Taylor Swift ရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတစ်ခုကြောင့် ၀မ်းသာခဲ့ရတဲ့ ကောင်မလေး

Twitter- @taylorswift13

ဇူလိုင်လ ၂၄ ရက်နေ့တုန်းက Taylor Swift ဟာ “Folklore” ဆိုတဲ့ music album တစ်ခုလုံးကို အခမဲ့နားထောင်လို့ရအောင် YouTube ပေါ်မှာ တင်ပေးခဲ့ပါတယ်။ ဒီ album ထဲ သီချင်း ၁၆ ပုဒ်ပါဝင်နေပါတယ်။ အခမဲ့နားထောင်လို့ရအောင် တင်ပေးခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး ပုံမှန်ထက်ကိုပိုပြီး ဟိုးလေးတကျော်ဖြစ်သွားပါတော့တယ်။

Twitter- @taylorswift13

 

ဒါကိုတောင် မသိလိုက်တဲ့ကောင်မလေးတစ်ယောက်ရှိနေပါတယ်။

သူမနာမည်ကတော့ Delphine ပါ။ Belgium သူလေးဖြစ်ပြီး အသက်ကတော့ ၁၆ နှစ်ရှိလို့နေပါပြီ။ Taylor Swift ရဲ့ အမာခံပရိတ်သတ်တစ်ဦးဖြစ်ပြီး Taylor Swift ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ်စောင့်ကြည့်နေသူတစ်ဦးပါ။

Twitter- @taylorswift13
Twitter- @taylorswift13

ဒါပေမဲ့ အဲဒီအချိန်တုန်းက Delphine ဟာ camping ထွက်ရမှာဖြစ်ပြီး ၂ ပတ်တောင်ကြာမှာမလို့ အကယ်၍ ဒီကြားထဲများ Taylor Swift ရဲ့သတင်းထူးတစ်ခုခုရှိခဲ့ရင် သူ့ကို tweet လုပ်ထားပေးပါဆိုပြီး သူမရဲ့ Twitter account မှာ တင်ခဲ့ပါတယ်။ အဲဒီနေ့က ဇူလိုင်လ ၁၈ ရက်နေ့ပါ။ Camping ထွက်တဲ့နေရာမှာ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော လုံးဝမရှိတာကြောင့် (၂) ပတ်အတွင်း Folklore ထွက်သွားတာ Delphine ခင်ဗျာ မသိလိုက်ရပါဘူး။

READ
ဘရာကြော်ငြာ ရိုက်ကွင်းတစ်ခုမှာတွေ့ရတဲ့ သင်ဇာဝင့်ကျော်

 

ဇူလိုင်လကုန်ပြန်လာမှပဲ သိသွားခဲ့တာပါ။ တစ်ပတ်လောက်တောင် နောက်ကျနေပြီလေ။ အကြိုက်ဆုံးအဆိုတော်ရဲ့ ထူးထူးခြားခြားပန်းတိုင်ကို နောက်ကျမှ သိလိုက်ရလေခြင်းဆိုပြီး Delphine တစ်ယောက် ကြေကွဲခဲ့ရပါတယ်။ အဲဒီအချိန် သူမရဲ့ tweet တွေဟာလည်း နာမည်ကြီးနေခဲ့ပါပြီ။

 

Delphine ရဲ့အဖြစ်အပျက်ကို Taylor Swift သိသွားတဲ့အချိန်မှာပဲ Delphine ပြန်ရောက်မယ့်နေ့ကို Taylor Swift ကနေပြီး Twitter ပေါ်ကနေ surprise လှမ်းလုပ်ခဲ့ပါတယ်။ “Welcome Home” ဆိုပြီး Delphine ရဲ့ tweet ကို ပြန် retweet လုပ်ခဲ့တာပါ။

READ
ဆန်အိတ် (၂၀)အလှူပေးခဲ့တဲ့ ဘေဘီမောင်နဲ့ သူငယ်ချင်းတစ်စု

ကိုယ်ချစ်ရတဲ့အဆိုတော်က like လေးလုပ်သွားရင်တောင် ပရိတ်သတ်တေခင်ဗျာ ပျော်ရွှင်ရတာကြောင့် အခုလို အိမ်မှကြိုဆိုပါတယ်ဆိုပြီး camping ကအပြန်ကို စောင့်နေသလိုမျိုးလေး ရေးခဲ့တယ်ဆိုတော့ Delphine အတွက် အတိုင်းမသိပါပဲ။

 

penny

SHARE