လည်တံအားကိုးနဲ့ စစ်ထိုးနေကြတဲ့ သစ်ကုလားအုတ်(၂) ကောင်ရဲ့ ရယ်စရာတိုက်ပွဲ

သတ္တ၀ါတွေအချင်းချင်း ရန်လိုတိုက်ခိုက်မှုဟာ လူ့သဘာဝထဲမှာတင်မကပဲ တိရစ္ဆာန်သဘာဝထဲမှာလည်း ရှိပါတယ်။ သစ်ကုလားတွေဟာ တိရစ္ဆာန်လောကထဲမှာတော့ အရမ်းအရပ်ရှည်လွန်းတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ အဲဒီတော့ သစ်ကုလားအုတ်တွေ ဘယ်လို ရန်ဖြစ်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ အောက်မှာ တွေ့ရမှာကတော့ သစ်ကုလားအုတ်နှစ်ကောင်ကြားထဲက တိုက်ပွဲပဲ ဖြစ်ပါတယ်။

youtube
youtube

ဗီဒီယိုထဲမှာတော့ သစ်ကုလားအုတနှ်စ်ကောင်ဟာ အငြင်းပွားနေပုံရပါတယ်။ သူတို့နှစ်ကောင်ရဲ့ ကြားထဲမှာတော့ (၁၀) ပေအမြင့်ရှိတဲ့ စည်းရိုးတစ်ခုက ကာနေပါတယ်။ စည်းရိုးကာနေပေမယ့် သူတို့နှစ်ကောင်က မမှုပါဘူး။ တစ်ကောင်နဲ့ တစ်ကောင် လည်ပင်းအားကိုးနဲ့ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ အခြားသတ္တ၀ါတွေလို ကိုက်တာခဲတာလည်း မဟုတ်၊ ကုတ်ခြစ်ကုတ်ဖဲ့တာမျိုးလည်းမဟုတ်ပဲ ၀ှီကနဲ ၀ှီကနဲနဲ့ လည်တံတွေ ဝှေ့ပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

youtube
youtube

သစ်ကုလားအုတ်နှစ်ကောင်ရဲ့ ရန်ဖြစ်နေတဲ့ အဖြစ်ဟာ စိတ်ဝင်စားဖို့ ကောင်းသလို ရယ်ရွှင်စရာလည်း ဖြစ်နေတာကို အခုလို မြင်ရမှာပါ။ IFLScience ရဲ့ အဆိုအရ သူတို့နှစ်ကောင်ဟာ ပြိုင်ဖက်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေဖို့အတွက် သူတို့ရဲ့ လည်တံရှည်ကို ဓားတစ်ချောင်းလို အသုံးပြုပြီး အသာစီးယူဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။

READ
ငါးပါးစပ်နဲ့ အမှတ်တမဲ့ သွားတူနေတဲ့ ဆယ်လီတို့ရဲ့ ပုံရိပ်များ

လင်းလင်း (ShweMom)

Ref: elitereaders , USA Today

SHARE