ဘရာဇီးနိုင်ငံက ဆောက်လုပ်ရေးလုပ်သားတွေ တွေ့ရှိခဲ့ကြတဲ့ ကြောက်စရာမြွေကြီးတစ်ကောင်

ဘရာဇီးနိုင်ငံ၊ ပါရာမြို့ရဲ့မြောက်ဖက်မှာ ရေကာတာတစ်ခုဆောက်လုပ်ဖို့ တူးဖော်မှုတွေပြုလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေဟာ လိုဏ်ဂူတစ်ခုကို ဖြိုချလိုက်တဲ့အချိန်မှာတော့ အံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။

ဂူကြီးကို ဖြိုချလိုက်ပြီးတဲ့နောက် မြေသားတွေကို ပြန်လည်ရှင်းလင်းကြတဲ့အချိန်မှာ သူတို့ မြင်လိုက်ရတာက ဘာမှန်းမသိတဲ့ အရာဝတ္ထုကြီးတစ်ခုရဲ့ အစိတ်အပိုင်းပါ။ မြေသားတွေကို သေချာဖယ်ရှားကြည့်တဲ့အချိန်မှာမှ အဲဒါဟာ သေဆုံးနေတဲ့ မြွေကြီးတစ်ကောင်ဖြစ်မှန်း သိရှိခဲ့ရပြီး အားလုံး ကြောက်လန့်ကုန်ကြပါတယ်။

Youtube

အကြောင်းကတော့ မြွေကြီးဟာ အရှည် ၃၃ ပေရှိပြီး အလေးချိန်က ကီလိုဂရမ် (၄၀၀) လေးတာကြောင့်ပါပဲ။ ဒီမြွေကြီးဟာ လှိုဏ်ဂူထဲမှာ နေထိုင်ခဲ့တယ်လို့ ယူဆရပြီး လှိုဏ်ဂူကို ဖောက်ခွဲလိုက်ချိန်မှာတော့ သေဆုံးသွားခဲ့တာပါ။

တကယ်လို့သာ မြွေကြီးမသေခဲ့ဘူးဆိုရင် ဆောက်လုပ်ရေးလုပ်သားတွေရဲ့ဘ၀က မတွေးရဲစရာပဲဖြစ်ပြီး ဒေါသထွက်နေတဲ့ မြွေကြီးတစ်ကောင်နဲ့ ကျိန်းသေပေါက်ရင်ဆိုင်ရမှာပါ။

READ
ပြန်ပေးဆွဲခံခဲ့ရပြီး ကင်ဂျုံအန်ရဲ့အင်္ဂလိပ်စာဆရာဖြစ်နေတဲ့အမေရိကန်ကျောင်းသား
Youtube

ဒီဖြစ်စဉ်မှာ (၂၀၁၆) စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အောက်မှာ မြင်တွေ့ရမယ့် ဗီဒီယိုထဲမှာတော့ ဆောက်လုပ်ရေးလုပ်သားတွေက မြွေအသေကြီးကို သယ်ဆောင်ဖို့ကိုတောင် ခက်ခက်ခဲခဲ လုပ်ဆောင်နေရပြီး ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်းက ဒီမြွေကြီးဟာ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်လို့ရလောက်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဘရာဇီးနိုင်ငံရဲ့တောနက်တွေထဲမှာတော့ ဒီလိုမြွေအကြီးကြီးတွေကို မကြာခဏတွေ့ရလေ့ရှိပြီး တချို့သတင်းတွေမှာ မြွေကြီးတွေက လူတွေကို အန္တရာယ်ပြု စားသောက်တာမျိုးကို ပုံနဲ့တကွ မြင်ရလေ့ရှိပါတယ်။

Linn

Source : Elitereaders

SHARE