ဝလို့ စနောက် စော်ကားခံရတာကနေ Fitness မော်ဒယ်ဖြစ်လာခဲ့သူ

ကျောင်းတွေမှာ လူငယ်တွေအချင်းချင်း အနိုင်ကျင့်တဲ့ ကိစ္စဟာ ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာ တစ်ခုအဖြစ်ရှိနေတုန်းပါပဲ။ အများနည်းတူမဟုတ်ဘဲ ကွဲထွက်နေတဲ့ ကလေးတွေမှာ အများဆုံးပြဿနာရှိနေပါတယ်။

ယူအက်စ်မှာတော့ အလယ်တန်းကျောင်းသား ၂၈ ရာခိုင်နှုန်းနဲ့ အထက်တန်းကျောင်းသား ၂၀ ရာခိုင်နှုန်းက ဆိုရှယ်အနိုင်ကျင့်မှုတွေ၊  နှုတ်ဖြင့် စော်ကားခံရမှုတွေကို ရင်ဆိုင်နေရပါတယ်။ ကလေးငယ်ဦးရေ ၇၀ ရာခိုင်နှုန်း အထက်နဲ့ ယင်းနည်တူ အရွယ်ရောက်ပြီးသား သူတွေဟာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ အနိုင်ကျင့်တာကို မျက်မြင်ကိုယ်တွေ့ကြုံဖူးတယ်လို့ သိရပါတယ်။

https://www.instagram.com/p/BgMcLf0ANCl/?utm_source=ig_embed

Nicole Herring ဆိုတဲ့ မိန်းကလေးဟာ ကျောင်းမှာဆို အတန်းဖော်တွေထက် နည်းနည်းလေးထွားတယ်၊ သူမရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံတဲ့ပုံစံရှိတာက သူမကို ခွဲခြားဆက်ဆံခံရသလိုဖြစ်နေခဲ့တယ်။ သူမကို တခြားကလေးတွေက ဖက်တီးလို့ခေါ်ကြတယ်၊ ရတဲ့နည်းနဲ့ သူမကို စော်ကားကြတယ်။

အဲ့ဒီ့လိုနဲ့ ကောင်မလေးက အစားအသောက် မမှန်တော့ဘူး၊ စိတ် ခံစားမှုပိုင်ဆိုင်ရာတွေ ယို့ယွင်းလာတယ်၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုတွေ လျော့ပါးလာခဲ့တယ်။ ၀က်ခြံတွေပေါက်လာတယ်၊ သွား အစွပ်တွေ စတင်တာလာတဲ့အခါ အခြေအနေတွေက ပိုဆိုလာခဲ့တယ်။ ကယ်လိုရီ မြင့်တဲ့ အစားသောက်တွေ စားတာကြောင့် အရေးပြာပေါ်မှာ အကြောပြတ်ရာတွေပေါ်လာတယ်။

https://www.instagram.com/p/BgGkXAAA5Ob/?utm_source=ig_embed

၂၀၁၃ ခုနှစ်အရောက်မှာတော့ Nicole ဟာ သူမရဲ့ ခန္ဓာကိုယ်ကို သိပ် စိတ်ပျက်နေပြီ၊ အဲ့ဒီလို gym ကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်ပတ်ကို ၆ ရက် တစ်နေ့ကို cardio လေ့ကျင့်ခန်း တစ်နာရီ လုပ်တာ တော်တော်ကြာလာတဲ့နောက် သူမဟာ အလေးစတင်မဖို့ ဆုံးဖြတ်ခဲ့တယ်။ နှစ်တော်တော်ကြာအောင် လေ့ကျင့်ပြီးတဲ့အခါ သူမဟာ ပေါင် ၂၅၀ လောက်ကို အသာလေး မလာနိုင်တယ်။ သူမရဲ့ ပုံစံဟာလည်း လုံးဝကြီး ပြောင်းထွက်သွားတယ်။

READ
ရေတပ်မှာ တာဝန်ကျရင်း ဆရာဝန်ဘွဲ့ အရယူခဲ့ကာ အာကာသယာဉ်မှူးပါ ဖြစ်လာခဲ့သူ

https://www.instagram.com/p/BHSENV0Afj4/?utm_source=ig_embed

သူမဟာ ၂၀၁၆ ခုနှစ်မှာတော့ အင်စတာဂရမ်မှာ ဘလောဂ့်တစ်ခုထောင်ပြီး သူမရဲ့ ပြောင်းလဲပုံ ရလဒ်တွေကို ဝေမျှခဲ့တယ်။ ကြွက်သားတွေ တက်လာတာကြောင့် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ တစ်မျိုးတစ်ဖုံ ထူးခြားနေခဲ့တယ်။ သူမဟာ ဒါနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်တာလည်း မရှိခဲ့ဘူး။

