တံတားကျိုးပေါ်ကနေ ပြုတ်ကျတော့မယ်ဆဲဆဲ ထရပ်ကားတစ်စီးရဲ့ အသဲထိတ်ဖွယ်ဖြစ်ရပ်

အင်္ဂါနေ့(၁၄.၈.၂၀၁၈)တုန်းက အီတလီနိုင်ငံ ဂျီနိုအာမြို့မှာ နှစ်ပေါင်း(၅၀)သက်တမ်းရှိပြီး မီတာ(၈၀)အရှည်ရှိတဲ့ မိုရန်ဒီတံတားဟာ ထက်ပိုင်းကျိုးကျခဲ့ပါတယ်။ တံတားကျိုးကျချိန်မှာ တံတားပေါ် သွားလာမောင်းနှင်နေတဲ့ ယာဉ်တွေဟာ (၄၅)မီတာအမြင့်ရှိတဲ့ တံတားပေါ်ကနေ အောက်ဘက်က အပျက်အစီးပုံထဲကို ထိုးကျသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တံတားပျက်ကျမှုကြောင့် သေဆုံးသူဦးရေ(၂၂)ယောက်ထိ ရှိနေကြောင်း သိရပါတယ်။

AFP

ဂျီနိုအာတံတား ကျိုးကျမှုထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေအားလုံးကို ထိတ်လန့်ရင်တုန်သွားစေမယ့် ဓာတ်ပုံတစ်ပုံကိုလည်း တွေ့ရပါသေးတယ်။ ယင်းဓာတ်ပုံကတော့ ထက်ပိုင်းကျိုးနေတဲ့ ဟိုင်းဝေးသွားတံတားပေါ်မှာ သောင်တင်ကျန်နေခဲ့တဲ့ အစိမ်းရောင် ပစ္စည်းပို့ ထရပ်ကားတစ်စီးရဲ့ ပုံပါ။ တံတားအောက်ကို ပြုတ်ကျဖို့ နည်းနည်းလေးပဲလိုတော့တာကြောင့် ထရပ်ကားရဲ့ မြင်ကွင်းဟာ ကြည့်ရင်းနဲ့ ရင်ထိတ်စရာပါ။ ကားတွေ အစုလိုက်အပြုံလိုက် တံတားအောက်ကို ထိုးကျပြီး သေတဲ့အထဲမှာ ကပ်သီလေးလွဲပြီး အသက်ရှင်ခဲ့တဲ့ ထရပ်ကားဆရာဟာ သိပ်ကံကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

READ
ကြောင်များကို ပွေ့ဖက်နမ်းရှုံ့သည့် ကလေးများအသက်အန္တရာယ်ရှိနိုင်
news.com.au

တံတားကျိုးပျက်ပြီးနောက်မှာ မီးသတ်သမားတွေနဲ့ အရေးပေါ်ကြက်ခြေနီတွေဟာ အပြေးအလွှားရောက်လာခဲ့ကြပြီး အပျက်အစီးပုံထဲမှာ အသက်ရှင်ကျန်နေခဲ့သူတွေကို လိုက်လံရှာဖွေခဲ့ကြပါတယ်။ ကားတွေဟာ တံတားက စတီး၊ ကွန်ကရစ် အပိုင်းအစတွေနဲ့အတူ မြစ်နားကို ကျသွားခဲ့တာပါ။ တံတားအောက်မှာတော့ မီးရထားလမ်းတွေနဲ့ ကုန်သွယ်ရေးဇုန်တစ်ခုရှိပါတယ်။ အမည်မဖော်လိုတဲ့ မီးသတ်ဌာနတစ်ခုကတော့ သေဆုံးသူဦးရေဟာ (၃၅)ယောက်အထိ ရှိကြောင်း သတင်းပေးပို့ခဲ့ပါတယ်။

news.com.au

အီတလီခေါင်းဆောင်  ဂျူဆက်ပီကွန်တီကတော့ တံတားကျိုးကျမှုကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကြောက်မက်ဖွယ်တံတားကျိုးကျမှုဖြစ်စဉ်အပြီးမှာ အီတလီမြောက်ပိုင်းမြို့တစ်ခွင်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တဲ့အပြင် ကမ္ဘာတစ်ဝှမ်းကလူတွေပါ အံ့သြတုန်လှုပ်ခဲ့ကြပါတယ်။ ယင်းအဖြစ်ဟာ ဥရောပမှာ (၂၀၀၁)ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူအသေအပျောက်မှုအများဆုံး ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ အင်္ဂါနေ့မနက်တုန်းကတော့ ရာသီဥတုနဲ့ ပတ်သက်လို့ မုန်တိုင်းသတင်းတွေ ထုတ်ပြန်ကြေညာခဲ့ပေမယ့် တာဝန်ရှိသူတွေဟာ တံတားကျိုးကျရတဲ့ အကြောင်းရင်းကို သေသေချာချာ မထုတ်ဖော်ထားသေးပါဘူး။

READ
ကင်ဆာရောဂါသည်အစ်ကိုကို ဆေးကုဖို့ အပျိုစင်ဘဝကိုရောင်းတဲ့ ကျောင်းသူမလေး
news.com.au
news.com.au

လင်းလင်း (ShweMom)

Ref: news

SHARE