အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်ရဲ့ ဈာပနအခမ်းအနားမှ ပုံရိပ်များ

အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ် (George Herbert Walker Bush) ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်တဲ့ ဘုရှ်ဟာဆိုရင် သမ္မတရာထူးကို ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ ဆုံးပါးသွားချိန်မှာ အသက် ၉၄ နှစ် ရှိနေခဲ့ပါပြီ။

ဘုရှုဟာ သမ္မတတာဝန် ထမ်းဆောင်စဉ် တစ်လျှောက် ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အိမ်နီးချင်း ကူဝိတ်နိုင်ငံကို ကျူးကျော်ခဲ့တဲ့ အီရတ်တပ်ဖွဲ့တွေကိုလည်း ၄ ရက်အတွင်း အကျအဆုံးနည်းစွာနဲ့ တိုက်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဘုရှ်ဟာ သမိုင်းတစ်လျှောက် လူထုထောက်ခံမှု အများဆုံးရခဲ့တဲ့ သမ္မတများအနက် တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

READ
တရုတ်နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအောက်မှာ ပိရမစ်ပုံစံဂူဗိမာန်တစ်ခုတူးဖော်တွေ့ရှိ
WAVY.com

ဘုရှ်ရဲ့ ရုပ်အလောင်းကို ဂူမသွင်းခင် ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အတွင်းမှာတော့ ဝါရှင်တန်ဒီစီရှိ U.S Capitol အဆောက်အဦးထဲမှာ ဈာပနအခမ်းအနား ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ U.S Capitol အဆောက်အဦးထဲမှာ ဈာပန အခမ်းအနား ပြုလုပ်ခွင့်ရခြင်းဟာ အမေရိကန်နိုင်ငံသားတစ်ဦးအတွက် အရမ်းကို မြင့်မားတဲ့ ဂုဏ်ပြုမှု တစ်ခုဖြစ်ပြီး သမ္မတဟောင်း ဘုရှ်အပါဝင် လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံသား (၃၂)ဦးသာ အဆိုပါ အဆောက်အဦးမှာ ဈာပနအခမ်းအနား ပြုလုပ်ခွင့်နဲ့ ရုပ်အလောင်းကို မြှုပ်နှံခွင့် ပြုခဲ့တာပါ။

Viator

အောက်ဘက်မှာတော့ သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားက ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Fox News

Fox News
EPA
REX

သမ္မတ ထရမ့်တို့ မောင်နှံကတော့ လာရောက်မည်လို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ဈာပနအခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ပါတယ်။

MEGA

ကွယ်လွန်သူ ဘုရှ်ရဲ့ အကြီးဆုံးသားဖြစ်သူ ၄၃ ဆက်မြောက် အမေရိကန်သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်နှင့် ဇနီးသည်

READ
မြည်းတစ်ကောင်ကိုအရှင်လတ်လတ် ကျားစာကျွေးသည့်တရုတ်တိရစ္ဆာန်ရုံဝန်ထမ်းများ
EPA
EPA

သားဖြစ်သူ သမ္မတောင်း ဘုခ်ျတို့ ဇနီးမောင်နှံ၊ သမ္မတောင်း ကလင်တန်တို့ ဇနီးမောင်နှံ၊ သမ္မတောင်း အိုဘားမားတို့ ဇနီးမောင်နှံ၊ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇနီး မီလာနီယာ ထရမ့်တို့နဲ့ (၂၀၁၈)ခုနှစ် ဇွန်လတုန်းက ရိုက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံ

E!Online

Ref: The Sun, Dailymail , ABC News , CNN

SHARE