ဖခင်ဖြစ်သူ နောက်ဆုံးအချိန်မှာ ပြောခဲ့တဲ့စကားကို ဆို့နင့်စွာဖွင့်ဟခဲ့တဲ့ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်

အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက် သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျော့ဂ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်ဟာ ၂၀၁၈ နိုဝင်ဘာ ၃၀ ရက်နေ့တုန်းက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ခဲ့ချိန် သမ္မတဟောင်းဟာ အသက် ၉၄ နှစ်ရှိနေခဲ့ပါပြီ။ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အတွင်း ဝါရှင်တန်ဒီစီရှိ U.S Capitol အဆောက်အဦးထဲမှာ ကျင်းပခဲ့ပါတယ်။

EPA

၃ ရက်အတွင်းမှာ သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကို နိုင်ငံ့ခေါင်းဆောင်တွေရော ပြည်သူတွေပါ အုတ်အုတ်သဲသဲ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ စိုးရိမ်စိတ်တစ်ခု ရှိနေခဲ့တဲ့ သမ္မတဟောင်းရဲ့ တမလွန်ခရီးကိုလည်း အသွားဖြောင့်စေခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့တုန်းက သမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Jim McGrath ဟာ တွစ်တာပေါ်မှာ စတေးတပ်တစ်ခုတင်ခဲ့ပါတယ်။

Instagram

သူတင်ခဲ့တာကတော့ –

“၂၀၁၁ တုန်းက သမ္မတလူကြီးမင်းက စကားတစ်ခွန်းပြောခဲ့ပါတယ်။ ‘ငါ့ရဲ့ ဈာပနကို လူတွေ လာကြပါ့မလား’ ဆိုပြီးတော့ပါ။ ဒီညမှာတော့ လူပေါင်းများစွာက သမ္မတဟောင်းကို ဂါရဝပြုကြဖို့ လာတန်းစီနေခဲ့ကြပါတယ်” လို့ ဘုရှ်ရဲ့ စိုးရိမ်နေခဲ့စိတ်နဲ့ ပတ်သက်လို့ စာတင်ခဲ့တာပါ။

 

ဈာပနအခမ်းအနားရဲ့ နောက်ဆုံးနေ့မှာ ဘုရှ်ရဲ့ အကြီးဆုံးသားဖြစ်သူ အမေရိကန်ရဲ့ ၄၃ ဆက်မြောက် သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်က ဝမ်းနည်းကြောင်းစကား တက်ပြောခဲ့ပါတယ်။ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ ဂျူနီယာ ဘုရှ်က သူ့ဖခင်အတွက် “လောကကြီးမှာ အကောင်းဆုံး ဖခင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အခုဆို တမလွန်မှာ အမေနဲ့ ရော်ဘင်တို့နဲ့ ဆုံနေပြီလို့ မျှော်လင့်ပါတယ်” လို့ ထည့်ပြောခဲ့ပါတယ်။ ဘုရှ်ရဲ့ သမီးဖြစ်သူ ရော်ဘင်ဟာ ၁၉၅၃ တုန်းက အသက် ၃ နှစ်နဲ့ ဆုံးပါးခဲ့တာပါ။

READ
ရောင်းအားကျနေတဲ့ဆိုင်ကို တစ်ညတည်းနဲ့ ရောင်းအား (၄)ဆတက်စေခဲ့တဲ့ မိန်းမလှလေး
AFP

သားဖြစ်သူ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်ဟာ သူ့ဖခင်ရဲ့ နောက်ဆုံးအချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခိုက်အတန့်အကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။ သမ္မတဟောင်း ကွယ်လွန်ဖို့ မိနစ်ပိုင်းပဲ လိုတော့တာ သိသိချင်း သားဖြစ်သူ ဘုရှ်က ချက်ချင်းဖုန်းခေါ်ခဲ့ပါတယ်။ လူနာစောင့်က ဖုန်းကိုင်ခဲ့ပြီး ဖခင်ကြီးက တစ်နေ့လုံး ဘာစကားမှ မပြောဘူးလို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန် နီးကပ်နေခဲ့ပြီဖြစ်တဲ့ ဖခင်ကြီး တစ်ဖက်မှာ ဖုန်းနားထောင်နေမှန်းတော့ သိတဲ့ ဘုရှ်ဟာ “အဖေ.. အဖေ့ကို သားချစ်ပါတယ်.. အဖေက တကယ့်ကို တော်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်” လို့ ပြောပြီး နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။ ဖခင်ကြီး ဘုရှ်ရဲ့ မကွယ်လွန်ခင် နောက်ဆုံးစကားအနေနဲ့ “အဖေလည်း သားကို ချစ်ပါတယ်..” လို့ ပြန်ဖြေသံကို သူ ပြန်ကြားခဲ့ရပုံကို ဈာပနအခမ်းအနား ပရိသတ်တွေ ရှေ့မှာ ပြန်ပြောပြခဲ့ပါတယ်။

BBC

 

ထိုအကြောင်းကို ကြားရခဲ့ကြရတဲ့ အခမ်းအနားရှိ ပရိသတ်တွေရော အွန်လိုင်းပေါ်က လူတွေပါ အကုန် စိတ်ထိခိုက်ခဲ့ကြရပါတယ်။ ဂျော့ဂ်ျ ဒဗလျူ ဘုရှ်ကတော့ ဖခင်ဖြစ်သူအကြောင်းကို ဆို့နင့်စွာ ဖွင့်ဟပြီးနောက် ဝမ်နည်းကြောင်း မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင် သားအဖ နှစ်ဦးရဲ့ မေတ္တာကို မြင်ခဲ့ကြရတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

READ
IS အသေခံသေနတ်သမားများ အီရန်ပါလီမန်ထဲအထိ ၀င်ရောက်ပစ်ခတ်၊ (17)ဦး သေဆုံး
EPA
Instagram

Ref: Today, Fox News, NY Post

SHARE