အများသုံးအိမ်သာထဲက ရောဂါပိုးကူးစက်နိုင်ခြေကို ပိုများစေတဲ့ အမူအကျင့်များ

မသုံးမဖြစ်လို့ အများသုံးအိမ်သာ သွားရတဲ့အခါမျိုးဟာ စိတ်ညစ်ညူးစရာပါ။ လူတန်းစားအလွှာအစုံက လူတွေ အိမ်သာလာတက်ကြ၊ သူတို့ကိစ္စ၀ိစ္စတွေကို ပြီးစီးအောင် ဒီအိမ်သာမှာပဲ လုပ်ကိုင်သွားတာတွေက တွေးကြည့်လေ စက်ဆုပ်စရာဖြစ်လေပါ။ ဒါပေမယ့်လည်း တကယ်တမ်း ကိုယ့်မှာ အခက်အခဲနဲ့ တွေ့လာရပြီဆိုရင် လူပေါင်းစုံတက်နေတဲ့ အိမ်သာထဲ မသွားချင်ပါဘူးဆိုလည်း သွားရတာပါပဲ။

အရင်တုန်းက အများသုံးအိမ်သာတွေဆိုတာ ဆောင့်ကြောင့်ထိုင်ရတာတွေ များပါတယ်။ အခုခေတ်မှာတော့ ခေတ်လည်းမှီ၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးနဲ့လည်း သင့်တော်တဲ့ ဘိုထိုင်တွေက အတော်ကြီး အသုံးများလာပါတယ်။ ဒါပေမယ့် အိမ်သာလည်းတက်ချင်၊ အများသုံးအိမ်သာသုံးလို့ ဟိုပိုး၊ ဒီပိုး ပိုးတွေ ကူးမှာ ကြောက်တဲ့သူတွေကတော့ ဘိုထိုင် အိမ်သာထိုင်ခုံပေါ်မှာ အိမ်သာသုံးစက္ကူလေးတွေ အခုလို ခင်းပြီး ထိုင်တတ်ကြပါတယ်။ သန့်အောင် ပေါ့နော်။

elitereaders

ဒါပေမယ့် လေ့လာသူတွေကတော့ ဒီလိုလုပ်တာဟာ ဘက်တီးရီးယားတွေကို ကိုယ့်ဆီ ၀င်ရောက်ကူးစက်နိုင်ဖို့ အခွင့်အလမ်း ပိုများစေတယ်လို့ ဆိုပါတယ်။ အိမ်သာသုံးစက္ကူတွေဆိုတာ အမှန်တော့ ဘက်တီးရီးယားတွေရဲ့ နယ်ပယ်ကြီးပါ။ ဘယ်သူမဆို အိမ်သာထဲဝင်ရင် အိမ်သာထဲက အိမ်သာသုံးစက္ကူကို သုံးပြီး ကိစ္စကြီးငယ်မှန်သမျှ လုပ်ကြပါတယ်။ ဒါ့အပြင် အိမ်သာကို ရေဆွဲချလိုက်တဲ့အခါမှာလည်း လေထဲကို ဘက်တီးရီးယားတွေက ပြန့်နှံ့သွားပြီး အိမ်သာသုံးစက္ကူမှာ သွားကပ်ပါတယ်။ ဒါကြောင့်လည်း စက္ကူထဲမှာ ပိုးတွေရှိနေတာပါ။

READ
ဒိုက်ထိုးတာ တကယ်ရော ပုံစံမှန်ပြီလား (ပုံစံမှန်မှ ကြွက်သားတွေကြည့်လို့ကောင်းမှာနော်)

ဒါပေမယ့် အိမ်သာထိုင်ခုံဖုံးကျတော့ သူ့မျက်နှာပြင်က ခပ်ကွေးကွေး ချောချောမွေ့မွေ့ဖြစ်တာကြောင့် ဘက်တီးရီးယားတွေ ခိုအောင်းဖို့ မလွယ်ကူပါဘူး။ ရှိရင်လည်း အနည်းငယ်သာ ရှိနိုင်လို့ ပိုးသတ်ဆေးနဲ့ နည်းနည်းလောက် ဖြန်းပေးရင်ပဲ လုံလောက်ပါပြီ။ အိမ်သာထိုင်ခုံးဖုံးတင်မကပါဘူး။ အိမ်သာထဲမှာ နောက်ထပ်ဘက်တီးရီးယားတွေ အခြေချရာ နေရာလည်း ရှိပါသေးတယ်။ အဲဒါကတော့ လျှပ်စစ်လက်အခြောက်ခံစက်ပါ။

Tomwsulcer

တစ်ကယ်လို့ လူတစ်ယောက်က လက်ကို ရေဆေးပြီး အခြောက်ခံစက်ထဲ လက်ထည့်ပြီး လေမှုတ်ခံတယ်ဆိုပါစို့။ သူ့လက်က ကျလာတဲ့ ရေစက်တွေဟာ အခြောက်ခံစက်ရဲ့ အောက်ခြေမှာ သွားစုနေမှာပါ။ နောက်တစ်ယောက်က ထပ်သုံးလို့ လေမှုတ်လိုက်တဲ့အခါမှာတော့ ပိုးမွှားတွေဟာ လေနဲ့ တစ်ဖန်ပြန်လည် ပြန့်နှံ့ပြီး ကိုယ့်ရဲ့လက်မှာ ပြန်ကပ်ညှိနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အများသုံးအိမ်သာတွေဆိုတော့ (၁၀၀) ရာခိုင်နှုန်း ရောဂါပိုးကင်းစင်စွာနဲ့ စိတ်ချပြီးသုံးလို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခုလို နည်းလမ်းတွေကို သိထားတဲ့အခါ ဘက်တီးရီးယားရောဂါပိုးတွေ ရန်က ပိုပြီး ထိရောက်စွာ ကာကွယ်နိုင်မယ်လို့ ယူဆလိုက်ရပါတယ်။

လင်းလင်း (ShweMom)

READ
ခေတ်စားနေတဲ့ကိုရီးယားခေါက်ဆွဲထုပ်အစပ်ကို အပတ်တိုင်းစားလို့ ရောဂါရခဲ့တဲ့ အမျိုးသမီး

Ref: elitereaders

SHARE