ဂျာမနီက ရင်နင့်ဖွယ်အဖြစ်အပျက်နဲ့ ရိုမီရို၊ ဂျူးလိယက် ဘဲငန်းစုံတွဲလေး

Freepik- alexeygalutva

ကျွန်တော်တို့တွေက လူသားတွေစီမှာပဲ ချစ်တတ်တဲ့အသည်းနှလုံးတွေေ ရှိတယ်ဆိုပြီး ထင်နေကြပေမယ့်လို့ တကယ်တမ်း လူတွေထက် အသိဥာဏ်နိမ့်ပါးတယ်ဆိုတဲ့ တိရိစ္တာန်လေးတွေမှာလည်း ခံစားချက်ကိုယ်စီနဲ့ ချစ်တတ်တဲ့ အသည်းနှလုံးလေးတွေ ရှိတတ်ကြပါတယ်။ ဒီအချက်ကိုတော့ ဂျာမနီကဘဲငန်းစုံတွဲလေးက သက်သေပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တုန်းက ဂျာမနီရဲ့ Mitteldeutschland မှာ လူတွေကို စုစုရုံးရုံးဖြစ်သွားစေခဲ့တဲ့ အဖြစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ Kassel နဲ့ Gottingen တို့ကို ဆက်ထားတဲ့ ရထားသံလမ်းပေါ်မှာ ဘဲငန်ေးလေးတစ်ကောင် အော်ညည်းနေခဲ့တာပါ။ ဘေးမှာလည်း အသက်မဲ့နေတဲ့ နောက်ဘဲငန်းတစ်ကောင်ဟာလည်း လဲလျောင်းနေခဲ့ပါတယ်။

Freepik- wirestock

ဖြစ်ပုံကတော့ သေသွားတဲ့ဘဲငန်ေးလေးဟာ ရထားလမ်းပေါ်မှာရှိနေတဲ့ power ကြိုးတွေပေါ်ကို နားမိပြီးတော့ ဓာတ်လိုက်ကာ သေဆုံးသွားခဲ့တာပါ။ ဒါကို ဘေးနားမှာပါလာတဲ့ ချစ်သူဘဲငန်ေးလေးဟာ အော်ဟစ်ပြီး ငိုကြွေးနေဟန်ရှိနေခဲ့ပါတယ်။

ဘဲငန်းနှစ်ကောင်ကြောင့် ရထားခရီးစဉ်ပေါင်း ၂၃ ခုဟာ ၁ နာရီနီးပါးကိုနောက်ကျခဲ့ပါတယ်။ နောက်ဆုံး ဘဲငန်းလေးတွေကိုလည်း မီးသတ်ကိုခေါ်ပြီး ခက်ခက်ခဲခဲနဲ့ ရွှေ့ခိုင်းရပါတော့တယ်တဲ့။ အရင်ဆုံး သေနေတဲ့ ဘဲငန်းလေးကို ဝါယာကြိုးတွေကြားထဲက ပုံမပျက်အောင် မနည်းထုတ်ခဲ့ကြပြီး အသက်ရှင်ကျန်ခဲ့တဲ့ ဘဲငန်းလေးကိုတော့ အနီးနားက Fulda မြစ်ထဲကို ဘေးမသီရန်မခဘဲနဲ့ လွှတ်ပေးခဲ့ပါတယ်။

Freepik- freedomnaruk

ဗြိတိန်ရဲ့ ကျေးငှက်ကာကွယ်ရေးအဖွဲ့အရ ဘဲငန်းလေးတွေဟာ တစ်သက်မှာ မိတ်ဆက်တစ်ယောက်ကိုပဲ သစ္စာရှိရှိလက်တွဲကြပါတယ်တဲ့။

Freepik- kyslynska388189

penny

SHARE