Gigi Hadid နဲ့ သူမရဲ့ ချစ်သူ Zayn Malik တို့ က တော့ သမီးလေးမွေးပြီး လအ တော်ကြာပြီးနောက် မှာတော့ ကလေးရဲ့ နာမည်ကို ကြေညာလိုက်ပါတယ်။သမီးလေးရဲ့ နာမည်ကိုတော့ Gigi Hadid က သူမရဲ့ Instagram bio က တစ်ဆင့် အသိ ပေး လာခဲ့တာပါ။ Khai ဆိုပြီး နာမည်ပေးလိုက်တာပါ။ Gigi Hadid နဲ့ Zayn Malik ရဲ့ ပထမဆုံး ရင်သွေး သမီးလေးကိုတော့ ပြီးခဲ့တဲ့ စက် တင်ဘာ တုန်းက မွေးဖွားခဲ့တာပါ။ဒီအကြောင်းကိုတော့ Elle မှာ ဖော်ပြထားတာပါ။
View this post on Instagram

သမီးလေးမွေးတုန်းက Zayn က သူ့ရဲ့ Instagram မှာ “အခု ကျွန် တော် ဘယ်လို ခံစားနေရလဲဆိုတာ စကားလုံးနဲ့ ဖော်ပြနိုင်ဖို့ ကြိုးစားပေမယ့် ဒါ မဖြစ်နိုင်ဘူး။ဒီလူ သေးသေး လေး အတွက် ကျွန် တော် ခံစားရတဲ့ ချစ်ခြင်း မေတ္တာ က ကျွန် တော် နားလည်ထားထက် အများကြီး ကျော် လွန် နေတယ်။သမီးလေး ကို သိခွင့် ပေးတာ၊သူမကို ကျွန် တော့်သမီး လေး လို့ ပြော ခွင့်ရတဲ့ အတွက် ရော၊သူ နဲ့ အတူ ဘဝ ကို အတူ ဖြတ် သွားခွင့် ရမယ့် အတွက် ရော ကျေးဇူးတင်ပါတယ်..” Post တင်ခဲ့ပါတယ်။ Gigi Hadid ကလည်း အဲ့ဒီတုန်းက သမီးလေးက သူတို့ရဲ့ ကမ္ဘာကို ပြောင်းလဲစေခဲ့ သူ ဆိုပြီးပြော ခဲ့ပါတယ်။
View this post on Instagram
ကိုယ်ဝန် နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာ ပေါ် တင်ထားမျိုး မလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပြီး ၂၀၂၀ ဇူလိုင် တုန်းက ပြော ခဲ့ ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူမရဲ့ ဗိုက် နဲ့ ပုံတွေကိုတင်ခဲ့ပါတယ်။ကလေးမွေးလာပြီး နောက်ပိုင်းမှာ လည်း ကိုယ်ဝန် ဆောင် ဘ၀ တုန်းက ရိုက်ထားတဲ့ ပုံ အဟောင်းလေးတွေကို သူမရဲ့ Instagram မှာ တင်ခဲ့ပါတယ်။”လူတွေ က တွေးမှာပဲ ကိုယ်ဝန် နဲ့ ပတ်သက်ပြီးကျွန်မ ဘာလို့ မရှယ် လဲ ပေါ့။ကျွန်မက ကပ် ရောဂါ ဖြစ် နေတဲ့ အချိန်မှာ ကိုယ်ဝန် ရတာလေ.ကျွန်မ ကိုယ်ဝန်က လက်ရှိ ကမ္ဘာကြီး မှာဖြစ် နေတဲ့ အရာ တွေ ထဲက အရေးကြီးဆုံး တစ်ခု လည်း မဟုတ်ဘူး” လို့ အဲ့ဒီတုန်းက ပြောခဲ့ တာပါ။


သူမရဲ့ မိသားစု နဲ့ သူငယ်ချင်းတွေ က လွဲပြီး ဒီ ကိစ္စ ကိုတခြားသူတွေ သိအောင် ရှယ်ဖို့ လိုအပ်တဲ့ အရာ မဟုတ်ဘူး လို့ သူ မ နေနဲ့ ထင်တယ်လို့ လည်း ပြောခဲ့ပါတယ်။သူမရဲ့ ကိုယ်ဝန်ထက် ကိုဗစ် အရေးနဲ့ Black Lives Matter အရေးတို့က အရေးပါ အ ရေးကြီး တယ်လို့ Gigi က ပြောခဲ့တာပါ။ Gigi Hadid က တော့ သမီးလေး ရဲ့ ပုံတွေကို အခုနောက်ပိုင်းဆက်တိုက် ဆိုသလို တင်လာပေမယ့်လည်း မျက်နှာ ပုံကို တော့ မပြ ခဲ့ပါဘူး။


#SHWEMOM