နှစ်မိနစ်အတွင်း ခေါင်းကိုက်အမြန်ပျောက်စေမယ့် ရိုးရှင်းတဲ့ မေးခွန်းသုံးခု

YouTube ဗွီဒီယိုအကျော်အမော်တစ်ယောက်ဖြစ်တဲ့ Kamil က ခေါင်းကိုက်အမြန်ပျောက်စေဖို့ သူရဲ့နည်းလမ်းကို မျှဝေ
ပေးခဲ့ပါတယ်။ သူဟာ YouTube မှာ Kamil’s View ဆိုတဲ့ အစီအစဉ်ကို ထုတ်လွှင့်နေသူ ဖြစ်ပြီး သူရဲ့ နည်းလမ်းနဲ့ ခေါင်းကိုက်ပျောက်ကင်းသွားခဲ့ကြောင်း လူတွေရဲ့ ထောက်ခံမှု မြင့်တက်ခဲ့ပါတယ်။ သူက ခေါင်းကိုက်ခြင်းကို နှစ်မိနစ်အတွင်း အမြန်ပျောက်စေရမယ်လို့ ဆိုပါတယ်။

အဲဒီဗွီဒီယိုဖိုင်ကို 2 သန်းနီးပါး ရှိခဲ့ပြီး သူရဲ့ မေးခွန်းတွေဟာ လွယ်ကူးရိုးရှင်းပြီး လက်တွေ့ကျတယ်လို့ ပရိသတ်က ထောက်ခံခဲ့ပါတယ်။ Kamil က ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး “ကျွန်တော် ခင်များတို့ကို မေးခွန်းသုံးခု မေးမယ်ဗျာ … ခင်ဗျားတို့ကလည်း အဲဒီမေးခွန်းအဖြေကို စဉ်းစားထားစေချင်တယ် “လို့ မိတ်ဆက်ခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး မေးခွန်းတွေ မေးခဲ့ပါတယ်။ ” ခေါင်းကိုက်တယ်ဆိုတာ ဘယ်မှာရှိလဲ … ?” ” ခေါင်းကိုက်ခြင်းဟာ ဘာအရောင်ရှိသလဲ … ?” ” ခေါင်းကိုက်ခြင်းမှာ ပုံသဏ္ဍန်ရှိလား … ? “ဆိုပြီး မေးခဲ့ပါတယ်။

READ
ဘာကြောင့် အိပ်ချိန်ပြည့်ဝရဲ့သားနဲ့ နိုးလာရင် မောပန်းနွမ်းနယ်နေရတာလဲ

ဒါဟာ စိတ်ကို အလုပ်ပေးတဲ့ မေးခွန်းဖြစ်ပြီး ခေါင်းကိုက်ခြင်း ဘယ်မှာရှိလဲဆိုပြီး ကိုယ်ရဲ့ ခေါင်းကို အာရုံပြုစဉ်းစားလိုက်
တဲ့အခါ ကိုက်နေတဲ့ ဝေဒနာဟာ ဘယ်နေရာကမှန်း တိတိကျကျ မသိနိုင်လို့၊ စိတ်ထဲမှာ စိတ်သက်သာရာရပြီး ပျောက်
ကင်းသွားပါတယ်။

ဒီနည်းနဲ့မှ မပျောက်သေးဘူးဆိုရင် ဒီခေါင်းကိုက်ခြင်းရဲ့ အရောင်ကို စဉ်းစားလိုက်တဲ့အခါမှာ ခေါင်းကိုက်ခြင်းဟာ အ
ရောင်မရှိဘူး … ဘယ်နေရာရှိမှန်းတောင် မသိရဘူးဆိုပြီး စိတ်ထဲမှာ ရှင်းလင်းကာ ခေါင်းကိုက်ခြင်း သက်သာသွားပါ
တယ်။

နောက်ဆုံး ခေါင်းကိုက်ခြင်းရဲ့ ပုံပန်းသွင်ပြင်က ဘယ်လိုအရာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းကိုက်ခြင်းဟာ စိတ်ကနေ သိရှိခံစားရတာဖြစ်တယ် … တကယ် လက်တွေ့ဘ၀မှာတော့ ဘယ်လိုပုံစံဆိုတာ တိတိကျကျ ပြောလို့မရဘူး … ဒီတော့ ခေါင်းကိုက်ခြင်းဟာ တိတိကျကျ ပြောလို့မရတဲ့ အရာဖြစ်ပြီး တကယ်တမ်း ရှာကြည့်တော့ မတွေ့တော့ဘူး-ဆိုပြီး နားလည်သဘောပေါက်ကာ ခေါင်းကိုက်ခြင်း ပြေလျှော့သွားပါတယ်။ ဒီနည်းဟာ အောင်မြင်ခဲ့ပြီး သူ့ရဲ့ ဗွီဒီယိုအောက်မှာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ၀င်ရောက်ရေးသားခဲ့ကြပါတယ်။

READ
ပိန္နဲသီးစားခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE