စားပွဲအဖြစ်လည်း သုံးလိုရ… အိပ်ယာအဖြစ်လည်း သုံးလို့ရတဲ့ အိပ်စားပွဲလေး

အလုပ်သိပ်များတဲ့ သူတွေ၊ တစ်ခါတစ်ရံ ညနက်ထိ အလုပ်ဆင်းရတဲ့ သူတွေ၊ အိမ်နဲ့ အလုပ်ဝေးတဲ့သူတွေနဲ့ ရုတ်တရက် အလုပ်မှာ အနားယူဖို့လာခဲ့ရင် ဒီ စားပွဲကတော့ လုံးကွက်တိကျနေမှာပါ။

Studio NL က ဂရိ ဒီဇိုင်နာ Nancy Leivaditou ဟာ အခုလို မျိုးစုံသုံးလို့ရတဲ့ ပရိဘောဂ စိတ်ကူးကို သူမ စာသင်ပြီး အလုပ်လုပ်တုန်းက နေခဲ့တဲ့ New York မြို့တိုက်ခန်းမှာ ရခဲ့တယ်လို့ သိရပါတယ်။ ဒီ ပရိဘောဂကို သစ်၊ သတ္တုနဲ့ အဖြူရော် သားရေသားတို့ ပြုလုပ်ထားပြီး အလုပ်အတွက်ဆိုလည်း အဆင်ပြေတယ်၊ အိမ်မှာထားရင် စတိုင်ကျတဲ့ ပရိဘောဂမျိုးပါ။

ဒီဇိုင်းကလည်း ခေတ်ရှေးပြေးတဲ့ ပုံစံလေးပါပဲ။ ဒီ စားပွဲလေးက ဘယ်လောက်တောင် အသုံးဝင်လဲ တူတူလေ့လာကြည့်ရအောင်။

READ
အရက်ဖြတ်ဖို့ သတိပေးနေတဲ့လက္ခဏာရပ်(၇)ခု
အခုမြင်ရတာကတော့ ပုံမှန် စားပွဲ အနေအထားဖြစ်ပါတယ်။
COURTESY OF NL STUDIO
အိပ်ယာ အဖြစ်ပြောင်းလဲဖို့ဆိုရင်တော့ ပုံမှာမြင်ရတဲ့အတိုင်း အပေါ်ပိုင်းကို အနောက်ကို တွန်းလိုက်ရပါတယ်။ 
COURTESY OF NL STUDIO

ပြီးရင် နောက်ဘက်ပိုင်းကို အတွင်းထဲ ခေါက်ချလိုက်ရင်တော့ မွေ့ရာလေးဖြစ်သွားပါတယ်။ 

COURTESY OF NL STUDIO
နောက်ဆုံးအနေနဲ့ တီဗီနဲ့ ဆန့်ကျင်ဘက်ခြမ်းက အကာကို နောက်ဘက်လှန်ချလိုက်တဲ့အခါမှာတော့ ဇိမ်ကျကျအနာယူး မှေးစက်နိုင်မယ့် အိပ်ရာလေးဖြစ်သွားပါတော့တယ်။ ကဲ… ဘယ်လောက်တောင် အထာကျလိုက်လဲ။ အလုပ်က သူဌေးကို ပြသင့်ပါတယ်နော်။
COURTESY OF NL STUDIO

Ref: Housebeautiful

Matthew (ShweMOM)
SHARE