ရိုလာကိုစတာစီးရင်း ပျံလာတဲ့ငှက်နဲ့တိုက်မိခဲ့တဲ့ကောင်မလေး

Twentytwowords "Twitter"

လူတွေမှာ မထင်မှတ်ထားတဲ့ အလွဲအချော်လေးတွေဟာ တစ်ခါတစ်ရံဖြစ်လေ့ဖြစ်ထရှိပါတယ်။အထူးသဖြင့်စိတ်ဖိစီးမှု၊ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့အတွက် အားလက်ရက်တွေလိုအချိန်တွေမှာ စိတ်အပန်းဖြေဖို့ ကစားကွင်းတွေရှိတဲ့ပန်းခြံတွေကို လာရောက်လည်ပတ်တတ်ကြပါတယ်။

အခုလည်း Movie World ပန်းခြံမှာ ရိုလာကိုစတာစီးရင်း ငှက်ဝင်တိုက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ဦးအကြောင်းကတော့ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများနေပါတယ်။

 

သြစတြေးလျနိုင်ငံ၊ကွင်းစလန်ုးပြည်နယ်က Movie World အပန်းဖြေအားကစားပန်းခြံတစ်ခုမှာ ဆယ်ကျော်သက်အရွယ်Paigeဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရိုလာကိုစတာစီးရင်းအရှိန်နဲ့ပျံလာတဲ့ ငှက်တစ်ကောင်ဝင်တိုက်မိခဲ့ပါတယ်။ မျက်နှာကိုသာတည့်တိုက်မိခဲ့ရင်ကောင်မလေးအတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ထိခိုက်သွားစေမယ်ဆိုပေမယ့် ကံကောင်းထောက်မစွာဘဲ လည်ပင်းနားကိုဖြတ်တိုက်မိတာကြောင့် ကောင်မလေးရဲ့ညာဘက်ပုခုံးနားမှာခြစ်ရာအနည်းငယ်သာဖြစ်ခဲ့ပြီး၊ ငှက်မွေးတွေကတော့ကျွတ်ကျန်ခဲ့ပါတယ်။

Newshub / Facebook

ဒါဟာ ကောင်မလေးအတွက် Gold Coastမြို့က Movie Worldပန်းခြံကိုအလည်အပတ်ရောက်ရှိစဉ်အတွင်း အမှတ်တရဖြစ်စေမယ့်အတွေ့အကြုံတစ်ခုကြုံက်ကြိုက်ခဲ့တာလို့ဆိုရမှာပါ။

ဒီအဖြစ်အပျက်ကို ရိုလာကိုစတာရဲ့အစွန်နားမှာတပ်ထားတဲ့ကင်မရာကနေအခုလိုပြန်လည်တွေ့ရှိရတာဖြစ်ပြီး၊ သူမအတွက်တော့ Movie Worldကိုအပျော်ခရီးအလည်ပတ်သွားလာရင်း မမေ့နိုင်တဲ့အဖြစ်အပျက်ကို ကြုံခဲ့တာပါ။

Bin chicken collision

A girl riding a rollercoaster at Movie World on the Gold Coast got an extra fright when an ibis flew into her mid-ride.More on this story: http://7sunrise.link/ETcgoO

Posted by Sunrise on Monday, July 29, 2019

Paigeရဲ့မိခင်ဖြစ်သူက အဲ့ဒီဗီဒီယိုကို Facebookပေါ်တင်လိုက်ချိန်မှာပဲ ပို့စ်အောက်မှာ likes, shareနဲ့ commentပေါင်း ရာနဲ့ချီ ဖြစ်သွားခဲ့ပါတယ်။ ပို့စ်ရဲ့captionကိုတော့ လူကတော့ ပုခုံးနားမှာ အစင်းရာဖြစ်သွားတယ်။ငှက်မွှေးတွေလည်းကျန်ခဲ့ပြီးတော်တော်လည်းလန့်သွားပုံပါပဲ။အဲ့ဒီငှက်ကတော့ ဘယ်လိုနေမလဲမသိဘူးလို့ရေးသားထားခဲ့တာဖြစ်ပါတယ်။

Khaing

READ
အဖြစ်ဆိုးနဲ့ကြုံတွေ့သွားခဲ့ရရှာတဲ့ ဘီကီနီဖြင့်တောင်တက်သူအမျိုးသမီး

Source : Ladbible , Newshub

SHARE