အခုလိုမျိုး ၀ိတ်တွေ တက်လာဖို့ သူမ ကြိုးစားခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့ပြီး သဘာဝအတိုင်းပဲ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ စားသောက်တဲ့ပုံစံနဲ့ ပတ်သက်ပြီးလည်း အဲ့ဒီ့အချိန်တုန်းက သူမက သိပ် ဂရုတစိုက်ကြီးမရှိခဲ့ဘူး။ နားရက်တွေမှာဆိုလည်း အချိုသရေစာတစ်ချို့ကို စားတာပါပဲ။

https://www.instagram.com/p/Bmdu7imgGco/?utm_source=ig_embed

https://www.instagram.com/p/BmLRBLegfn4/?utm_source=ig_embed

စတင် လေ့ကျင့်ခန်းတွေ လုပ်ကတည်းက ကောင်မလေးရဲ့ ၀ိတ်ရဲ့ ၄၅ ပေါင် တက်လာခဲ့တယ်။ ဒါပေမယ့် ထူးခြားတဲ့ ပုံစံနဲ့ ဖြစ်နေပြီး အဲ့ဒါက သူမက ယုံကြည်မှုလည်းတက်လာစေခဲ့တယ်။ ပိုပြီး ကျစ်လျစ်လာတာနဲ့ အမျှ သူမဟာ သူမရဲ့ ခန္ဓာကိုယ်ကို အင်္ကျီအကြီးကြီးတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီ့နောက် သူမကိုယ်သူ သုံးသပ်ပြီး ၀တ်ပုံစားပုံတွေကို ပြောင်းပစ်ခဲ့တယ်။ ဖစ်တင်အကျပ်ဝတ်တဲ့ စတိုင်လ်ဟာလည်း သူမ၀တ်တဲ့အခါမှာ ပိုပြီး ရေပန်းစာသလို ဖြစ်လာခဲ့တယ်။

READ
သေနတ်သမားနဲ့ နပန်းသတ်ပြီး ကျောင်းသားတွေအသက်ကို ကယ်ခဲ့တဲ့ကျောင်းဆရာ

https://www.instagram.com/p/BlVMCZ0AvMz/?utm_source=ig_embed

https://www.instagram.com/p/BdKrSTBgIS8/?utm_source=ig_embed

Herring ရဲ့ ရည်မှန်းချက်က gym ဟာ ခန္ဓာကိုယ်ကို သေးသွယ်အောင်၊ ၀ိတ်ကျအောင် ပြုလုပ်တဲ့နေရာဆိုတဲ့ ပုံသေကားကျဖြစ်နေတဲ့ အတွေးအမြင်တွေကို ချိုးဖျက်ဖို့ဖြစ်တယ်။ ကျန်းမာရေးအတွက်က အဓိကဖြစ်ပြီး ခန္ဓာကိုယ် ဘယ်အချိုးအစားရှိသူမဆို လေ့ကျင့်နိုင်ကြောင်း သက်သေပြချင်တဲ့သူဖြစ်တယ်။

https://www.instagram.com/p/BxZsHuPgVsZ/?utm_source=ig_embed

https://www.instagram.com/p/Bmk__zAAKQ1/?utm_source=ig_embed

အခုဆို Nicole Herring ဟာ ထောင်ပေါင်းများစွာသော လူတွေကို လှုံ့ဆော်မှုပေးနေတဲ့ plus-size မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့ အင်စတာဂရမ် ပေ့ခ်ျမှာလည်း ပရိတ်သတ် ၉၆၀,၀၀၀ ကျော်တောင် ရှိပါတယ်။ သူမဟာ လူတွေ အကြောင်းအရင်း အမျိုးမျိုးနဲ့ အားကစားလုပ်ကြတယ်ဆိုတာကိုလည်း သဘောပေါက်တယ်၊ အဓိကအားဖြင့်တော့ ကျန်းမာတဲ့ ဘ၀နေထိုင်မှုမျိုးကို ပိုင်ဆိုင်ချင်လို့ဆိုတဲ့ ဦးတည်ချက်တွေနဲ့ပဲဖြစ်တယ်။ တခြားသူတွေရဲ့ မျှော်လင့်ချက်သလို ဖြစ်ဖို့ မဟုတ်ဘူးဆိုတာကို လက်တွေ့သက်သေပြနေသူဖြစ်ပါတယ်။

https://www.instagram.com/p/BvJlDkhgW0u/?utm_source=ig_embed

Matthew (ShweMOM)

SHARE