ပထမဆုံးအကြိမ် ကမ္ဘာလှည့်ဖျော်ဖြေမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တဲ့ (G)I–DLE

ig/@official_g_i_dle

Kpop girl group အဖွဲ့ဖြစ်တဲ့ (G)I–DLE ဟာ သူတို့ရဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ အစီအစဉ် ဖျက်သိမ်းကြောင်းကို တရားဝင်ကြေညာခဲ့ပြီး ဒါဟာ လက်တလောမှာ ဖြစ်ပွါးနေတဲ့ COVID – 19 ကြောင့် ခုလိုဆုံးဖြတ်ခဲ့ရတာပါ။ ဒီအကြောင်းကိုတော့ koreaboo မှာဖော်ပြထားပါတယ် …

https://www.instagram.com/p/CAMceJ3FhWQ/?utm_source=ig_embed&utm_campaign=loading

ဒီကနေ့မှာတော့ (G)I–DLE အဖွဲ့ အေဂျင်စီ CUBE Entertainment ကနေပြီးတော့ (G)I–DLE အဖွဲ့ရဲ့ twitter, instagram တွေပေါ်မှာ ပထဆုံး ကမ္ဘာလှည့်ဖျော်ဖြေရေး အစီအစဉ်ဖြစ်တဲ့ ‘ I-LAND: WHO AM I’ ကို ဖျက်သိမ်းလိုက်ပြီးဆိုတဲ့အကြောင်း ကြေညာထားခဲ့ပါတယ်။e) on Apr 1, 2020 at 8:01am PDT

READ
ကြိုးကြိုးစားစား Gym ဆော့ကြတဲ့ ဆယ်လီမမ (၈)ယောက်

https://www.instagram.com/p/B-cUl_zld0O/?utm_source=ig_embed&utm_campaign=loading

ဒီလို ကြေညာပြီးကြောင်းကို အတည်ပြုပြီးနောက်မှာတော့ သူတို့ရဲ့ အေဂျင်စီက ဖျက်သိမ်းလိုက်တဲ့ ဖျော်ဖြေရေးအစီအစဉ်အစား online concert လေးတစ်ခုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီ online concert လေးကိုတော့ 2020 (G)I-DLE Concert ‘ I LAND: Who Am I’ ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီပွဲလေးကိုတော့ ခုလာမယ့် July လအတွင်းမှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

CUBE Entertainment ကနေပြီး ကမ္ဘာလှည့်ဖျော်ဖြေမှု ဖျက်သိမ်းလိုက်ရတာဟာ ပရိတ်သတ်တွေနဲ့ idol တွေရဲ့ လုံခြုံရေးအတွက် ဖြစ်ပြီး ဒါကို ပရိတ်သတ်တွေဘက်က နားလည်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ဒါကြောင့်ပဲ ဒီ online concert ပွဲလေးကို ကျင်းပပေးတာဖြစ်ပြီးတော့ အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှ တင်ပေးသွားမယ်ဆိုပြီးတော့ ပြောထားပါတယ်။ ဘာပဲဖြစ်ဖြစ် (G)I-DLE ရဲ့ပွဲလေး ဖျက်သိမ်းလိုက်တဲ့အတွက် တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်နော်။

READ
ဝေဖန်လှောင်ပြောင်မှုတွေကို ချစ်စရာကောင်းအောင် တုံ့ပြန်လိုက်တဲ့ စိုင်းစိုင်း

Khin

SHARE