စူပါမော်ဒယ် Gigi Hadid က တော့ သူမရဲ့ Instagram မှာ သမီးလေးရဲ့ ပုံတွေကို တောက်လျောက် နီးပါး တင် ပေးနေပါတယ်။နှစ် လ အရွယ် သမီးလေးကို ချီထားတဲ့ ပုံအသစ်လေးတွေ ကိုတော့ နိုဝင်ဘာ ၂၃ မှာ တင် ခဲ့ပါတယ်။
Gigi က တော့ Thanksgiving မတိုင် ခင်တည်းက ကို သူမက Christmas အတွက် ကြိုပြီး ပြင်ဆင်ထားပါတယ်။သူမရဲ့ အိမ်ကို လည်း ခရစ်စမတ် အတွက် ကြို ပြင် ဆင် ထားပါတယ်။သမီးလေး အတွက် ခရစ်စမတ် အပြင်အဆင်တွေကို ကြိုပြီး ပြင်ဆင် ထား ပေးထားတယ်. ဆိုပြီး တင် ထားတာပါ။ဒီအ ကြောင်းကိုတော့ Elle မှာ ဖော်ပြထားတာပါ။
View this post on Instagram
Gigi က တော့ နယူးယော့ခ်စီးတီးက တိုက်ခန်းထက် Pennsylvania ပြည်နယ်မှာပဲ သမီးလေးနဲ့ အတူတူ နေ ဖြစ် နေပါတယ်။ Pennsylvania မှာ တော့ သူမတို့ မိသားစုရဲ့ ဥယျာဉ်ခြံ မြေ ကြီး ရှိပြီး အဲ့ဒီမှာပဲ သူမရဲ့ အမေ Yolanda နဲ့ ချစ်သူ Zayn Malik တို့ နဲ့ အတူတူ နေ နေ ပါတယ်။ Gigi တင်ထားတဲ့ ပုံထဲမှာတော့ သမီးလေးကို ချီ ထားပြီး၊ နောက်ထပ် Black & White ပုံ မှာ လည်း ချီ ထားတဲ့ ပုံကိုပဲ တင်ထားတာပါ။ ဒါ့အပြင် ခရစ်စမတ် အတွက် အခုတည်းက ကြိုတင် ပြင်ဆင်ထားတဲ့ ပုံလေးတွေ ကိုပါ တင်ထားပါတယ်။
View this post on Instagram

Gigi က တော့ နိုဝင်ဘာ အ စောပိုင်းတုန်းကလည်း သူမရဲ့ IG Story မှာ သမီးလေးရဲ့ ပုံ ကို တင်ထားပါတယ်။ Halloween ကာလ တုန်းက လည်း Zayn Malik၊သမီးလေး တို့ နဲ့ အတူတူ ပထမဆုံး မိသားစု ပုံ လေးကို တင်ခဲ့ကာ သမီးရဲ့ မျက်နှာပုံကို Emoji နဲ့ ဖုံး ထားပါတယ်။

သမီးလေးပုံ တွေကို တင် နေ ပေမယ့် မျက်နှာ ကို တော့ အခုထိ ထုတ် မပြေ သေးတဲ့ သူမက တော့ အခုထိ သမီးရဲ့ နောက် ကျောပုံ၊မျက်နှာကို ဖုံး ထားတဲ့ ပုံ တွေကိုပဲ ဝေမျှ ခဲ့ပါတယ်။ Zayn Malik ရော Gigi ကပါ အခုထိ သမီးလေးရဲ့ နာမည်ကို ထုတ်မ ပြော သေးပါဘူး။Gigi က တော့ သမီးလေးကို ၂၀၂၀ စက်တင်ဘာ ၂၃ မှာ မွေးဖွား ခဲ့တာပါ။
View this post on Instagram