ရောဂါရှာဖွေမှု မှားယွင်းခြင်းကြောင့် ဦးနောက်ကင်ဆာနဲ့ သေဆုံးခဲ့ရတဲ့ ကျောင်းသူမလေး

Emma Sim လို့ အမည်ရတဲ့ အသက် 17 နှစ်အရွယ် ကျောင်းသူမလေးဟာ ခေါင်းကိုက်ဝေဒနာကို ကာလရှည် ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေဆီကို သွားရောက်ကာ ရောဂါရှာဖွေတဲ့အခါမှာတော့ သူမရဲ့ ခေါင်းကိုက်ဝေဒနာဟာ စာမေးပွဲဖိအားများနဲ့ ကွန်ပျူတာရှေ့မှာ အထိုင်များခြင်းကြောင့် ဖြစ်တာလို့ အတည်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် Sim ဟာ မကြာသေးခင်ကမှ MRI Scan နည်းနဲ့ ရောဂါရှာဖွေတဲ့အခါမှာတော့ ဦးနှောက်ထဲမှာ အကြိတ်ပေါက်နေပြီလို့ သိခဲ့ရပါတယ်။ ယခင်က Sim ဟာ အဖျားရောဂါ ပြင်းထန်စွာ ခံစားရပြီး နောက်ပိုင်း စာသင်နေရင်းနဲ့ ဘလက်ဘုတ်ကို မမြင်ရကြောင်း ဆရာဝန်တွေဆီကို စောဒကတက်ခဲ့ပေမယ့် ဆရာဝန်တွေကတာ့ ဒါဟာ စိတ်ဖိအားကြောင့် ဖြစ်တာလို့ သတ်မှတ်ခဲ့ပါတယ်။

2 နှစ်ကြာ ဦးနှောက်ကင်ဆာကို ကြာရှည်ခံစားခဲ့ရပေမယ့် မကြာသေးခင်ကမှ ဦးနှောက်အကြိတ်ကင်ဆာရောဂါ ခံစားနေရမှန်း သိခဲ့တဲ့ Sim ဟာ အသက် 17 နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပဖို့ စီစဉ်နေစဉ် သေဆုံးခဲ့ပါတယ်။ Sim ဟာ မျက်ဖြူလန်ကာ လဲကျခဲ့လို့ ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။ နောက် ဦးနှောက်ထဲမှာ အကြိတ်တွေရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး၊ အရေးပေါ်ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။

READ
ကားထဲက အဆိပ်ပြင်းတဲ့မြွေကို လက်နဲ့ အသာလေးကိုင်ပြီးဖယ်ရှားခဲ့တဲ့ အမျိုးသမီးရဲအရာရှိ

Sim ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Graeme (49)နှစ်နဲ့ Heather (47 )နှစ်တို့ဟာ ဓာတ်ရောင်ခြည်ကုထုံး ခံယူနေတဲ့ သမီးလေးကို အချိန်ပြည့် စိုးရိမ်စွာ ဂရုတစိုက် ထိုင်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမယ့် 4 ပတ်အကြာ 2015 ခုနှစ် နိုဝင်္ဘာ 19 ရက်နေ့မှာ မိဘတွေရဲ့ လက်ထဲမှာပဲ အသက်သေဆုံးသွားခဲ့ပါတယ်။

ဖခင် Graeme က “ လောကကြီးမှာ ကိုယ့်ရင်သွေး သေဆုံးတာကို ထိုင်ကြည့်နေရတာလောက် နာကျင်တာ ရှိမှာမဟုတ်ပါဘူး … သူ့ကို ကျွန်တော်တို့ မေ့နိုင်မှာ မဟုတ်ပါဘူး .. သူက အတွင်းစိတ်ရော ပြင်ပသဏ္ဍာန်ပါ လှပတဲ့ မိန်းကလေးတစ်ယောက်ပါ ”လို့ ဖွင့်ဟခဲ့ပါတယ်။

ယခုအခါမှာတော့ Sim ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေဟာ Sim အတွက် အမှတ်တရအနေနဲ့ The Brain Tumour Charity ဆိုတဲ့ ကင်ဆာရောဂါသည် ကူညီပေးရေး ပရဟိတအဖွဲ့လေးမှာ ရံပုံငွေထည့်ဝင်ဖို့ စီစဉ်နေပါတယ်။ ၊ သမီးလို အခြားသူတွေ အဖြစ်မဆိုးဖို့ ကင်ဆာရောဂါသည်တွေကို အချိန်မီစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အလှူငွေ ပေါင် 32000 အထိ ရရှိထားပြီလို့ သိရပါတယ်။

READ
လူနာခရီးသည်တွေကို အခမဲ့ပို့သပေးခဲ့လို့ ဆေးရုံကဂုဏ်ပြုခဲ့တဲ့ တက္ကစီသမားကြီး

အသက် 12 နှစ်အောက် ဦးနှောက်အကြိတ်ရှိသူတွေဟာ 6.5 ပတ်မှ 13 ပတ်အတွင်း ရောဂါသိရှိနိုင်မှာ ဖြစ်ပြီး၊ 13 နှစ်မှ 18 နှစ်အတွင်းမှာတော့ ရောဂါရှာဖွေမှု မကြာခဏပြုလုပ်နိုင်မှ ရောဂါရှိမရှိ သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ စောစောသိလေ အသက်အန္တရာယ်ကို ကာကွယ်ဖို့ အခွင့်အရေးရှိလေလို့ သိရပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE