ကားကြီးတစ်စီးလုံးကို ၀ါးမြိုသွားတဲ့ အမေရိကန်နိုင်ငံက တွင်းပေါက်ကြီး

Youtube/FlyestARoundTV

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ကြီးမားတဲ့တွင်းပေါက်ကြီးတစ်ခုဟာ ကားတစ်စီးလုံးကို ၀ါးမြိုသွားခဲ့တဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို ဂျူလိုင်လ(၄) ရက်နေ့တုန်းက ဗီဒီယိုရိုက်ကူးရယူခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ကားနီတစ်စီးဟာ တွင်းပေါက်ကြီးထဲကို ကျနေပြီး တွင်းကြီးထဲ တအိအိနဲ့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။

ကံကောင်းထောက်မလို့ ထိုအချိန် ကားနီထဲမှာတော့ လူတစ်ဦးမှ ရှိမနေခဲ့ပါဘူး။ ဗာဂျီးနီးယား သယ်ယူပို့ဆောင်ရေးဌာန (VDOT)ရဲ့ ပြောပုံအရတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဒေးလ်မြို့ပေါ်ကို (၂၄) နာရီကြာ မိုးရွာသွန်းကာ မိုးကြိုးတွေ ပစ်ခတ်ခဲ့ပြီးနောက် အခုလို တွင်းပေါက်ကြီးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Youtube/FlyestARoundTV

တွင်းထဲကို နစ်မြုပ်သွားခဲ့တဲ့ ကားနီကိုတော့ VDOT ကနေပဲ ပြန်လည်ဆွဲထုတ်ပေးခဲ့ပါတယ်။ VDOT ကတော့ မိုးအရမ်းများခဲ့လို့ အထဲကမြေသားတွေပြိုခဲ့တဲ့ တွင်းပေါက်ကြီးကို ဖာထေးဖို့ကတော့ အချိန်တွေပိုကြာဦးမယ်လို့ ဆိုပါတယ်။ မိုးရေတွေကြောင့် မြေအောက်မြေသားတွေဟာ နေရာရွေ့သွားခဲ့ပြီး အဆိုပါမြေနေရာတစ်ဝိုက်ဟာ မတည်မငြိမ်ဖြစ်နေကြောင်းနဲ့ တွင်းပေါက်ကို ပြန်လည်ပြုပြင်ဖို့ဟာ ရက်သတ္တပတ်(၁) ပတ် ပိုကြာနိုင်တယ်လို့လည်း VDOT က ဆိုပါတယ်။

READ
အလှပြင်သုံး Brush တွေ အင်စတာဂရမ်မှာ ရောင်းချရင်း ပေါင် 8 သန်းပိုင်ဆိုင်ခဲ့တဲ့ ညီအစ်မ

ဒါ့အပြင် တွင်းပေါက်ကြီးရဲ့ မြေအောက်မှာ အင်တာနက်ကြိုး၊ ရေပိုက်တွေနဲ့ ဂက်စ်ပိုက်တွေရှိနေတာကြောင့်လည်း VDOT အဖို့ ပြန်လည်ပြုပြင်ရေးတွေလုပ်ဖို့ အချိန်ကြာနေရတာဖြစ်ပါတယ်။ ဒေသခံတွေကိုတော့ တွင်းပေါက်ကြီးဖြစ်တဲ့ နေရာနားက မြေအနေအထားက စိုးရိမ်ရတာကြောင့် တွင်းနားတစ်ဝိုက်ကို ရှောင်ရှားဖို့နဲ့  ကွန်ကရစ်ပဲဖြစ်ဖြစ်၊ နိုင်လွန်ကတ္တရာပဲဖြစ်ဖြစ် တကယ်တမ်းမိုးကြီးရင် တောင့်မခံနိုင်ဘူးလို့လည်း VDOT က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးသွားပါသေးတယ်။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းတုန်းကလည်း အခုလို မြေကျွံတဲ့ဖြစ်ရပ်နဲ့ အလားသဏ္ဍာန်တူဖြစ်ရပ်တစ်ခု အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ လန်ကျိုးမြို့မှာ ဖြစ်ပျက်ခဲ့တာပါ။ အမျိုးသမီးတစ်ဦးဟာ လမ်းလျှောက်နေရင်းနဲ့ သူမရဲ့အောက်မှာ ရုတ်တရက် အပေါက်ကြီးတစ်ပေါက်ပေါ်လာပြီး သူမက အပေါက်ကြီးထဲ ကျသွားခဲ့တာ ဖြစ်ပါတယ်။  ယင်းအမျိုးသမီးဟာ ကျောက်စရစ်ခဲတွေနဲ့အတူ တွင်းကြီးထဲကျသွားခဲ့ပေမယ့် နံရိုးနှစ်ချောင်းသာ ကျိုးသွားခဲ့ပြီး အံ့သြစရာကောင်းစွာ အသက်ရှင်ခဲ့တယ်လို့လည်း သိရပါသေးတယ်။

READ
ဒေါက်ဘယ်လောက်မြင့်မြင့် ခြေထောက်မနာတဲ့ ဒေါက်မြင့်ဖိနပ်တွေကို ဂျပန်ကြံဆ

Source – LAD BIBLE

လင်းလင်း (ShweMom)

SHARE