အကင်ရောင်းရင်းဇာတ်မြှုပ်နေတာတောင် ဆိုရှယ်မီဒီယာကြောင့်အဖမ်းခံလိုက်ရတဲ့ဝရမ်းပြေး

Facebook "หนังสือพิมพ์ สยามชน"

ထိုင်းနိုင်ငံမှာ တရားမ၀င် လာရောက်ခိုလှုံနေတဲ့ ဂျာမန်ဝရမ်းပြေးတစ်ဦးဟာ ၄င်းရဲ့ လမ်းဘေးမှာ အစားအသောက်ရောင်းနေတဲ့ပုံ အွန်လိုင်းပေါ်တက်လာပြီးနောက်ပိုင်း အဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဂျာမန်အမျိုးသားဟာ အမှုပေါင်းများစွာနဲ့ ဖမ်းဆီးဖို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ကိုယ်တိုင်က ဖမ်းဝရမ်းထုတ်ထားတဲ့ ရာဇ၀တ်သားတစ်ယောက် ဖြစ်ပါတယ်။

ဒီအမျိုးသားက အသက်(၃၄) နှစ်ရှိပြီဖြစ်ပြီး မက်ဆီမီလီယံ ဖန်းဆက်ဘနာ အမည်ရသူပါ။ ၀ရမ်းပြေး မက်ဆီမီလီယံဟာ လမ်းဘေးက ဈေးဆိုင်လေးတစ်ဆိုင်မှာ ကြက်ကင်တုတ်ထိုးလေးတွေရောင်းပြီး ဇနီးသည်ကို ကူညီနေခဲ့တာဖြစ်ပါတယ်။ မက်ဆီမီလီယံရဲ့ ဇနီးသည်ကတော့ အသက်(၂၆)နှစ်အရွယ် ထိုင်းလူမျိုး အမျိုးသမီး ပ၀ါနီးဆရီချိုင် ဖြစ်ပါတယ်။ ပ၀ါနီးရဲ့ မိခင်က နေမကောင်းဖြစ်ပြီး ဖျားနေတဲ့အတွက် သူတို့လင်မယားနှစ်ယောက်က မိခင်ရဲ့ အကင်ဆိုင်ကို ဈေးကူရောင်းပေးနေတာပါ။

ฮือฮาฝรั่งชาวเยอรมันช่วยภรรยาชาวไทยขายไก่ปิ้งริมถนน ที่ปากช่องฝรั่งชาวต่างชาติรายนี้ชื่อชื่อมิสเตอร์แม๊กซ์…

Posted by หนังสือพิมพ์ สยามชน on Wednesday, May 15, 2019

တစ်ရက်မှာတော့ မက်ဆီမီလီယံရဲ့ တုတ်ထိုးအကင်တွေကို ကင်နေတဲ့ပုံ၊ အကင်တွေကို စီနေတဲ့ပုံ၊ ဈေးသည်တွေကို ဈေးရောင်းနေတဲ့ပုံနဲ့  အကင်ဆိုင်ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်ရောက်ပြီး ပြန့်သွားပါတယ်။ ထိုင်းနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ လူဖြူတစ်ယောက်က လမ်းဘေးဈေးသည်လုပ်နေတယ်ဆိုတော့ နည်းနည်းပါးပါး အထူးအဆန်းဖြစ်သွားပုံရပါတယ်။ ၄င်းပို့စ်ကို ဆိုရှယ်မီဒီယာမှာ ရှဲကြရင်းကနေ ထိုင်း လူဝင်မှုကြီးကြပ်ရေးက မြင်သွားခဲ့ပါတယ်။ ၄င်းလူဖြူရဲ့အကြောင်းကို လိုက်လံစုံစမ်းရာကနေ ဂျာမန်ဝရမ်းပြေးဆိုတာ သိလိုက်ရတာပါ။

READ
အသက်ကြီးလေ စတန့်လုပ်ရတာ ၀ါသနာပါလေဖြစ်လာတဲ့ တွမ်ခရုစ်

မက်ဆီမီလီယံဟာ ထိုင်းနိုင်ငံထဲကို ပြစ်မှုတိမ်းရှောင်ဖို့အတွက် တရားမ၀င်ခိုးဝင်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုရေးရာ ရဲအဖွဲ့အစည်း Interpol ကလည်း (၂၀၁၇) ခုနှစ်ကတည်းကစပြီး သူ့ကို ပြစ်မှုမျိုးစုံနဲ့ အလိုရှိကြောင်း အနီရောင်အဆင့် အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ မူးယစ်ဆေး တရားမ၀င်ရောင်းချခြင်း၊ ခိုးမှု၊ လုယက်မှုတွေမှာ ပါဝင်ပတ်သက်ခြင်း၊ ကလေးငယ်တွေရဲ့မဖွယ်မရာပုံတွေကို လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ဖြန့်ဖြူးခြင်းစတဲ့ ပြစ်မှုတွေနဲ့ မက်ဆီမီလီယံကို ဂျာမနီရဲအဖွဲ့က အလိုရှိနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ရဲတွေဟာ သိသိချင်းပဲ မက်ဆီမီလီယံကို ဖမ်းဆီးဖို့ ဓာတ်ပုံထဲမှာတွေ့ရတဲ့ ၄င်းအကင်ရောင်းချရာနေရာကို ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ရှာမတွေ့ပါဘူး။ တစ်လတိုင်အောင် မက်ဆီမီလီယံရဲ့ ဇနီးသည်နေအိမ်နားမှာ ရဲကင်းချထားပေမယ့် တရားခံပြေးက အစအနကို ပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ ဇွန်လလယ်လောက်မှာတော့ ဒေသခံတစ်ချို့က လူမနေတဲ့အဆောက်အဦးတစ်ခုမှာ နိုင်ငံခြားသားတစ်ယောက် ၀င်ထွက်နေတယ်ဆိုပြီး သတင်းပေးလာပါတယ်။

READ
ရာဇ၀တ်သားနဲ့ အမွှာဖြစ်နေလို့ အမြဲတမ်း နောက်ကျောမလုံရပါဘူးဆိုတဲ့ အမျိုးသား

အဲဒီအဆောက်အဦးဆီ ရဲတွေသွားတော့လည်း တရားခံကို ချက်ခြင်းမဖမ်းမိသေးပါဘူး။ မက်ဆီမီလီယံက အနီးနားတောအုပ်ထဲက ချောင်းစွယ်တစ်ခုထဲမှာ သွားပုန်းနေခဲ့ပြန်ပါသေးတယ်။ သူဟာ ပလတ်စတစ်ပိုက်ကိုသုံး ရေအောက်ထဲကနေ အသက်ရှူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် (၃) ရက်မြောက်နေ့မှာတော့ မက်ဆီမီလီယံကိုယ်တိုင် ရဲတပ်ဖွဲ့ကို အညံ့ခံပြီး အဖမ်းခံခဲ့ပါတယ်။ လက်ရှိမှာ ၄င်းတရားခံပြေးကို ထိုင်းရဲတွေက ထိန်းသိမ်းထားပြီး တစ်ပတ်အတွင်း နေရပ်ဂျာမနီကို တရားစီရင်ဖို့ ပြန်ပို့မယ်လို့ဆိုပါတယ်။ ၄င်းရဲ့ ဇနီးသည်ကတော့ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထားကြောင်း မတွေ့ရတဲ့အတွက် စွဲချက်အတင်မခံရဘူးလို့တော့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE