အိမ်တွင်းအောင်းရင်း ဓါတ်ပုံအဟောင်းလေးတွေကို ပြန်ဖွ နေတဲ့ Gigi Hadid

Image:IG/Gigi

စူပါမော်ဒယ်မလေး Gigi Hadid ကတော့ အိမ်မှာ နေရင်းနဲ့ ဓါတ်ပုံ အယ်ဘမ် ဟောင်းတွေ ကို ပြန်ဖွ ရင်း သဘောကျ လာတဲ့ ပုံလေးတွေကိုဆိုရင် IG မှာ ပြန်ဝေမျှ ပေးနေပါတယ်။Coronavirus ကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆယ်လီ တွေ လည်း အပြင်မထွက်ပဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး အိမ် တွင်းအောင်း နေကြရပါတယ်။အိမ် တွင်းအောင်း ဆယ် လီ တစ်ချို့ကတော့ ပရိသတ်တွေ အတွက် အိမ်ထဲမှာ နေရင်းက ပြတဲ့ ဗီဒီယိုဖိုင်တွေ၊တခြားသူတို့ရဲ့ လှုပ်ရှားမှု Activi ty တွေကို ဝေမျှ ပေးနေကြပါတယ်။Gigi ကတော့ ပုံအ ဟောင်းလေးတွေကို ပြန်ရှယ်ပေးခဲ့ပါတယ်။

Image:IG/Gigi Hadid

သူမရဲ့ ချစ်သူ Zayn Malik နဲ့ အတူတူ တွဲရိုက်ထားတဲ့  Snap ပုံလေးလည်း ရှယ်တဲ့ အထဲမှာ ပါခဲ့ပါတယ်။အသက် (၂၄)နှစ်ပဲ ရှိသေးတဲ့  Gigi ကတော့ က လေးဘ၀ တုန်းက သူမရဲ့ ချစ်စရာ ကောင်းတဲ့ ပုံလေးကိုပါ ရှယ်ခဲ့ပါတယ်။ ညီမ ဖြစ်သူ Bella နဲ့ အတူ ရိုက်ထားတဲ့ က လေးဘ၀က ပုံပါ။

READ
စင်ကာပူကို လာမယ့် ဆောင်ဂျွန်ကီ
Image:IG/Gigi Hadid

ဘယ်တုန်းက ရိုက်ထားမှန်းမသိရတဲ့ ချစ်သူ နဲ့ နမ်း နေတဲ့ ပုံကိုလည်း တင်ခဲ့ပါတယ်။သူမရဲ့ အလှ အပ အတွက် gold face maskကပ်တုန်းက ပုံ၊အပြင်ရှုခင်းပုံ တွေကိုပါ ရှယ်ခဲ့ပါတယ်။ပုံရဲ့ Caption မှာတော့ ‘(oldie) camera roll finds” #stayhome.’ ဆိုပြီး ရေးထားပါတယ်။

Image:IG/Gigi & Bella Hadid

Gigi နဲ့ Zayn  တို့ကတော့ (၂၀၁၅)တည်းက စပြီး တွဲ ခဲ့ကြတာပါ။(၂၀၁၅) ကနေ (၂၀၁၈) မတ် အထိ တွဲ ခဲ့ ကြ ပေမယ့် နောက်ပိုင်းမှာတော့ လမ်းခွဲ လိုက်ပါပြီဆိုပြီး တရားဝင် ကြေညာခဲ့ကြပါတယ်။ဒါပေမယ့် လည်း အချစ် မပြယ် သေးတဲ့ သူတို့ စုံတွဲဟာ (၂၀၁၉) ဒီဇင်ဘာမှာတော့ ပြန်တွဲေ နပြီဆိုတဲ့ သတင်းထွက်ခဲ့ပါတယ်။

READ
ကမ်းခြေမှာ ပိုစ့်မျိုးစုံနဲ့ ပျော်ချင်တိုင်းပျော်နေတဲ့ မော်ဒယ်မလေး နွယ်နွယ်ထွန်း
Image:IG/Gigi Hadid

ပြန် ပေါင်းထုပ် တဲ့ အ ကြောင်းကိုတော့ ချစ်သူများနေ့မှာ (၂၀၁၇)တုန်းက Zayn  ရိုက်ပေးတဲ့ Snap ပုံကို တင်ပြီး Gigi က ချစ်သူနဲ့ ပြန် တွဲ နေတဲ့ အကြောင်းကို တရားဝင် ထုတ်ပြောခဲ့ပါတယ်။

 

View this post on Instagram

 

(oldie) camera roll finds ! 💛 #stayhome

A post shared by Gigi Hadid (@gigihadid) on

Source:Gigi’s IG & Dailymail

SHARE