လူတွေ စွန့်ခွာထားခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက ကြောက်စရာမြို့ရွာတွေ အကြောင်း

Twitter / OLYMPUS DIGITAL

သင့်ရဲ့တစ်နေ့တာကို ရင်သပ်ရှုမောစရာ၊ ကြက်သီးထချင်စရာ ကုန်ဆုံးဖို့ နေရာတစ်ခု ရှာနေတယ်ဆိုရင် ဒါမှ့မဟုတ် စိတ်ခြောက်ခြားစရာ ပုံတွေကြည့်ချင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး နဲ့ လူတွေစွန့်ခွာ သွားခဲ့ကြတဲ့မြို့ရွာလေးတွေ အကြောင်းတင်ဆက်ပေးပါမယ်။

 အီတလီ၊ Craco

မြေပြင်အထက် ပေ(၁၃၀၀)ကျော် တောင်စွန်းပေါ်တည်ရှိပြီး (၈)ရာစုနှစ်ကတည်းကရှိခဲ့တဲ့ တောင်ပေါ်တစ္ဆေမြို့ရွာလေးတစ်မြို့ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေအမျိုးမျိုးကြောင့် မြို့ဟာဗလာနတ္တိဖြစ်သွားခဲ့တာပါ။ (၁၉၆၃)ခုနှစ်မှာ မြေပြိုမှု၊ (၁၉၇၂)ခုနှစ်က ရေကြီးမှုနဲ့(၁၉၈၀)ခုနှစ်က ဆိုးဆိုးဝါးဝါးငလျင်တို့ကြောင့် တစ်မြို့လုံးစွန့်ခွာထွက်သွားခဲ့ကြပါတယ်။ မြို့ပတ် ပတ်လည်ကို ပိတ်ထားတာကြောင့် ခရီးသွားတွေဟာ ဒီအတိုင်းသွားလို့မရဘဲ ခရီးသွားအေဂျင်စီတွေနဲ့သွားကြရပါတယ်။

 

Kennecott၊ အလက်စကာ

ဒီစက်ရုံမြို့လေးဟာ (၁၉၁၁)နဲ့(၁၉၃၃)ခုနှစ်ကြား ကြေးနီတန်ချိန် သန်းနဲ့ချီထုတ်လုပ်တဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့်ဝေးလံခေါင်သီတဲ့မြို့ဖြစ်တဲ့အတွက် အသွားအလာနည်းပါးပြီး ထောက်ပံ့မှုလျော့ပါးသွားခဲ့ပါတယ်။ ဒေသခံတွေက တဖြည်းဖြည်းနဲ့ထွက်ခွာလာခဲ့ကြပြီး(၁၉၅၀)ခုနှစ်မှာ မြို့အတွင်း နေထိုင်သူတစ်ယောက်မှမရှိကြတော့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာမှ ခြောက်ကပ်ပြီး  တစ္ဆေသရဲမြို့တစ်ခုဖြစ်လာပါတော့တယ်။ 

Kolmanskop၊ Namibia

(၁၉၀၀)ပြည့်လွန်နှစ်အစောပိုင်းချိန်က Kolmanskopမြို့ဟာ စွမ်းအင်ပါဝါတွေနဲ့ပြည့်စုံနေတဲ့ မြို့တစ်မြို့ပါ။ ဂျာမန် ရွှေတူးသမားတွေက အဲ့ဒီဒေသကို စိန်တွေလာရောက်ရှာဖွေလာခဲ့ကြပါတယ်။ ဂျာမန်တွေက စိန်ရှာရုံတင်မကဘဲ သူတို့ရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ၊ ယဉ်ကျေးမှုအရာတွေကို ထားပြီး ထွက်သွားခဲ့ကြတယ်။ 

(၁၉၂၈) ခုနှစ်ဝန်းကျင်လောက်က စိန်အများဆုံးထွက်ရှိတဲ့ Kolmanskopမြို့ဟာ  ပထမကမ္ဘာစစ်အပြီးမှာ စတင်ယိုယွင်းစပြုလာခဲ့ပြီး၊ အဲဒီနောက်မှာ တဖြည်းဖြည်းပျက်စီးလာခဲ့တဲ့အခါ ဒေသခံတွေကလည်း မြို့ကိုစွန့်ခွာသွားကြပြီးနေရပ်သစ်ကို ပြောင်းရွှေ့ခဲ့ကြတယ်။မြို့ဟာ တစ်ဖြည်းဖြည်းနဲ့ မိုးဒဏ်လေဒဏ်တွေနဲ့ သဲတွေဖုံးလွှမ်းပြီး သဲကန္တာရတွေ အဖြစ် ယိုယွင်းပျက်စီးသွားခဲ့ပါတယ်။

 

READ
ကမ္ဘာကျော်ပုဂ္ဂိုလ်များနဲ့ သူတို့ရဲ့ ထူးထူးဆန်းဆန်း အကြောက်ရောဂါများ

Hashima Island၊ ဂျပန်

ဂျပန်ရဲ့ Hashima ကျွန်းဟာ တစ်ချိန်က ရေအောက်ကျောက်မီးသွေးမိုင်းတွင်းတွေနဲ့ လူသိများခဲ့တဲ့နေရာတစ်ခုပါ။ (၁၉၅၉)ခုနှစ်မှာ ဒေသခံငါးထောင်ဝန်းကျင်လောက်ဖြစ်လာပြီး လူဦးရေတွေမတရားများလာခဲ့ပေမယ့် (၁၉၇၄)ခုနှစ်မှာ  မိုင်းတွင်းတွေက စတင်ယိုယွင်းလာတာမို့ ဒေသခံ အများစုက စွန့်ခွာသွားခဲ့ကြပါတယ်။ တဖြည်းဖြည်း ခိုးမှုလုယက်မှုတွေများလာတာကြောင့် နောက်ပိုင်းမှာ အားလုံးနီးပါး ထွက်ခွာသွားခဲ့ကြပါတယ်။

