ရှားရှားပါးပါးမိဘနှစ်ပါးလုံးဆီကကျောက်ကပ်နဲ့အသက်ဆက်ခွင့်ရခဲ့သူကောင်မလေး

အသက်(၁၂)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ကံကောင်းစွာနဲ့မိခင်ဆီကရော ဖခင်ဆီကပါ ကျောက်ကပ်အလှူလက်ခံရရှိခဲ့ပါတယ်။ ပထမဆုံးမိခင်ဆီက ကျောက်ကပ်ရရှိခဲ့ကာ (၇)နှစ်ကြာပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူဆီကနေနောက်ထပ်ကျောက်ကပ်တစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။ ကောင်မလေးအမည်ကတော့ Azia Hassan ဖြစ်ပြီး သူမပထမဆုံးအသက်ကယ်ကျောက်ကပ်အစားထိုးတုန်းက အသက်(၄)နှစ်ပဲရှိပါသေးတယ်။

(Image: Birmingham Children’s Hospital)

ဒါပေမယ့် ထိုကျောက်ကပ်အစားထိုးမှုက လေးနှစ်ကြာပြီးနောက်ပိုင်းမှာ ပိုးဝင်သွားတာကြောင့်ကျောက်ကပ်ကိုထပ်မံအစားထိုးဖို့ လိုအပ်လာပါတော့တယ်။  Azia ရဲ့မိခင်ဖြစ်သူ အသက်(၃၂)နှစ်အရွယ် Uzma Asshar ကတော့ သမီးဖြစ်သူပထမဆုံးခွဲစိတ်မှုလုပ်ကတည်းက သူမရဲ့ကျောက်ကပ်နဲ့အဆင်ပြေခဲ့တာဖြစ်ကြောင်းဆိုပါတယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာ သူမရဲ့ခင်ပွန်းဟောင်း ကလေးရဲ့ဖခင်ဖြစ်သူနဲ့ ထပ်မံဆေးစစ်ကြည့်တဲ့အခါမှာ ဖခင်နဲ့ကျောက်ကပ်က ကလေးအတွက်ပိုအဆင်ပြေနေတာကြောင့် ဖခင်ကျောက်ကပ်နဲ့အစားထိုးမည်ဖြစ်ကြောင်းဆိုပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းတော့ Azia ဟာ ဘ၀တစ်လျှောက်လုံး ဆေးပုံမှန်သောက်ဖို့လိုအပ်မှာဖြစ်ပေမယ့် သာမန်(၁၂)နှစ်အရွယ် မိန်းကလေးလိုနေထိုင်နိုင်မှာဖြစ်ကြောင်း သူမကပြောပြပါတယ်။

Birmingham Mail ရဲ့သတင်းတွေအရ Azia ဟာမိဘနှစ်ပါးလုံးဆီက ကျောက်ကပ်လက်ခံရရှိခဲ့တဲ့ လက်တစ်ဆုပ်စာကလေးငယ်တွေထဲမှာ ပါဝင်ကြောင်း သိရပါတယ်။ Azia ရဲ့ကျောက်ကပ်ဟာ ကိုယ်တွင်းအညစ်အကြေးတွေကို ကောင်းကောင်းမစစ်ထုတ်နိုင်တဲ့ မွေးရာပါကျောက်ကပ်ပုံစံမမှန်တဲ့ရောဂါဖြစ်ကြောင်း ဆေးစစ်ချက်တွေအရသိရပါတယ်။

READ
ဒေါ်လာ 1800 အထိ ပေးရမယ့် Levi's ကုမ္မဏီထုတ် တင်ပါးတစ်ခြမ်းဖော် ဘောင်းဘီ

Azia ဟာဒုတိယအကြိမ်ကျောက်ကပ်အစားထိုးကုသမှုကိုတော့ ဘာမင်ဂန်ကလေးဆေးရုံမှာပြုလုပ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ Uzma ကတော့ သူမဆေးရုံနဲ့နီးတဲ့ Queen Elizabeth ဆေးရုံမှာခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပြီးခဲ့တဲ့ခရစ်စမတ်အမှီ သားအဖနှစ်ယောက်စလုံးဟာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ကျန်းမာစွာနဲ့ Staffordshire ကနေအိမ်ဆီပြန်ရောက်နေပြီဖြစ်ပါတယ်။

ဖခင်ဖြစ်သူ Uzma ကတော့ သမီးဖြစ်သူရဲ့အရင်ခွဲစိတ်မှုတိုင်းမှာ သူကဘေးနားမှာရှိနေနိုင်ပေမယ့် ယခုအခါတော့ သူကိုယ်တိုင်ဆေးရုံတက်နေရတဲ့အတွက်ကြောင့် ကလေးလက်ကိုကိုင်ပြီး ကလေးနိုးလာတာမတွေ့ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ သို့ပေမယ့် ခွဲစိတ်မှုကအောင်အောင်မြင်မြင်ဖြစ်ခဲ့တဲ့အတွက် တကယ့်ကိုစိတ်သက်သာရာရမိကြောင်း Uzma ကဆိုပါတယ်။

လင်းလင်း (ShweMom)

SHARE