သစ်ကိုင်း(၂)ခုကြားထဲမှာ ခေါင်းညပ်ပြီး အဖြစ်ဆိုးကြုံခဲ့ရတဲ့ သစ်ကုလားအုတ်ကြီး

တရုတ်ပြည် ကွန်မင်းတိရိစ္ဆာန်ဥယျာဉ်က ဟိုင်ရုန်အမည်ရှိ (၁၀)နှစ်သားအရွယ် သစ်ကုလားအုတ်ကြီးဟာ ဥယျာဉ်ထဲမှာ ပေါ်ပြူလာဖြစ်တဲ့ သတ္တဝါကြီးတစ်ကောင်ဖြစ်ပါတယ်။ ၎င်းဟာ ကွန်မင်းတိရိစ္ဆာန်ဥယျာဉ်မှာနေထိုင်လာတာ (၅)နှစ်ရှိပြီဖြစ်ပြီး မကြာသေးခင်က ထူးဆန်းတဲ့အဖြစ်ဆိုးနဲ့ ဝမ်းနည်းစရာကောင်းစွာ သေဆုံးခဲ့ရပါတယ်။

ဟိုင်ရုန်ဟာ သူမမီတဲ့နေရာကို အယားပြေအောင် သစ်ပင်နဲ့ ပွတ်ဖို့ကြိုးစားနေခဲ့စဉ် သစ်ကိုင်းကြားထဲ လည်ပင်းညပ်သွားခဲ့ပြီး သေဆုံးသွားခဲ့တာပါ။ သစ်ကိုင်းနဲ့ ယားယံတဲ့နေရာကို ကုတ်နေကျဖြစ်ပေမယ့် အဲဒီနေ့မှာတော့ ကံဆိုးစွာ ညပ်သွားခဲ့ရှာပါတယ်။ လာလည်တဲ့ ဧည့်သည်တွေလည်း ဟိုင်ရုန်ရဲ့ အဖြစ်ကို ထိတ်လန့်စွာကြည့်နေခဲ့ကြပါတယ်။

ASIAWIRE

တိရိစ္ဆာန်ရုံဝန်ထမ်းတွေလည်း ဟိုင်ရုန်လွတ်မြောက်ဖို့ သစ်ကိုင်းကို လွှနဲ့ဖြတ်ခဲ့ကြပေမယ့် လည်ပင်းက မြဲမြံစွာဆက်ညပ်နေခဲ့ပါတယ်။ တစ်ယောက်ကတော့ သစ်ကုလားအုပ်ကြီးရဲ့အဖြစ်ဆိုးကို ဗီဒီယိုရိုက်ထားခဲ့ပြီး ဗီဒီယိုထဲမှာတွေ့ရတာက ဟိုင်ရုန်ဟာ သစ်ကိုင်းကြားကလည်ပင်းလွတ်သွားခဲ့ပြီးနောက် မြေပြင်ပေါ်ကို လဲကျသွားခဲ့ပါတယ်။ ဝန်ထမ်းတွေလည်း ဟိုင်ရုန်ကို အရေးပေါ်အသက်ကယ်နည်းတွေနဲ့ ကယ်ခဲ့ပြီး ၎င်းလည်း ပြန်ထဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ရှာပါတယ်။

ASIAWIRE

ဒါပေမယ့်လည်း လည်ပင်းဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ဟိုင်ရုန်ဟာ သေဆုံးသွားခဲ့ကြောင်း ဆေးအဖွဲ့တွေက ကြေညာခဲ့ပါတယ်။ ဟိုင်ရုန်က သူမမီတဲ့ ယားယံတဲ့နေရာတွေကို သစ်ကိုင်းတွေနဲ့ ကုတ်လေ့ရှိကြောင်း တိရိစ္ဆာန်ရုံကပြောပါတယ်။ ဒီတစ်ခေါက်လည်း အဲဒီ့လိုလုပ်ဖို့ကြိုးစားရင်း အဖြစ်ဆိုးနဲ့ကြုံခဲ့ရဟန်တူကြောင်း ယူဆလျက်ရှိကြပါတယ်။ အောက်မှာ ဗီဒီယိုပါတယ်နော်..။

READ
မိန်းကလေးတစ်ဦးကိုအကြွေးဖြင့်သိမ်းကာ ပြည့်တန်ဆာအဖြစ်အသွင်းပြောင်းခဲ့တဲ့ဗေဒင်ဆရာမ

White (Shwemom)

Ref: Dailymail

SHARE