Ross Island၊ အိန္ဒိယ

Ross Island ဟာ တစ်ချိန်ကအသီးအပင်တွေ ဝေဆာပြီး “Paris of the East”လို့ ရည်ညွှန်းကြတဲ့ ဒီကျွန်းဟာနောက်ဆုံးမှာခြောက်သွေ့နေတဲ့ ကျွန်းတစ်ကျွန်းဖြစ်သွားခဲ့ပါတယ်။

အစပိုင်းကအဲ့ဒီကျွန်းမှာ ဗြိတိန်အစိုးရအရာရှိတွေ နေထိုင်ပြီး ၊(၁၈၅၇)ခုနှစ် အိန္ဒိယပုန်ကန်ထကြွမှုကြီးပြီးနောက်မှာ အပြစ်သားတွေပြင်နှင်ဒဏ်ပေးရာနေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဗြိတိန်ဒေသခံတွေကလည်း အဲဒီမှာ အကခန်းမတွေ၊ ကလပ်တွေ ၊ရေကန်တွေ၊ ဥယျာဉ်တွေ ဖန်တီးပြီး အခြေချခဲ့ကြပါတယ်။ ထပ်ပြီး (၁၉၄၁)ခုနှစ်မှာ ငလျင်ဒဏ်ကြောင့် ဂျပန်တွေကျူးကျော်လာခဲ့ကြပါတယ်။(၁၉၇၉)ခုနှစ်မှာ အိန္ဒိယရေတပ်က ကျွန်းကိုရရှိသွားခဲ့တာမို့ ရေတပ်စခန်းတည်ထောင်ခဲ့ပါတယ်။ ဒီကနေ့အထိတော့  နေ့တိုင်းနီးပါး ကျွန်းကို ခရီးသွားအဖွဲ့တွေ လာရောက်လည်ပတ်ကြတယ်လို့သိရပါတယ်။

 

Terlingua၊ တက္ကဆက်

Terlinguaကျေးရွာမှာ (၁၈၀၀)ခုနှစ်အလယ်လောက်က Chisos Mining Companyဖွင့်လှစ်ခဲ့ချိန် အဲ့ဒီက အလုပ်သမားတွေနဲ့မိသားစုတွေဟာ အလျှင်အမြန်ဆိုသလို Terlinguaမှာပြောင်းရွှေ့ အခြေချလာခဲ့ကြပါတယ်။ (၁၉၀၃)ခုနှစ်မှာ လူဦးရေ(၃၀၀၀)၀န်းကျင်လောက်တိုးများလာခဲ့ပေမယ့် (၂၀၁၀)ခုနှစ်ရဲ့နောက်ဆုံးသန်းခေါင်စာရင်းအရ လူဦးရေ (၅၈)ဦးသာ ကျန်ရှိပါတော့တယ်။ သူတို့ကတော့ အခုထိနေထိုင်နေဆဲဖြစ်ပြီး စီးပွားရေးအဖြစ် စွန့်ပစ်ထားပေမယ့် မပျက်မစီးရှိနေသေးတဲ့ ခရစ်ယာန်ချက်ကျောင်းတွေနဲ့ အဆောက်အအုံတွေကိုလာရောက်ကြည့်ရှုတဲ့ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ငွေရှာကြတယ်လို့သိရပါတယ်။

Calico၊  ကယ်လီဖိုးနီးယား

Calicoကျေးရွာဟာလည်း Terlinguaလိုပဲ ဗလာကျင်းမြို့ရွာလေးတစ်ခုက (၁၈၈၁)ခုနှစ်မှာ မိုင်းတူးဖော်ရေးကုမဏီတစ်ခုနဲစတင်ခဲ့ပြီး၊ ငွေသတ္တုတွေရှာဖွေတွေရှိခဲ့ကြကာ နောက်ပိုင်းမှာ ဒေသခံ(၃၀၀၀)နဲ့ ငွေသတ္တုတွင်း(၅၀၀)ကျော်ဖြစ်လာခဲ့ပါတယ်။(၁၉၈၆)ခုနှစ်က ဘားတွေ၊ စားသောက်ဆိုင်တွေ၊ကျောင်းတွေ၊အသေးစား၊ စတိုးဆိုင်တွေ၊ ဟိုတယ်တွေနဲ့စည်ပင်သာယာခဲ့တဲ့မြို့ရွာလေးဟာ  နောက်ပိုင်းမှာ မိုင်းတွင်းတွေ လျော့ပါးသွားပြီး၊ ငွေထည်ဈေးတွေလည်း ကျဆင်းလာတာကြောင့် လူတွေကတဖြည်းဖြည်းထွက်ခွာသွားခဲ့ကြပါတယ်။ဒါပေမယ့် Walter Knottဟာ မြို့လေးကို ပြုပြင်ထိန်းသိမ်းထားပြီး၊ အခုအခါ သမိုင်းဝင်နေရာတစ်ခုအဖြစ်သတ်မှတ်ထားကာ အများပြည်သူများလောက်ကြည့်ရှုနိုင်အောင်ဖွင့်လှစ်ပေးထားတယ်လို့သိရပါတယ်။

Khaing

SHARE