လူချစ်လူခင်ပေါများစေဖို့ လိုက်နာရမယ့်နည်းလမ်း(၆)ခု

Rawpixel.com/shutterstock

သင့်ရဲ့လုပ်ငန်းခွင်အသိုင်းအ၀ိုင်းမှာ၊ ဒါမှမဟုတ် သင့်ရဲ့ပတ်ဝန်းကျင်မှာ သင်ဟာ လူချစ်လူခင်ပေါများပြီး မျက်နှာပွင့်ရတဲ့သူမျိုး မဖြစ်ချင်ဘူးလား။ လူတွေက သင့်အကြောင်းကို ဂရုတစိုက်နဲ့ပြောနေကြမယ်၊ ကိစ္စတစ်ခုခုဆိုရင် သင့်ကိုအလေးအနက်ထားပြီးတိုင်ပင်မယ်၊ သင်ဟာ သူတို့စိတ်ထဲမှာ တကယ်လေးစားချစ်ခင်ပြီး အားကိုးရတဲ့သူတစ်ယောက်အဖြစ်ရှိနေမယ်။ ဒီလိုဖြစ်လာဖို့ဆိုတာ လွယ်ပါတယ်။ သင့်အနေနဲ့ အောက်မှာပါတဲ့အချက်(၆)ချက်ကို လိုက်လုပ်ကြည့်ရုံပါပဲ။ ဘယ်လိုအချက်တွေလဲဆိုတာ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး။

(၁)။ သင့်ကိုယ်သင် ယုံကြည်မှုရှိအောင်နေပါ

သင့်ဆီမှာ သပ်ရပ်သန့်ရှင်းတဲ့ ၀တ်စားဆင်ယင်ပုံမျိုးကို အမြဲတွေ့ရမယ်။ သင်ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားကြောင်း သိသာနေတယ်။ အဲဒီလို လူမျိုးဆိုရင် လူတွေက ပိုပြီး ခင်မင်ချင်ကြပါတယ်။ သင့်ဆီကနေ ဆွဲဆောင်မှုတစ်ခုခု ခံစားရတယ်လို့ သူတို့ခံစားရလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့သန့်ရှင်းသပ်ရပ်မှုကို ကြည့်ပြီး သင်ဟာ စည်းကမ်းတကျနေတတ်တဲ့သူ၊ ယုံကြည်ရတဲ့သူ လို့ပါ သူတို့ ခံစားရလိမ့်မယ်။ ဒီတော့ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်နဲ့ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်နေနိုင်ဖို့ အမြဲကြိုးစားပါ။

READ
မိန်းကလေးတွေပြောနေကျစကားတွေထဲကလုပ်ဖြစ်ဖို့ အခက်ဆုံးစကား (၅) ခွန်း
lassedesignen/ShutterStock
(၂)။ ပြုံးပါ

သင့်ရဲ့အသိအကျွမ်းတွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံတဲ့အချိန်တွေတိုင်း ပြုံးဖို့မမေ့ပါနဲ့။ ပြုံးတာဟာ သင့်ကို ဖော်ရွေမှုရှိတဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားစေတဲ့အပြင် သင်ဟာ သဘောကောင်းပြီး သူတို့ကို မကောင်းကြံမယ့်သူ မဟုတ်ဘူးလို့လည်း ခံစားသွားရပါလိမ့်မယ်။

Jacob Lund/ShutterStock
(၃)။ နာမည်တွေမမေ့ပါနဲ့

တတ်နိုင်သမျှတော့ သင်နဲ့ သိကျွမ်းဖူးတဲ့သူတွေရဲ့နာမည်ကို မှတ်ထားဖို့မမေ့ပါနဲ့။ မတော်တဆ လူချင်းဆုံမိတဲ့အခါ သူတို့ရဲ့နာမည်ကိုမေ့နေတာမျိုးက သင့်အနေနဲ့ သူတို့အပေါ်အလေးမထားဘူးလို့ ထင်သွားစေပါလိမ့်မယ်။ သင်နဲ့တစ်ခါလောက် ဆုံဖူးတဲ့သူပဲဖြစ်ပါစေ။ သူတို့ရဲ့နာမည်ကို သင်မှတ်မိနေကြောင်း ပြလိုက်တာမျိုးက သင်ဟာ သူတို့အပေါ် ဘယ်လောက်အလေးထားကြောင်း ပြလိုက်သလိုပါပဲ။

(၄)။ လေးလေးစားစားဆက်ဆံပါ

သင့်ရဲ့ပတ်ဝန်းကျင်မှာနေသူတွေအများစုက သင်နဲ့ရွယ်တူတွေ၊ သင့်ထက်အသက်ငယ်သူတွေ ဖြစ်ခဲ့ရင်တောင် သူတို့အပေါ် လေးလေးစားစားဆက်ဆံဖို့ မမေ့ပါနဲ့။ သင့်အနေနဲ့ စကားလုံးနဲ့ပဲဖြစ်ဖြစ်၊ အမူအရာနဲ့ပဲဖြစ်ဖြစ် သူတို့အပေါ် မရိုင်းဘူးလို့ ခံစားရရင် သင့်ကိုပိုပြီး ချစ်ခင်လာကြမှာပါ။

READ
အိမ်တွင်းက ကြွက်တွေကို သဘာဝနည်းနဲ့ အလွယ်တကူ မောင်းထုတ်နည်း
fizkes/Shutterstock
(၅)။ အာရုံစိုက်ပြီးနားထောင်ပေးပါ

ကိုယ့်ကိုမိတ်ဆွေတစ်ယောက်က တစ်ခုခု တိုင်ပင်တာ၊ ဒါမှမဟုတ် ပြောပြတာမျိုး ကြုံတဲ့အခါ အာရုံစိုက်ပြီး နားထောင်ပေးဖို့ မမေ့ပါနဲ့။ စကားဆုံးတဲ့အထိ သေချာလေး အာရုံစိုက်နားထောင်ပေးပါ။ အဲဒီနောက် သင့်တော်တဲ့ အကြံဥာဏ်တစ်ခုခု၊ လမ်းညွှန်ချက်တစ်ခုခုကိုပေးပါ။ သင်ဟာ သူတို့ရဲ့ကိစ္စတွေကို အလေးထားပြီး နားထောင်ပေးတယ်လို့ ထင်လာကြတာနဲ့တပြိုင်နက်တည်း သင့်အပေါ်ထားတဲ့ သူတို့ရဲ့ ယုံကြည်မှုလည်း မြင့်မားလာပါလိမ့်မယ်။

(၆)။ ချီးကျူးပါ

ကိုယ့်ရဲ့မိတ်ဆွေတွေ ၊ အပေါင်းအသင်းတွေနဲ့ဆုံတဲ့အခါတိုင်း သူတို့ရဲ့အားသာချက်လေးတွေ၊ ကောင်းကွက်လေးတွေကို ချီးကျူးပေးဖို့မမေ့ပါနဲ့။ လူတိုင်းက အကောင်းပြောခံချင်သူတွေ၊ ချီးကျူးခံချင်သူတွေချည်းမို့ သင့်ရဲ့ပြောစကားတွေဟာ သူတို့အတွက် အင်အားတစ်ခု ဖြစ်လာပါလိမ့်မယ်။

Linn

Source : Wikihow

SHARE