အယ်လ်ဇိုင်းမားဖြစ်နေတဲ့သခင်နားမှာ တစ်ချိန်လုံးနှစ်သိမ့်ပေးတတ်တဲ့ ကြောင်လေး

Facebook/Patricia Wright

ပထရစ်စီယာရွိုက်ရဲ့အမျိုးသား ဘော့ဘ်ဟာ အငြိမ်းစားယူပြီးတဲ့ တိရစ္ဆာန်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဘော့ဘ်အတွက် တိရစ္ဆာန်လေးတွေဟာ နှစ်သိမ့်မှုကိုဖြစ်စေပါတယ်။ ဘော့ဘ်က (၂၀၀၉) ခုနှစ်တည်းကစပြီး အယ်လ်ဇိုင်းမားဝေဒနာကို ခံစားလာခဲ့ရပါတယ်။ အဲ့ဒီကတည်းကလို့ အရင်တုန်းက ဘော့ဘ်ကို ပျော်ရွှင်စေခဲ့တဲ့အရာတွေဟာ အခုအခါမှာ ပျော်ရွှင်မှုမပေးနိုင်တော့ပါဘူး။

Facebook/Patricia Wright

ဒါပေမယ့် ဘော့ဘ်အတွက် တစ်ခုတည်းသော မပြောင်းလဲတဲ့ ပျော်ရွှင်မှုလေးကလည်း ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ ကြောင်လေးမူရှူးပါ။ ကြောင်လေးက သခင်ကို အရမ်းချစ်တတ်တဲ့ကြောင်လေးပါ။ မူရှူးက (၂၀၁၃) ခုနှစ်ကတည်းက ခုနေတဲ့အိမ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မူရှူးစရောက်လာတဲ့အချိန်မှာတော့ ဘော့ဘ်ဟာ အယ်လ်ဇိုင်းမားဝေဒနာကို စပြီး ခံစားနေရပါပြီ။

Facebook/Patricia Wright

အယ်လ်ဇိုင်းမားရနေတဲ့သခင်ကို မူရှူးဟာ အများကြီးကူညီပေးခဲ့ပါတယ်။ အမြဲတမ်း ဘော့ဘ်ပေါင်မှာအိပ်လေ့ရှိပါတယ်။ မူရှူးဟာ တစ်ချိန်လုံးဘော့ဘ်နားမှာပဲ ရှိနေတတ်ပြီး ညအိပ်တဲ့အခါကျရင်လည်း သူ့သခင် ဘော့ဘ်နဲ့အတူတူပဲ အိပ်လေ့ရှိပါတယ်။ အိမ်မှာတော့ ဘော့ဘ်အပြင် နော်မန်အမည်ရတဲ့ နောက်ထပ်ကြောင်လေးတစ်ကောင်လည်း ရှိပါသေးတယ်။ ဒါပေမယ့် နော်မန်ကတော့ သခင်တွေနဲ့မူရှူးလောက် တရင်းတနှီးမရှိပါဘူး။

READ
တိရစ္ဆာန်ပေမယ့် ငွေရှာပြီး အိမ်ရာမဲ့တွေကို ထောက်ပံ့နေတဲ့ ကြောင်ကလေး
Facebook/Patricia Wright

မူရှူးဟာ ဘော့ဘ်ကို သေချာစောင့်ရှောက်ပါတယ်။ ဘော့ဘ်ရေချိုးနေတဲ့အချိန်တွေဆိုရင် အသံပေးပြီး အပြင်ကနေစောင့်နေတတ်ပါတယ်။ ထွက်လာရင်တော့ ဘော့ဘ်ကို အဆင်ပြေရဲ့လားဆိုတဲ့ အမေးမျိုးနဲ့ ဘော့ဘ်ခြေထောက်နားမှာ ပွတ်သပ်ပြီး နေလေ့ရှိပါတယ်။

Mooshu and his owner

Patricia’s husband is a former veterinarian and is living with Alzheimer’s disease. Now in the later stages of the condition, there are very few things that give him comfort – apart from his cat. Mooshu is always there for him and is one of the only things that will calm and comfort him throughout the day. We love their snuggles. 💙🐈

Posted by Alzheimer's Society on Thursday, 6 February 2020

ဒါပေမယ့် တစ်ခါတစ်လေ မူရှူးဟာ ဘော့ဘ်အနား အချိန်ပြည့်မရှိနိုင်တာမျိုးလည်း ရှိပါတယ်။ တိရစ္ဆာန်ဘာဝ စားသောက်တာမျိုး၊ အပြင်ထွက်ဆော့တာမျိုး အပေါ့အလေးစွန့်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုအချိန်တွေမှာဆိုရင် ဘော့ဘ်က မူရှူးကို မတွေ့ရလို့ မပျော်တော့ပါဘူး။ ဒါကြောင့် မူရှးမရှိတဲ့အချိန် ဇနီးသည်က ဘော့ဘ်အတွက် အဖော်ရအောင် စက်ရုပ်ကြောင်လေးတစ်ကောင်ကို ၀ယ်ပေးထားပါတယ်။ နောက် မူရှူးပြန်လာတော့မှ သူက စက်ရုပ်ကြောင်လေးနေရာမှာ ပြန်နေရာယူကာ ဘော့ဘ်အနား ပြန်ကပ်နေတတ်တယ်လို့လည်း thedodo သတင်းအရ သိရပါတယ်။

READ
YouTube ကြည့်ရင်း အလုပ်,လုပ်ပြီး တစ်လတစ်လကို သိန်းရာချီဝင်နေတဲ့ ၁၆နှစ်သားလေး
Facebook/Patricia Wright

လင်းလင်း (ShweMom)

SHARE