ချစ်သူကြောင့် တားမြစ်ဆေးအရှုပ်တော်ပုံကနေ လွတ်မြောက်ခဲ့ရတဲ့ အားကစားမယ်

[email protected]

မကြာခင်လာတော့မယ့် ၂၀၂၁ အိုလံပစ်ပြိုင်ပွဲအတွက် နယ်ပယ်အသီးသီးက အားကစားသမားတွေဟာ အခုကတည်းက လေ့ကျင့်မှုတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ Ginny Fuchs ဆေးစစ်ရာမှာ တားမြစ်ဆေး သုံးစွဲထားတာ ပေါ်သွားတဲ့အတွက် လာမယ့် ၂၀၂၁ အိုလံပစ်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တာကို သတင်းတွေမှာတောင် ဖတ်လိုက်ရပါသေးတယ်။

ဒါပေမယ့် Ginny ကို ထပ်မံစစ်ဆေးမှုတွေ အထပ်ထပ်ပြုလုပ်ပြီးတဲ့အချိန်မှာတေ့ သူမမှ အပြစ်မရှိကြောင်း ပေါ်လွင်ခဲ့တဲ့အပြင် သူမရဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ကြောင့် မကြာခင်ကျင်းပတော့မယ့် ၂၀၂၁ အိုလံပသ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားပြီဖြစ်ကြောင်း Houston Chronicle သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Ginny တစ်ယောက် ဒီလိုပြန်လည်ပါဝင်ခွင့်ရရှိတာ တော်တော်ကံကောင်းတယ်လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ အားကစားသမားတော်တော်များများမှာ အခုလို တားမြစ်ဆေးသုံးစွဲတာ ပေါ်သွားခဲ့ရင် နှစ်နဲ့ချီပြီး အဲဒီအားကစားသမားကို ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်လိုက်တာ များပါတယ်။ ဒါပေမယ့် Ginny ရဲ့ ခိုင်မာတဲ့ထွက်ဆိုချက်ရယ်၊ USA Boxing အဖွဲ့အစည်းရဲ့ ထောက်ခံပေးမှုတွေကြောင့် Ginny တစ်ယောက် အပြစ်မရှိတာ ပေါ်လွင်ခဲ့ပါတယ်။

ဒါပေမယ့် Ginny ရဲ့ ထွက်ဆိုချက်ကတော့ ရိုးရှင်းသလို ထူးလဲထူးဆန်းပါတယ်။ အဲဒါကတော့ သူ့ချစ်သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့လို့ အခုလိုဖြစ်ခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ်။ သူမချစ်သူဟာ သူမနဲ့ လိင်ဆက်ဆံတိုင်း ဆေးဝါးတစ်ချို့ မှီဝဲပြီး လိင်ဆက်ဆံလေ့ရှိတဲ့အပြင် ချစ်သူကောင်လေးသောက်တဲ့ ဆေးထဲက တစ်ချို့ဆေးဝါးတွေဟာ တားမြစ်ဆေးတွေနဲ့ ဓာတ်သဘောတူတဲ့ ဆေးတွေဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လို့ အခုလို ဘာပြစ်ဒဏ်မှကျမခံရပဲ ပြိုင်ပွဲဝင်ခွင့် ပြန်ရခဲ့တာဖြစ်ပါတယ်။

READ
ဖုန်းအားသွင်းရင်းဂိမ်းကစားတဲ့ ထိုင်းအမျိုးသား ဓာတ်လိုက်သေဆုံးနေတဲ့အဖြစ်

Pyi Hein Kyaw

SHARE