ကားထဲ လက်ကြီးတစ်ဖက် ရုတ်တရက်ပေါ်လာခဲ့တဲ့ မလေးရှားက ခြောက်ခြားဖွယ် ဖြစ်ရပ်

Twitter/Khalid(Better)

သိပ္ပံပညာနဲ့ လက်လှမ်းမမှီလောက်အောင် ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေဆိုတာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ မလေးရှားနိုင်ငံက လမ်းတစ်လမ်းမှာလည်း တစ္ဆေဆန်ဆန် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုကို ဗီဒီယိုကနေတဆင့် တွေ့မြင်ခဲ့ရပါတယ်။

၎င်းဗီဒီယိုဟာ လျှိုထဲကနေ Perodua Viva ကားတစ်စီးကို ဆွဲထုတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ပါ။ ဒါပေမယ့် ထူးခြားတာတစ်ခုက အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ တစ္ဆေလက်လို့ယူဆရတဲ့ လက်တစ်ဖက်ကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကရိန်းနဲ့ ကားကို ဆွဲတင်နေတဲ့အခိုက်မှာပဲ ဘယ်ကဘယ်လို လက်တစ်ဖက်ဟာ ပေါ်လာမှန်းမသိပဲ ၄င်းလက်ကြီးက အနက်ရောင်အစလို့ ယူဆရတဲ့ အရာတစ်ခုကို ကားနောက်ခန်းပြတင်းပေါက်ကနေ အပြင်ကို ပစ်ချခဲ့တာ ဖြစ်ပါတယ်။

Twitter/Khalid(Better)

ဒါ့အပြင် ၄င်းလက်က ပြတင်းပေါက်ကနေ ပစ္စည်းကို ပစ်ချပြီးပြီးချင်းမှာပဲ ကားနောက်ဘက်ပိုင်းက ချုံဟာ သတ္တ၀ါတစ်ကောင်ခုန်ဆင်းလိုက်သလို လှုပ်ခနဲဖြစ်သွားတာကိုလည်း သတိပြုမိကြမှာပါ။ ဗီဒီယိုရိုက်ကူးရာနေရာကတော့ ဂွမ်ဘက်ခ်လမ်းဟောင်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး အားလုံးကတော့ သို့လောသို့လောဖြစ်နေခဲ့ကြပါတယ်။ ကားနောက်ခန်းထဲက သတ္တ၀ါဟာ ဘာများဖြစ်လိမ့်မလဲဆိုပြီး၊ လမ်းဘေးလျှိုထဲကျနေတဲ့ ကားထဲ ဘယ်လိုသတ္တ၀ါမျိုးကများ ၀င်နေနိုင်မှာလည်းဆိုပြီး အမျိုးမျိုးတွေးဆနေကြတယ်လို့ မလေးရှားပြည်တွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

READ
ပရဟိတအတုအယောင်လုပ်ပြီး၊ ငွေကြေးလိမ်လည် အလှူခံနေသူများကို ထောင်ဒဏ်ချမှတ်

 

လင်းလင်း (ShweMom)

SHARE