အိမ်တွင်းပုန်းနေရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ဂိမ်းကိုတီထွင်ခဲ့တဲ့ ဂျာမန်ညီအစ်မ(၄) ဦး

corona-brettspiel.de

ဂျာမနီနိုင်ငံ Schwaderlapp မိသားစုက ညီအစ်မ၄ယောက်ဟာ ကိုရိုနာလော့ခ်ဒေါင်း ပထမဆုံးချစဉ်မှာပဲ သူတို့ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ Corona ကတ်ပြားဂိမ်းတစ်ခုဖန်တီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အခုရေ ထောင်နဲ့ချီပြီးရောင်းချခဲ့ပြီဖြစ်ပါတယ်။

corona-brettspiel.de

Corona ဂိမ်းကိုတော့ လူ၎ယောက်အထိ ကစားနိုင်ပါတယ်။ ပါဝင်ကစားသူတွေဟာ အိမ်ဘေးက အသက်ကြီးတဲ့အိမ်နီးချင်းတစ်ဦးအတွက် ဈေးဝယ်ပစ္စည်းတွေကို စာရင်းပါအတိုင်းဝယ်ပေးရမှာဖြစ်ပါတယ်။ ပါဝင်ကစားသူတွေဟာ ကတ်တွေစုဆောင်းနိုင်ပြီး ကတ်တွေကို လဲလှယ်နိုင်ပါတယ်။

corona-brettspiel.de

စာရင်းအတိုင်းပစ္စည်းအားလုံးကို အရင်ဆုံးဝယ်နိုင်တဲ့သူကတော့ ပွဲမှာအနိုင်ရရှိပါမယ်။ ဈေးဝယ်တဲ့ခရီးလမ်းတစ်လျှောက်မှာတော့ ဗိုင်းရပ်စ်တွေနဲ့တွေ့ဆုံမှာဖြစ်ပြီး quarantine ဝင်ရတာတွေလည်း ရှိဦးမှာဖြစ်ပါတယ်။ ကစားသမားတစ်ဦးချင်းစီဟာ အခြားသူတွေနဲ့ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်နိုင်သလို ကျန်ကစားသူတွေသွားရခက်ခဲအောင် သူတို့လမ်းကြောင်းကို ဗိုင်းရပ်စ်တွေနဲ့ပိတ်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။

အဆိုပါညီအစ်မတွေဟာ ပထမဆုံးလော့ဒေါင်းကျကျခြင်း ညနေခင်းအချိန်တွေမှာ ဂိမ်းအကြောင်းစဉ်းစားကြပြီး တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာခဲ့တာဖြစ်ပါတယ်။ ကပ်ရောဂါနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာနဲ့ မီဒီယာသတင်းတွေဆီကလည်း အကြံဉာဏ်တွေ စုဆောင်းခဲ့ပါတယ်။

READ
လိင်တူချစ်သူနဲ့ ပေါင်းဖက်နိုင်ဖို့ ဇနီးဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမျိုးသား

သမီးတွေရဲ့ ကြိုးစားအားထုတ်မှုကိုမြင်ပြီး သူတို့တွေရဲ့ဖခင် Benedikt Schwaderlapp ကတော့ ဂိမ်းကို ဈေးကွက်ထဲတင်ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကျွမ်းကျင်သူတစ်ဦးကိုငှားပြီး ကတ်တွေဒီဇိုင်းဆွဲတာ၊ ကတ်ပြားဒီဇိုင်း၊ သေတ္တာဒီဇိုင်းအားလုံးကို ဖန်တီးခဲ့ပါတယ်။ လက်ရှိမှာတော့ စုစုပေါင်း အခု ၂၀၀၀ ရောင်းချနိုင်ခဲ့ပြီးဖြစ်တဲ့အပြင် ဂျာမနီတစ်လွှားမှာတော့ ၄င်းဂိမ်းက ပိုပြီးလူသိများလာနေတယ်လို့လည်း reuters သတင်းအရ သိရပါတယ်။

ShweMom

SHARE