အမှုတစ်ခု စစ်ဆေးရာမှာ တရားရုံးကို ဂျူရီအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့တဲ့ Gigi Hadid

Twitter/Dlisted

လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်ထုတ်လုပ်သူဟောင်း Harvey Weinstein ကို တနင်္လာနေ့က Manhattan တရားရုံးမှာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။ဒီစစ်ဆေးမှုကို အလားအလာရှိတဲ့ ဂျူရီအဖွဲ့ဝင် အယောက်(၁၀၀)ကျော်ရောက်ရှိလာခဲ့ကြသလို ဂျူရီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မော်ဒယ် Gigi Hadid လည်းရောက်ရှိ လာခဲ့ပါတယ်။ ဒီအမှုကို ဘက်မလိုက်တဲ့ တရားသူကြီးနဲ့ရှေ့နေတွေရှေ့မှာ ရုံးတင်စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါ တယ်။

“ဒီအမှုကိုကြီးကြပ်တဲ့ သူကတော့ ရှေ့နေ James Burke ဖြစ်ပြီး သူမက Weinstein နဲ့လည်းတွေ့ဖူးသလို သရုပ်ဆောင်မင်းသမီး Salma Hayek နဲ့တွေ့ဖူးပါတယ်။ ဒီကြားနာမှုမှာ Salma Hayek ကိုမျက်မြင်သက်သေအဖြစ် ခေါ်ရင်ခေါ်နိုင်သလို သူ့ရဲ့နာမည်ကိုလည်း ဒီအမှုမှာ ထုတ်သုံးရင်သုံးမှာဖြစ်တယ်”လို့ Hadid ကရှင်းပြခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ဘက်မလိုက်ပဲ အမှုမှန်ပေါ်အောင်လုပ်မှာဖြစ်တယ်လို့လည်း Hadid ကပြောပါတယ်။

(၁၃.၁.၂၀၂၀)နေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုကို ဂျူရီအဖွဲ့ဝင်အယောက်(၁၂၀)လာရောက်ခဲ့ပေမယ့် ဘက်မလိုက်ပဲထွက်ဆိုမယ့်သူတွေသာ ဒီစစ်ဆေးမှုမှာ ခေါ်ထားတာဖြစ်တာကြောင့် ဂျူရီအဖွဲ့ဝင် ဒါဇင်ကျော်ကို ပြန်လွှတ်ခဲ့ရတယ်လို့သိရပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ ပြန်လည်ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အသေးစိတ် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Hadid က ရှင်းပြခဲ့ ပါတယ်။

 

အဆိုးဝါး ဆုံးစွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ အသက်(၆၇)နှစ်အရွယ် Weinstein ဟာ အမျိုးသမီး(၂)ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုတင်ကြံစည်မှုသာ အမှန်ဖြစ်မယ်ဆိုရင် သူဟာ ထောင်ထဲမှာ တစ်သက်တစ်ကျွန်း နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒီအမှုကို ဇန်န၀ါရီလ(၆)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး (၂)လအတွင်း အပြီးသတ်စစ်ဆေးသွားမယ်လို့သိရပါတယ်။

READ
ခရစ်စတီးနားခီရဲ့ တတိယမြောက်ဇာတ်ကားမှာ အတူတွဲတွေ့ရမယ့် ဇာဏ်ခီနဲ့ ပိုင်ဖြိုးသု

 

 

View this post on Instagram

 

Yesterday, at a Youth Center in Kolda, where we met with the Young Women’s Club who have recently completed a 12-day UNICEF supported Digital and Entrepreneurial Workshop where they learned video, website, podcast, and app making, and even how to build and program a robot!! Their presentations were based on themes they chose, of important messaging they have been discussing with the Youth Center, such as underaged-marriage and FGM. These girls were so inspiring ! & they want you to know that they are intelligent leaders, and just as competent as women from urban areas; they just want to be given the tools to succeed! They want to be doctors, lawyers, agriculture engineers, & journalists, (one girl even said she wants to work for UNICEF!!:)), and are inspiring more youth here to open often-taboo conversation topics to spread sensitization in their communities and families !! So grateful to them for sharing their stories and projects with us. As always, we ask permission of anyone whose photos we take and before our visits everyone present is made aware and asked if they’d like to take part. Also, my first question is always “What would you like us to tell the world about you?” to make sure the narrative is reflective of that. Huge appreciation for everyone who let us share their stories this week to help spread awareness about how and why UNICEF support is needed and how we can all help!

A post shared by Gigi Hadid (@gigihadid) on

Weinstein ရဲ့တရားစွဲဆိုချက်ထဲမှာ သူဟာ (၂၀၁၇)ခုနှစ်ကတည်းက နာမည်ကြီးသရုပ်ဆောင်မင်းသမီးတွေ အပါအ၀င် အမျိုးသမီးအယောက်(၈၀)ကျော်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ပါဝင်ပါတယ်။ ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး Weinstein ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီိလိုဖြစ်ရပ်တွေဟာ နှစ်ဦးသဘောတူလုပ်ဆောင်ခဲ့တာကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုမမြောက်ဘူးလို့ Weinstein က ငြင်းဆိုခဲ့ပါတယ်။

READ
ရေကူးဝတ်စုံလေးနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားလိုက်ပြန်တဲ့ ဘေဘီမောင်

Weinstein ဟာ တစ်ခေတ်တစ်ခါက ဟောလိဝုဒ်မှာအင်အားကြီးတဲ့ ထုတ်လုပ်သူအမျိုးသားတစ်ဦးဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ The English Patient နဲ့ Shakespeare in Love ဇာတ်လမ်းတွေဟာ လူကြိုက်များကျော်ကြားတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။

Thae  SU

SHARE