သူမ အရမ်းပိန်လှီသွားရတဲ့ အကြောင်းရင်းကို GiGi Hadid ထုတ်ဖော်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက GiGi Hadid က သူမရဲ့ Twitter မှာ သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ကြတဲ့သူတွေကို တုန့်ပြန်ရေးသားခဲ့ပါတယ်။

GiGi’s Twitter

သူမဟာ အရင်က ပြည့်ပြည့်လေးဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ သွယ်လျပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ အားလုံးအသိပါပဲ။  ဒါကိုတစ်ချို့က ပိန်လွန်းတယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။ ဒီလိုမျိုးဝေဖန်ခဲ့တဲ့သူတွေကို သူမက “ကျွန်မရဲ့ခန္ဓာကိုယ်ဟာ ဘာဖြစ်လို့ ပိန်ကျသွားတာလဲဆိုတာ အားလုံးက ထင်ကြေးတွေ ပေးနေကြပါတယ်။ တကယ်တော့ ကျွန်မဟာ အသက် ၁၇ နှစ်မှာ Hashimoto’s disease လို့ ခေါ်တဲ့လည်ချောင်းဝေဒနာတစ်မျိုးကို ခံစားရလို့ အသားအရည်တွေပျက်စီးပြီး ရေသောက်ချင်တာတောင် မသောက်ပဲ ချုပ်တည်းထားခဲ့ရတယ်” လို့ဆိုပါတယ်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်မဟာ အဲဒီ့ရောဂါရဲ့လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းလျခြင်း၊ ဝမ်းတွင်းပြဿနာတွေနဲ့ အခြားအရာတွေကိုလည်း ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သေချာဆေးကုသမှုခံယူပြီးနောက်မှာတော့ ပြန်သက်သာခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဖိစီးမှုတွေနဲ့ များလှတဲ့ခရီးစဉ်တွေကလည်း ခန္ဓာကိုယ်အပေါ်ကို သက်ရောက်မှုတွေ ရှိနေပြန်ပါတယ်။ အစားအသောက်တစ်မျိုးတည်းကိုပဲ စားခဲ့တယ်၊ ဒါကြောင့်ပဲကျွန်မ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေဖြစ်သွားပြီး ပိုကျန်းမာလာတာပါ။ ရှင်တို့အမြင်မှာ ကျွန်မဟာ အရမ်းပိန်တာလည်း ဖြစ်နိုင်တယ်၊ ကျွန်မလည်း ဒီလိုမပိန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်မတစ်နေ့ထက်တစ်နေ့ ပိုကျန်းမာလာတယ်လို့ ခံစားရတယ်၊ ကျွန်မဟာ ဒီခန္ဓာကိုယ်နဲ့အတူ သင်ယူနေဆဲ၊ ကြီးပြင်းနေဆဲ ဖြစ်ပါတယ်။ “

READ
Kim Ji Won နဲ့ Park Seo Joon တို့ကို လက်ထပ်စေမယ့်အရာတစ်ခု

“နောက်ပြီးတော့ ကျွန်မရဲ့ခန္ဓာကိုယ် အသွင်အပြင်နဲ့ပတ်သက်ပြီး ရှည်ရှည်ဝေးဝေးတွေတော့ မရှင်းပြတော့ဘူး။ ဒါပေမယ့် မူးယစ်ဆေးသုံးလို့များ ဝိတ်ကျသွားတာလားဆိုတဲ့ အပြောအဆိုမျိုး၊ ဝေဖန်မှုမျိုးကို ထပ်မလုပ်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရှင်တို့ကောင်းကောင်းမသိကြလို့ပါ” လို့လည်း ဆိုခဲ့ပါတယ်။

Gigi Hadid is all smiles while wearing a white tunic top in NYC, New York.

“Social Media ကို အသုံးပြုတဲ့သူတွေအပြင် လူသားတွေအားလုံးအနေနဲ့ သူတစ်ပါးအပေါ်ကို ဘယ်လိုပိုပြီးမေတ္တာထားရမလဲဆိုတာ သင်ယူကြပြီး လူတစ်ယောက်ရဲ့အကြောင်းကို စုံလင်အောင် ဂဃနဏ သိဖို့ဆိုတာ မဖြစ်နိုင်မှန်းလည်းသိထားပါ။ သင့်ရဲ့ခွန်အားတွေကို သူတစ်ပါးကို ပြစ်တင်ဝေဖန်တဲ့နေရာမှာ သုံးနေမယ့်အစား သင်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ဖို့အတွက် သုံးပါ” လို့လည်း ပြောခဲ့ပါသေးတယ်။

Em Em(Shwemom)

SHARE