အဆော့သန်ပြီးဆိုးသွမ်းတဲ့ကလေးတွေကို သဲအိတ်အင်္ကျီဝတ်ဆင်ခိုင်းမယ့် ဂျာမနီကျောင်းများ

ဂျာမနီမှာရှိတဲ့ကျောင်းတွေဟာအရမ်းအဆော့သန်ပြီး ဆိုးသွမ်းတဲ့ကလေးတွေကို ထိုင်ခုံမှာငြိမ်ငြိမ်နေအောင် သဲအပြည့်ထည့်ထားတဲ့အင်္ကျီတွေဝတ်ဆင်ခိုင်းမယ်လို့သိရပါတယ်။ သဲအိတ်အင်္ကျီတွေဟာ (၂.၇)ပေါင် ကနေ (၁၃)ပေါင်ကြားအလေးချိန်ရှိပါတယ်။

(Picture: PA)

အချို့မိဘတွေက သူတို့သားသမီးတွေကို သဲအိတ်တွေဝတ်ပေးခိုင်းတာနဲ့ပတ်သက်ပြီး သဘောမကျကြပေမယ့် ကျောင်းပေါင်း(၂၀၀)ခန့်ကတော့ လိုက်နာကျင့်သုံးလျက်ရှိကြောင်း သိရပါတယ်။ ကျောင်းတွေက သဲအိတ်အင်္ကျီတစ်ထည်ဟာ (၁၂၄)ပေါင် ကနေပေါင်(၁၅၀)ကြားတန်ဖိုးရှိကြောင်းနဲ့ ဆိုက်ဒ်တစ်မျိုးထဲရှိကြောင်း ဆိုပါတယ်။ ကျောင်းတွေက သာမန်ထက်ပိုပြီး စနောက်အဆော့သန်လွန်းတဲ့ကလေးတွေအတွက် Ritalin လိုမျိုးဆေးဝါးသုံးစွဲတာထက်စာရင် သဲအိတ်တွေက အန္တရာယ်ပိုကင်းကြောင်းဆိုခဲ့ပါတယ်။

Amazon

ဟမ်းဘက်ဂ်မှာရှိတဲ့ Grumbrechtstrasse ကျောင်းက Gerhild de Wall ဆိုသူကတော့ကလေးတွေကို သဲအိတ်ဝတ်စုံတွေဝတ်ဖို့ ကျောင်းအနေနဲ့အတင်းအကြပ်မပြောဆိုတဲ့အကြောင်းနဲ့ ကလေးတွေက ၀တ်စုံတွေကို ၀တ်ရတာနှစ်သက်ကြောင်းဆိုခဲ့ပါတယ်။ ယခုလိုအိုင်ဒီယာဟာ ဆွံ့အနားမကြားကလေးတွေအတွက် အမေရိကန်ကျောင်းဆရာတွေက အသုံးပြုကြတဲ့အင်္ကျီအပေါ်မှာအခြေခံခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

READ
နောက်ပြောင်တဲ့ စကားတစ်ခွန်းကြောင့် ထောင်ဒဏ်(၆)လ ချမှတ်ခံရတဲ့ အီဂျစ်အဆိုတော်
PA:PRESS ASSOCIATION

ကျောင်းသားမိဘတစ်ဦးကတော့ သူမရဲ့သားဖြစ်သူဟာလည်း ကျောင်းမှာ၂ကီလိုဂရမ်အလေးချိန်ရှိတဲ့ သဲအင်္ကျီကိုဝတ်ဆင်ထားရကြောင်းဆိုပါတယ်။ သူမက အင်္ကျီကြောင့်သားဖြစ်သူဟာကျောင်းစာတွေမှာ ပိုမိုအာရုံစိုက်နိုင်တဲ့အကြောင်းနဲ့ လက်လှုပ်လှုပ်ခြေလှုပ်လှုပ်ဖြစ်နေတာတွေ လျော့သွားတယ်လို့ပြောပြပါတယ်။

အချို့မိဘတွေကျတော့လည်း ၀တ်စုံတွေကစိတ်ရောဂါကုဆေးရုံမှာ ဆိုးသွမ်းသောင်းကျန်းတဲ့လူနာတွေကို ၀တ်ပေးတဲ့ဝတ်စုံနဲ့တူတယ်လို့ဆိုပါတယ်။ မိဘတစ်ဦးကတော့ သဲအင်္ကျီအပေါ်ထပ်ဝတ်လိုက်တဲ့အခါ ကလေးဟာအတန်းထဲမှာရှိတဲ့လူတွေကနေ ကွဲထွက်ပြီး ကျပ်မပြည့်တဲ့ပုံစံဖြစ်သွားကြောင်းနဲ့ ကလေးတွေကိုယခုလိုနှိပ်စက်မှုမျိုးတွေကနေ ရှောင်သင့်တဲ့အကြောင်း ပြောပြခဲ့တယ်လို့သိရပါတယ်။

လင်းလင်း (ShweMom)

SHARE