Gym သွားရမှာ မုန်းတဲ့ Gigi Hadid ရဲ့ Body ထိန်းသိမ်းနည်း

Image:IG/Gigi Hadid

Gigi Hadid  ကတော့ ကမ္ဘာကျော် အမေရိကန် စူပါမော်ဒယ်တစ်ယောက်ပါ။သူမရဲ့ အောင်မြင်မှု၊သူမရဲ့ အလှ တို့ ကတော့  မသိတဲ့ သူ ရှားပါတယ်။ကမ္ဘာ ကျော်မဂ္ဂဇင်းတွေရဲ့ Cover မှာ မကြာခဏ ဆိုသလို တွေ့ရပါတယ်။ဒါ့အပြင် ကမ္ဘာ ကျော် Brand တွေနဲ့လည်း လက်တွဲ အလုပ်လုပ် နေသူပါ။မျက်နှာ ရော Body အလှ ပါ ပြည့်စုံတဲ့ သူမ ကတော့ Body အလှ အပ ထိန်းသိမ်းနည်း လျှို့ဝှက် ချက်ကို ဝေမျှ ပေးလိုက်ပါတယ်။

 

View this post on Instagram

 

mornin 🇬🇷

A post shared by Gigi Hadid (@gigihadid) on

Image:IG/Gigi Hadid

အရမ်းမိုက်တဲ့ ကောက်ကြောင်းပိုင်ရှင်မို့  Gym ပုံမှန်ကစားဖြစ်မယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။Gym ကစားမှ Body လှတယ်ဆိုတာ တကယ်တော့ မဟုတ်ဘူး ဆိုတာကို Gigi က သက်သေ ပြလိုက်ပါတယ်။ Gigi Hadid   ကတော့ Gym သွားမယ့် အစား သေပဲ သေလိုက်မယ် ဆိုတဲ့ စိတ် ရှိသူပါ။Gym သွား အလေးတွေ မ (ဒါမှမဟုတ်) စက် တွေ နဲ့ ကစားမယ့် အစား သေပဲ သေလိုက်မယ် လို့ တောင် Condé Nast Traveller magazine နဲ့ အင်တာဗျူး မှာ ဖြေခဲ့ပါတယ်။” Gym လည်း မသွားနိုင်ဘူး။အဲ့က ပြေးစက် ပေါ် လည်း တက်မပြေးနိုင်ဘူး။အဲ့အစား သေ ပဲ သေလိုက်မယ်..” ဆိုပြီး ပြတ်ပြတ်သားသားကို ပြောခဲ့တာပါ။

READ
အမိုက်စားပွဲတက်ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့သင်ဇာဝင့်ကျော်
Image:IG/Gigi Hadid
Image:IG/Gigi Hadid

Gym တော့ မသွားပေမယ့် သူမ မှာ ကိုယ်ပိုင် Body ထိန်းသိမ်းတဲ့ အလေ့ အကျင့်လေးတွေ တော့ရှိပါတယ်။Gigi က စက်ဘီးစီးရတာ နဲ့ ရေကူးရတာကို ကြိုက်ပါတယ်။အဲ့ဒီအားကစားနှစ်ခုကိုတော့ လုပ် ပါတယ်။“ ကျမ က အပြင်မှာ နေရတာကြိုက်တယ်။ရှုခင်းကြည့်ရတာ သဘောကျတယ်။ဒါကြောင့် ကျမ စက်ဘီးစီးတယ်၊ရေကူးတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။” မိတ်ကပ် နည်းနည်းပဲ လိမ်းတော့ ကျမရဲ့ တင်းတိပ် တွေကို  မြင်နေရတယ်။

Image:IG/Gigi Hadid
Image:IG/Gigi Hadid

ကျန်းကျန်းမာမာနဲ့ Glow နေတာပဲ။Sun Cream လိမ်းပေးဖို့ တော့ အရေးကြီးတယ်..”။ “ ဆံပင်ကို  အမြဲ အုန်းဆီ လိမ်းပေးဖြစ်တယ်။သမုဒ္ဒရာထဲမှာ ရေကူးတဲ့ အခါ  ဆေးချ ပစ်တယ်။ဒါပေမယ့် ရှန်ပူနဲ့ တော့ မဟုတ်ဘူး။ဒါက ရှေ့က ဆရာမကြီးတွေ ဆီ ကနေ သင်ထားတဲ့ အကောင်းဆုံး နည်း..” ဆိုပြီး သူမရဲ့ တခြား အလှအပ ထိန်းသိမ်းပုံတွေကိုလည်း ဝေမျှ ပေးခဲ့ပါတယ်။

 

View this post on Instagram

 

one and only @albertwatsonphotography, studio day 🎞

A post shared by Gigi Hadid (@gigihadid) on

Source:Dailymail

SHARE