတင်းတွန်းတာမျိုးမလုပ်ပဲ အလန်နာရောက်ချင်တဲ့ အတိုင်းအတာထိ သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်လို့ နာဒင်းက ဆိုပါသေးတယ်။ အလန်နာဟာ စာဖတ်ရတာ အရမ်းနှစ်သက်တဲ့ ကလေးပါ။ စာလုံးတွေကို သူမဘာသာသူမ အဓိပ္ပါယ်ကောက်ယူတတ်တဲ့အပြင် အရမ်းတက်ကြွတဲ့ ကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

Ref: TheSun

SHARE