Maldives မှာ မတော်တရော်ပုံတွေ ရိုက်မိလို့ ထောင်နန်းစံရဖွယ်ရှိနေတဲ့ Influencer မမ

[email protected] geesteelx

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အတက်နိုင်ဆုံး အိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်တော်များများမှာလည်း ပြည်ဝင်ခွင့်တွေ ပိတ်ဆို့ထားပြီဖြစ်တဲ့အပြင် တစ်ချို့နိုင်ငံတွေဆိုရင် ပြည်တွင်းသွားလာခွင့်တွေပါ ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီလောက် ကပ်ရောဂါကြီး ဖြစ်နေတဲ့ အချိန်မှာတောင် ခရီးသွားလာနေတဲ့ လူတွေကလည်း ရှိကြပါသေးတယ်။ အခုပြောပြချင်တဲ့ Influencer မမ တစ်ယောက်ကတော့ COVID 19 ကာလအတွင်း ခရီးသွား ပျော်ပါးခဲ့ရင်းနဲ့ ဒုက္ခတွေ့နေရတဲ့ အကြောင်းပါ။

 

 

View this post on Instagram

 

A post shared by Georgia Steel (@geesteelx)

ပိုဆိုးတာကတော့ သူသွားခဲ့တဲ့ နေရာမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဝတ်စလစ်ပုံတွေကိုပါ ရိုက်ကူးခဲ့တာကြောင့် အဆိုပါ နိုင်ငံရဲ့ ဥပဒေအရ ထောင်ကျနိုင်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။အဆိုပါ Influencer အမျိုးသမီးကတော့ အင်္ဂလန်နိုင်ငံက နာမည်ကျော် Influencer တစ်ဦးဖြစ်တဲ့ Georgia Steel ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံဟာ ပြည်တွင်းမှာလည်း COVID 19 ရောဂါကူးစက်မှုတွေကို အပြင်းအထန် ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

READ
အိမ်မှာလူတွေအကုန်စုံစုံနေတာ ပျော်လွန်းလို့ အမြီးချည်းနှံ့နေခဲ့ရာမှ ဒုက္ခဖြစ်ခဲ့တဲ့ခွေးလေး

 

 

View this post on Instagram

 

A post shared by Georgia Steel (@geesteelx)

ဒီလိုမျိုး ဖြစ်နေတဲ့ အချိန်မှာတောင် Georgia ဟာ ဂရုမစိုက်ခဲ့ပဲ Maldives နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ပိုဆိုးတာတစ်ခုကတော့ Georgia ဟာ Maldives ကမ်းခြေမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားတဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်းစုနိုင်ငံဖြစ်တဲ့ Maldives ဟာ ဘာသာရေးနဲ့ ပတ်သတ်လာရင် အရမ်းအလေးအနက်ထားတဲ့ နိုင်ငံပါ။ ဒါပေမယ့် နိုင်ငံရဲ့ စီးပွားရေးဟာ ခရီးသွားလုပ်ငန်း အပေါ်မှာ အဓိက မူတည်နေတာကြောင့် အချို့အရာတွေကို အလျှော့ပေးထားပြီး ကမ်းခြေတွေမှာ ဘီကီနီနဲ့ ဓာတ်ပုံရိုက်ခွင့်ကိုတော့ ပေးထားပါတယ်။ Georgia  ကတော့ အဆန်းထွင်ပြီး Maldives ကမ်းခြေမှာ အပေါ်ပိုင်း ဗလာကျင်းနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့အတွက်ကြောင့် သူတို့နိုင်ငံရဲ့ စည်းကမ်းတွေကို ချိုးဖောက်သလို ဖြစ်ခဲ့ပါတယ်။

READ
အိုးဘားမားရဲ့အမည်ကို အစွဲပြုပြီး နာမည်ပြောင်းလိုက်တဲ့ အမေရိကန် မူလတန်းကျောင်း

 

 

View this post on Instagram

 

A post shared by Georgia Steel (@geesteelx)

Maldives နိုင်ငံရဲ့ စည်းမျဉ်အရဆိုရင်တော့ ဒီလိုမျိုး ကမ်းခြေမှာ အပေါ်ပိုင်းဗလာကျင်းပြီး ဓာတ်ပုံရိုက်ကူးခဲ့တာက ထောင်ဒဏ်အထိပါ ချမှတ်နိုင်တဲ့ အနေအထား တစ်ခုပါပဲ။ ဒါ့ကြောင့် အခုဆိုရင်လည်း Maldives နိုင်ငံရဲ့ သက်ဆိုင်ရာ အာဏာရှိသူတွေကနေပြီးတော့ Georgia ရဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Georgia Steel (@geesteelx)

Pyi Hein Kyaw

SHARE